ဗဟုသုတ

ထမင်းကြမ်း၊ ထမင်းကြော်စားတတ်သူများအတွက် သတိပြုဆင်ခြင်ဖွယ်ရာ သတင်းတစ်ပုဒ်

ထမင်းကြမ်း၊ ထမင်းကြော်စားတတ်သူများအတွက် သတိပြုဆင်ခြင်ဖွယ်ရာ သတင်းတစ်ပုဒ်

ဆန်ဟာ မြန်မာနိုင်ငံရဲ့ အဓိကအစားအစာဖြစ်ပါတယ်။ အာဟာရဓာတ်လည်း ကြွယ်ဝသလို၊ ဓာတ်မတည့်တာမျိုးတွေလည်း တော်တော်ဖြစ်ခဲတဲ့အတွက် အားလုံးအဆင်ပြေပြေစားသုံးနေတဲ့

အစားအစာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်ဟာ အထားအသို၊ စားသောက်ပုံ မှားသွားခဲ့ရင် တော်တော်ဆိုးဆိုးရွားရွား ဒုက္ခပေးနိုင်တယ်ဆိုတာ သိထားဖို့ အရမ်းကိုအရေးကြီးပါတယ်။တစ်ခါတလေ အစားမှားသွားတဲ့အခါမျိုးတွေမှာ

ဟင်းတွေထဲမှာ ဓာတ်မတည့်တာမျိုးရှိနေလို့ လို့ပဲ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာ ဟင်းကြောင့်မဟုတ်ပဲ ထမင်းက ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ဆန်ကို နည်းလမ်းမှန်စွာ မချက်ပြုတ်တဲ့အခါ

အစာအဆိ++ပ်သင့်တတ်ပါတယ်။လွန်ခဲ့သောလက အမေရိကန်နိုင်ငံ Texas ပြည်နယ်က အမျိုးသမီးတစ်ယောက်ဟာ (၈) ရက်တိတိ အရေးပေါ်အနေနဲ့ ဆေးရုံတက်ခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ သူမဟာ

ဘူဖေးဆိုင်က ထမင်းကြော်ကို စားမိလိုက်လို့ပါ။ ထမင်းကြော်ဟာ ကြော်ပြီး အချိန်ကြာတာနဲ့အမျှ အခန်းအပူချိန်ကြောင့် ဘက်တီးရီးယားပိုးမွှားတွေ ဖြစ်ပေါ်လာပြီး အစာအဆိပ်သင့်မှုတွေ ဖြစ်စေခဲ့တာပါ။ ဒါကို Fried Rice Syndrome လို့ခေါ်ပါတယ်။ထမင်းကြမ်းစားတတ်တဲ့

သူတွေအနေနဲ့လည်း ပြန်နွှေးတဲ့အခါမှာ ပူနွေးနေအောင် နွှေးဖို့ လိုအပ်ကြောင်း အထူးသတိပြုရပါမယ်။ ထမင်းကြမ်းပြန်နွှေးပြီး စားတတ်သူတွေမှာလည်း အစာအဆိပ်သင့်မှုတွေ ဖြစ်ပေါ်နိုင်တာကြောင့်ပါ။ ဖြစ်နိုင်ရင်တော့ ထမင်းကျန်တွေကို မစားဘဲနေရင်

အကောင်းဆုံးပါပဲ။ထမင်းကို ရေခဲသေတ္တာထဲမှာ ပူနေတုန်း မထည့်ဘဲ အအေးခံပြီးမှ ထည့်ပါ။ နောက်ပြီး ရေခဲသေတ္တာထဲမှာ တစ်ရက်ထက် ပိုကြာအောင် မထားရပါဘူး။ ထမင်းကို

ပြန်နွှေးတဲ့အခါမှာလည်း ပူနွေးနေအောင် နွှေးရပါမယ်။ နောက်ပြီး ထမင်းကြမ်းတွေကို တစ်ခါထပ်ပိုပြီး လုံးဝပြန်မနွှေးသင့်တော့သလို၊ စားလည်း မစားသင့်တော့ပါဘူး။

Credit:Aunty may

zawgyi

ထမင္းၾကမ္း၊ ထမင္းေၾကာ္စားတတ္သူမ်ားအတြက္ သတိျပဳဆင္ျခင္ဖြယ္ရာ သတင္းတစ္ပုဒ္

ဆန္ဟာ ျမန္မာႏိုင္ငံရဲ႕ အဓိကအစားအစာျဖစ္ပါတယ္။ အာဟာရဓာတ္လည္း ႂကြယ္ဝသလို၊ ဓာတ္မတည့္တာမ်ိဳးေတြလည္း ေတာ္ေတာ္ျဖစ္ခဲတဲ့အတြက္ အားလုံးအဆင္ေျပေျပစားသုံးေနတဲ့

အစားအစာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆန္ဟာ အထားအသို၊ စားေသာက္ပုံ မွားသြားခဲ့ရင္ ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြား ဒုကၡေပးႏိုင္တယ္ဆိုတာ သိထားဖို႔ အရမ္းကိုအေရးႀကီးပါတယ္။တစ္ခါတေလ အစားမွားသြားတဲ့အခါမ်ိဳးေတြမွာ

ဟင္းေတြထဲမွာ ဓာတ္မတည့္တာမ်ိဳးရွိေနလို႔ လို႔ပဲ ထင္တတ္ၾကေပမယ့္ တကယ္တမ္းမွာ ဟင္းေၾကာင့္မဟုတ္ပဲ ထမင္းက ျဖစ္ေနတာမ်ိဳးလည္း ရွိပါတယ္။ ဆန္ကို နည္းလမ္းမွန္စြာ မခ်က္ျပဳတ္တဲ့အခါ

အစာအဆိ++ပ္သင့္တတ္ပါတယ္။လြန္ခဲ့ေသာလက အေမရိကန္ႏိုင္ငံ Texas ျပည္နယ္က အမ်ိဳးသမီးတစ္ေယာက္ဟာ (၈) ရက္တိတိ အေရးေပၚအေနနဲ႔ ေဆး႐ုံတက္ခဲ့ရပါတယ္။ အေၾကာင္းအရင္းကေတာ့ သူမဟာ

ဘူေဖးဆိုင္က ထမင္းေၾကာ္ကို စားမိလိုက္လို႔ပါ။ ထမင္းေၾကာ္ဟာ ေၾကာ္ၿပီး အခ်ိန္ၾကာတာနဲ႔အမွ် အခန္းအပူခ်ိန္ေၾကာင့္ ဘက္တီးရီးယားပိုးမႊားေတြ ျဖစ္ေပၚလာၿပီး အစာအဆိပ္သင့္မႈေတြ ျဖစ္ေစခဲ့တာပါ။ ဒါကို Fried Rice Syndrome လို႔ေခၚပါတယ္။ထမင္းၾကမ္းစားတတ္တဲ့

သူေတြအေနနဲ႔လည္း ျပန္ေႏႊးတဲ့အခါမွာ ပူေႏြးေနေအာင္ ေႏႊးဖို႔ လိုအပ္ေၾကာင္း အထူးသတိျပဳရပါမယ္။ ထမင္းၾကမ္းျပန္ေႏႊးၿပီး စားတတ္သူေတြမွာလည္း အစာအဆိပ္သင့္မႈေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ပါ။ ျဖစ္ႏိုင္ရင္ေတာ့ ထမင္းက်န္ေတြကို မစားဘဲေနရင္

အေကာင္းဆုံးပါပဲ။ထမင္းကို ေရခဲေသတၱာထဲမွာ ပူေနတုန္း မထည့္ဘဲ အေအးခံၿပီးမွ ထည့္ပါ။ ေနာက္ၿပီး ေရခဲေသတၱာထဲမွာ တစ္ရက္ထက္ ပိုၾကာေအာင္ မထားရပါဘူး။ ထမင္းကို

ျပန္ေႏႊးတဲ့အခါမွာလည္း ပူေႏြးေနေအာင္ ေႏႊးရပါမယ္။ ေနာက္ၿပီး ထမင္းၾကမ္းေတြကို တစ္ခါထပ္ပိုၿပီး လုံးဝျပန္မေႏႊးသင့္ေတာ့သလို၊ စားလည္း မစားသင့္ေတာ့ပါဘူး။

Credit:Aunty may