cele

မကြာခင်မှာ သမီးယောင်းမတွေအဖြစ်ဆွေမျိုးတော်ဆပ်ရတော့မယ့် ထက်ထက်ထွန်းနဲ့ခေးဆက်သွင်





Credit

သရုပ်ဆောင် ခေးဆက်သွင်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကိုအံဝင်ခွင်ကျသရုပ်ဆောင်နိုင်သူတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာနာမည်ကြီးသူတစ်ယောက်ပါပဲ။MRTV-4 သရုပ်ဆောင်အဖြစ် လူသိများခဲ့တဲ့ခေးဆက်သွင်ဟာပြီးခဲ့တဲ့နှစ်ပိုင်းမှာတော့ MRTV-4 နဲ့ လက်တွဲဖြုတ်ခဲ့ပြီး သူမတစ်ယောက်တည်း သီးသန့် အနုပညာအလုပ်တွေလုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။

အနုပညာသက်တမ်းတစ်လျှောက်မှာ အချစ်ရေးနဲ့ပတ်သက်ပြီးအမြဲတိတ်တဆိတ်နေတတ်တဲ့ခေးဆက်သွင်ကတော့ ပြီးခဲ့တဲ့ (၂၃) ရက်နေ့ကတော့ သူမရဲ့ချစ်သူက လက်ထပ်ခွင့်တောင်းခဲ့တဲ့အကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ခေးဆက်သွင်ကလည်း ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခဲ့တာကို လက်ခံခဲ့ပြီး မကြာခင်မှာ လက်ထပ်တော့ဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ခေးဆက်သွင်ရဲ့မင်္ဂလာသတင်းအတွက် ပရိသတ်တွေနဲ့ အနုပညာအသိုင်းအဝိုင်းကလူတွေကလည်း ထပ်တူဝမ်းသာခဲ့ကြပြီး အလှမယ်၊ သရုပ်ဆောင် ထက်ထက်ထွန်းကလည်း ခေးဆက်သွင်နဲ့ ဆွေမျိုးတော်ရတော့မှာမို့ ဝမ်းသာနေတာပဲဖြစ်ပါတယ်။

‌ခေးဆက်သွင်ရဲ့ချစ်သူဟာ ထက်ထက်ထွန်းရဲ့ အစ်ကိုတစ်ဝမ်းကွဲဖြစ်တာမို့ ထားထက်ထက်နဲ့ ခေးဆက်သွင်တို့ဟာ ဆွေမျိုးတော်ရတော့မှာပဲဖြစ်ပါတယ်။ ခေးဆက်သွင်နဲ့ ထားထက်ထက်ကတော့ အနုပညာညီအစ်မတွေဆိုပေမယ့် အခုဆိုရင် သမီးယောင်းမဖြစ်ကြတော့မှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်ရဲ့ မင်္ဂလာပွဲသတင်းလေးကို စောင့်မျှော်နားဆင်ပေးကြပါဦးနော်။

Source: Khay Sett Thwin’s fb

Credit