အချစ်ကြီးလို့ အမျက်ကြီးသလို သစ္စာလည်းကြီးတဲ့ အောက်ချင်းငှက်တွေရဲ့အကြောင်း
စာဖတ်သူတို့လည်း အောက်ချင်းငှက်တို့ရဲ့ ချစ်ခြင်းမေတ္တာကြီးမားပုံနဲ့ လေးနက်ပုံတို့ကို ကဗျာတွေ၊ ရုပ်ရှင်တွေနဲ့ သီချင်းတွေထဲမှာ မကြာခဏဆိုသလို ထည့်သွင်းတင်စားလေ့ရှိတာကို တွေ့ကြုံဖူးကြမယ် ထင်ပါတယ်။
အောက်ချင်းငှက်တွေကိုတော့ အာဖရိကတိုက်နဲ့ အာရှတိုက်တို့ရဲ့ သစ်တောတွေမှာ တွေ့နိုင်ပါတယ်။အောက်ချင်းငှက်တွေဟာ အမျိုးအစားပေါင်း ၅၅ မျိုးလောက်အထိ ရှိပါတယ်။
Great hornbill ဆိုတဲ့ အောက်ချင်းငှက်ကို မြန်မာနိုင်ငံထဲမှာဆိုရင် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ တွေ့နိုင်ပါတယ်။Great Hornbill ဆိုတဲ့ မျိုးစိတ်ဟာဆိုရင် အသက်အရှည်ဆုံး နေနိုင်တဲ့မျိုးစိတ်ဖြစ်ပြီး အများဆုံး နှစ်ပေါင်း ၅၀ အထိ အသက်ရှင် နေထိုင်နိုင်ပါတယ်။
အောက်ချင်းငှက်တို့မှာ ထူးခြားတဲ့ နှုတ်သီးတစ်ခုနဲ့ အမြီးတို့ရှိတာကြောင့် ထင်ရှားစွာ ကွဲကွဲပြားပြား မှတ်မိလွယ်ပါတယ်။
နှုတ်သီးက အလွန်ကြီးမားပြီး ရှည်လျားပြီး အဝါရောင် အောက်ခံနှုတ်သီးကြီးပေါ်မှာ အနီရောင် အမောက်ဖုကြီး ရှိပါတယ်။
အမြီးမှာလည်း ရှည်လျားကျယ်ပြန့်တဲ့အပြင် အနက်ရောင် ကန့်လန့်စင်းများ ရှိပါတယ်။ ဦးခေါင်း၊ နောက်ကျော၊ အတောင်နဲ့ ရင်ဘတ်များက အမည်းရောင် ဖြစ်ပြီး၊ ဝမ်းဗိုက်နဲ့ ပေါင်တို့က အဖြူရောင် ဖြစ်တာကြောင့် လှပတဲ့ငှက်အမျိုးအစားလည်း ဖြစ်ပါတယ်။
ငှက်မများရဲ့ မျက်ဝန်းမှာ အဖြူရောင်နဲ့ အပြာရောင်ဖြစ်ပြီး ငှက်ဖိုများကတော့ အနီရောင်ဖြစ်ပါတယ်။မျက်စိတစ်ဝိုက် အရေပြားမှာ မီးခိုးရင့်ရောင်ဖြစ်ပြီး ထူထဲရှည်လျားတဲ့ မျက်တောင်များ ရှိကြတဲ့ ငှက်မျိုးများလည်း ဖြစ်ပါတယ်။ ခြေထောက်တွေကတော့ အစိမ်းရောင် သန်းနေတဲ့ မီးခိုးရောင်ပုံစံမျိုးပါ။
အောက်ချင်း ငှက်ထီးရဲ့ အလျားမှာ ၂၇ လက်မ မှ လက်မ ၃ဝ အထိ ရှိတတ်ပြီး ငှက်မရဲ့ အလျားမှာတော့ ၂၆ လက်မ မှ ၂၇ လက်မ အထိ ရှိပါတယ်။
ပျံသန်းချိန်မှာတော့ အောက်ချင်းငှက်ရဲ့ ရင်ဘတ်နဲ့ အတောင်အဖျားရှိ အဖြူအမှတ်အသားများကို ထင်ရှားစွာမြင်ရပါတယ်။အောက်ချင်းငှက်တွေဟာ စူးရှတဲ့ အသံများနဲ့ ဆူညံစွာ နေထိုင်လေ့ရှိတဲ့ ငှက်မျိုးတွေပါ။
အောက်ချင်းငှက်အများစုဟာ အသီးကိုသာ စားသုံးကြပါတယ်။ ပြီးတော့ သူတို့အတွက် လိုအပ်တဲ့ရေဓာတ်ကိုလည်း အဲဒီအသီးတွေထဲကနေ ရရှိနိုင်ပါတယ်။ တစ်ချို့ကတော့ နှံကောင်၊မြွေ ၊အင်းဆက် စတဲ့ အကောင်အသေးစားလေးတွေကို စားသုံးကြပါတယ်။
အောက်ချင်းငှက်တွေကို သစ္စာကြီးတဲ့ငှက်တွေအဖြစ် အသိများကြပါတယ်။ တစ်ကောင်သေရင် တစ်ကောင်လိုက်သေတဲ့အထိ သစ္စာကြီးတဲ့ ငှက်ကလေးတွေပါ။
ဖိုမ နှစ်ကောင်တွဲ၍ အမြဲ ပျံသန်းလေ့ရှိကြတာကြောင့် ထိုငှက်မျိုးဟာ တစ်ကောင်နဲ့ တစ်ကောင် အလွန်မေတ္တာကြီးကြပါတယ်။
ငှက်မများ သားမွေးတဲ့အခါ ငှက်ဖိုမှာ အနားမှ မခွာဘဲ အစာကျွေး စောင့်ရှောက်လေ့ရှိကြပြီး ငှက်မအသိုက်ပျက်ပြီး အသက်ဘေးနှင့် ကြုံလာပါကလည်း ငှက်ဖိုကပါ လိုက်လံ သေဆုံးလေ့ ရှိကြပါတယ်။
ပျံသန်းစဉ်တွင် ဖိုမ မြည်သံမှာ အလွန်စူးရှပါတယ်။ တောင်ပံခတ်သံဟာလည်း အဝေးမှပင် ကြားနိုင်လောက်အောင် တဝှီးဝှီး ရှိပါတယ်။
သူတို့တွေဟာ တစ်ကောင်နဲ့တစ်ကောင် သံယောဇဉ်တွယ်၊ ချစ်ခင်စုံမက်တယ်ဆိုမှ မိတ်လိုက်တတ်ကြပါတယ်။
နှစ်ကောင် တွဲမိသွားပြီဆိုတာနဲ့ တစ်သက်လုံးအတွက် မခွဲမခွာပါပဲ။ ဆိုလိုတာက ဘဝမှာ တစ်ကောင်ထဲနဲ့ပဲ ချမ်းကျွမ်းဝင်ကြတဲ့ အကောင်လေးတွေပေါ့။
အောက်ချင်းငှက်တွေဟာ အသိုက်ဖွဲ့ပြီး စူးရှတဲ့အသံတွေနဲ့ ဆူဆူညံညံ နေထိုင်တတ်တဲ့ ငှက်တွေဖြစ်ပါတယ်။ အောက်ချင်းဖိုဟာ သူ့ရဲ့ ဇနီး၊ သား၊သမီးတွေရဲ့ စားဝတ်နေရေးကို တာဝန်ယူပေးတတ်ပြီး မိသားစုအပေါ်ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးကြပါတယ်။
ငှက်ကလေးတွေ အရွယ်ရောက်လို့ ကြင်ဖက် ရှာတွေ့သွားပြီဆိုရင်တော့ သီးခြားခွဲထွက်သွားပြီး ကိုယ်ပိုင်အသိုက်ကလေးနဲ့ နေထိုင်တတ်ကြပါတယ်။
သူတို့ဟာ အသိုက်ကို ရွေးတဲ့အခါ စည်းကမ်းတကျ ရွေးလေ့ရှိပါတယ်။ သူတို့အတွက် သင့်၊ မသင့်ကို သေသေချာချာ ကြည့်ပြီးမှ ရွေးချယ်ကြတာပါ။
အောက်ချင်းငှက်တွေဟာကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ထူးခြားတဲ့လက္ခဏာတစ်ခုရှိပါတယ်။ အဲ့တာကတော့ ငှက်ဖိုဟာ ငှက်မကို သူတို့နေထိုင်တဲ့ သစ်ပင်အခေါင်းလေးမှာ နှုတ်သီးတစ်ဝင်စာ အပေါက်ကလေးဖောက်ထားပြီး ကျန်တာကိုသူရှာထားတဲ့ သစ်စေး (ရွှံ့စေး) တွေနဲ့ အကုန်ပိတ်ပစ်လိုက်တာမျိုးပါ။
အဲ့လို ပိတ်တဲ့အခါ သူတို့အမှတ်သင်္ကေတနဲ့ သူတို့ လုပ်ထားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူအစာရှာထွက်နေတဲ့အချိန် ငှက်မကို တစ်ခြားတစ်ကောင်ကောင်က အစာလာကျွေးမှာ စိုးလို့ပါတဲ့။
ဥ ဥတဲ့အခါ နှစ်ဥကနေ သုံးဥအထိ ဥလေ့ရှိပြီး ဥလေးတွေဟာအကောင်ပေါက်လာဖို့အတွက် ၁ လခွဲလောက် အထိ ကြာမြင့်တတ်ပါတယ်။
ငှက်မဟာ ဥ ဥပြီး ငှက်ကလေးတွေအတောင်စုံလို့ ပျံသန်းနိုင်တဲ့အထိ ငှက်ဖိုဟာ ငှက်မ စားသောက်ဖို့အတွက် အစာထွက်ရှာပြီး သူဖောက်ထားတဲ့ အဲဒီအခေါင်းပေါက်လေးကနေပဲ ကျွေးတတ်ပါတယ်။
ရေကိုတော့ သူတို့ရဲ့အမောက်ကလေးတွေမှာ သယ်လာတတ်ကြပါတယ်။ တကယ်လို့များ ငှက်ဖိုအစာသွားရှာပြီးပြန်လာတဲ့အခါ အဲဒီအပေါက်လေးဟာ သူထွက်သွားတုန်းကနဲ့မတူဘဲ နည်းနည်းချို့ယွင်းတာကိုမြင်တာနဲ့ သူ့ဇနီးဟာ သူမရှိတုန်း နောက်တစ်ကောင်နဲ့ဖောက်ပြန်တယ်လို့ သံသယဝင်ပြီး နှုတ်သီးနဲ့ ထိုးသဝာ်တဝာ်ကြပါတယ်။
တကယ့်ကို အချစ်ကြီးတဲ့ တိရစ္ဆာန်မျိုးပါပဲ။ ပြီးတော့ ငှက်မ သေသွားတဲ့အခါ ငှက်ထီးကိုယ်တိုင်ကလည်း အမြင့်ကိုပျံသန်းသွားပြီး ရုတ်တရက် အတောင်ကိုရုပ်ချလိုက်ပြီးတော့ မြေပြင်ပေါ်ကိုဇောက်ထိုးအကျခံပြီး လိုက်သေတတ်ကြပါတယ်။
တကယ်တော့ အဲလိုအခေါင်းမှာ နည်းနည်းချို့ယွင်းသွားတာဟာ သဘာဝတရားကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်လည်း အောက်ချင်းငှက်ဖိုကတော့ သူတို့ဇနီးဟာဖောက်ပြန်တယ်လို့ လွဲမှားသံသယဝင်ပြီး သဝာ်လိုက်တတ်ကြပါတယ်။
ဒါကြောင့် အောက်ချင်းငှက်ဟာ သစ္စာကြီးတာတင် မကပါဘူး၊ သံသယပါ ကြီးတတ်တဲ့အမျိုးပါပဲ။ အချစ်ကြီးလို့အမျက်ကြီးတယ်ဆိုတဲ့ စကားက ဒီအကောင်လေးတွေကိုလည်း ထင်ဟပ်နေလိမ့်မယ် ထင်ပါတယ်။
အခုနောက်ပိုင်းမှာတော့ အောက်ချင်းငှက်တွေဟာ တဖြည်းဖြည်းနဲ့ ရှားပါးလာကြပြီဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ထပ်ပြောရမယ်ဆိုရင် အောက်ချင်းငှက်တွေဟာ ချစ်ခြင်းမေတ္တာနဲ့ သစ္စာအရာမှာ စံထားထိုက်တဲ့ ငှက်မျိုးနွယ် ဖြစ်တဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။
Knight News Team
အခ်စ္ႀကီးလို႔ အမ်က္ႀကီးသလို သစၥာလည္းႀကီးတဲ့ ေအာက္ခ်င္းငွက္ေတြရဲ႕အေၾကာင္း
စာဖတ္သူတို႔လည္း ေအာက္ခ်င္းငွက္တို႔ရဲ႕ ခ်စ္ျခင္းေမတၱာႀကီးမားပုံနဲ႔ ေလးနက္ပုံတို႔ကို ကဗ်ာေတြ၊ ႐ုပ္ရွင္ေတြနဲ႔ သီခ်င္းေတြထဲမွာ မၾကာခဏဆိုသလို ထည့္သြင္းတင္စားေလ့ရွိတာကို ေတြ႕ႀကဳံဖူးၾကမယ္ ထင္ပါတယ္။
ေအာက္ခ်င္းငွက္ေတြကိုေတာ့ အာဖရိကတိုက္နဲ႔ အာရွတိုက္တို႔ရဲ႕ သစ္ေတာေတြမွာ ေတြ႕ႏိုင္ပါတယ္။ေအာက္ခ်င္းငွက္ေတြဟာ အမ်ိဳးအစားေပါင္း ၅၅ မ်ိဳးေလာက္အထိ ရွိပါတယ္။
Great hornbill ဆိုတဲ့ ေအာက္ခ်င္းငွက္ကို ျမန္မာႏိုင္ငံထဲမွာဆိုရင္ ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ေတြမွာ ေတြ႕ႏိုင္ပါတယ္။Great Hornbill ဆိုတဲ့ မ်ိဳးစိတ္ဟာဆိုရင္ အသက္အရွည္ဆုံး ေနႏိုင္တဲ့မ်ိဳးစိတ္ျဖစ္ၿပီး အမ်ားဆုံး ႏွစ္ေပါင္း ၅၀ အထိ အသက္ရွင္ ေနထိုင္ႏိုင္ပါတယ္။
ေအာက္ခ်င္းငွက္တို႔မွာ ထူးျခားတဲ့ ႏႈတ္သီးတစ္ခုနဲ႔ အၿမီးတို႔ရွိတာေၾကာင့္ ထင္ရွားစြာ ကြဲကြဲျပားျပား မွတ္မိလြယ္ပါတယ္။
ႏႈတ္သီးက အလြန္ႀကီးမားၿပီး ရွည္လ်ားၿပီး အဝါေရာင္ ေအာက္ခံႏႈတ္သီးႀကီးေပၚမွာ အနီေရာင္ အေမာက္ဖုႀကီး ရွိပါတယ္။
အၿမီးမွာလည္း ရွည္လ်ားက်ယ္ျပန္႔တဲ့အျပင္ အနက္ေရာင္ ကန္႔လန္႔စင္းမ်ား ရွိပါတယ္။ ဦးေခါင္း၊ ေနာက္ေက်ာ၊ အေတာင္နဲ႔ ရင္ဘတ္မ်ားက အမည္းေရာင္ ျဖစ္ၿပီး၊ ဝမ္းဗိုက္နဲ႔ ေပါင္တို႔က အျဖဴေရာင္ ျဖစ္တာေၾကာင့္ လွပတဲ့ငွက္အမ်ိဳးအစားလည္း ျဖစ္ပါတယ္။
ငွက္မမ်ားရဲ႕ မ်က္ဝန္းမွာ အျဖဴေရာင္နဲ႔ အျပာေရာင္ျဖစ္ၿပီး ငွက္ဖိုမ်ားကေတာ့ အနီေရာင္ျဖစ္ပါတယ္။မ်က္စိတစ္ဝိုက္ အေရျပားမွာ မီးခိုးရင့္ေရာင္ျဖစ္ၿပီး ထူထဲရွည္လ်ားတဲ့ မ်က္ေတာင္မ်ား ရွိၾကတဲ့ ငွက္မ်ိဳးမ်ားလည္း ျဖစ္ပါတယ္။ ေျခေထာက္ေတြကေတာ့ အစိမ္းေရာင္ သန္းေနတဲ့ မီးခိုးေရာင္ပုံစံမ်ိဳးပါ။
ေအာက္ခ်င္း ငွက္ထီးရဲ႕ အလ်ားမွာ ၂၇ လက္မ မွ လက္မ ၃ဝ အထိ ရွိတတ္ၿပီး ငွက္မရဲ႕ အလ်ားမွာေတာ့ ၂၆ လက္မ မွ ၂၇ လက္မ အထိ ရွိပါတယ္။
ပ်ံသန္းခ်ိန္မွာေတာ့ ေအာက္ခ်င္းငွက္ရဲ႕ ရင္ဘတ္နဲ႔ အေတာင္အဖ်ားရွိ အျဖဴအမွတ္အသားမ်ားကို ထင္ရွားစြာျမင္ရပါတယ္။ေအာက္ခ်င္းငွက္ေတြဟာ စူးရွတဲ့ အသံမ်ားနဲ႔ ဆူညံစြာ ေနထိုင္ေလ့ရွိတဲ့ ငွက္မ်ိဳးေတြပါ။
ေအာက္ခ်င္းငွက္အမ်ားစုဟာ အသီးကိုသာ စားသုံးၾကပါတယ္။ ၿပီးေတာ့ သူတို႔အတြက္ လိုအပ္တဲ့ေရဓာတ္ကိုလည္း အဲဒီအသီးေတြထဲကေန ရရွိႏိုင္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ႏွံေကာင္၊ေႁမြ ၊အင္းဆက္ စတဲ့ အေကာင္အေသးစားေလးေတြကို စားသုံးၾကပါတယ္။
ေအာက္ခ်င္းငွက္ေတြကို သစၥာႀကီးတဲ့ငွက္ေတြအျဖစ္ အသိမ်ားၾကပါတယ္။ တစ္ေကာင္ေသရင္ တစ္ေကာင္လိုက္ေသတဲ့အထိ သစၥာႀကီးတဲ့ ငွက္ကေလးေတြပါ။
ဖိုမ ႏွစ္ေကာင္တြဲ၍ အၿမဲ ပ်ံသန္းေလ့ရွိၾကတာေၾကာင့္ ထိုငွက္မ်ိဳးဟာ တစ္ေကာင္နဲ႔ တစ္ေကာင္ အလြန္ေမတၱာႀကီးၾကပါတယ္။
ငွက္မမ်ား သားေမြးတဲ့အခါ ငွက္ဖိုမွာ အနားမွ မခြာဘဲ အစာေကြၽး ေစာင့္ေရွာက္ေလ့ရွိၾကၿပီး ငွက္မအသိုက္ပ်က္ၿပီး အသက္ေဘးႏွင့္ ႀကဳံလာပါကလည္း ငွက္ဖိုကပါ လိုက္လံ ေသဆုံးေလ့ ရွိၾကပါတယ္။
ပ်ံသန္းစဥ္တြင္ ဖိုမ ျမည္သံမွာ အလြန္စူးရွပါတယ္။ ေတာင္ပံခတ္သံဟာလည္း အေဝးမွပင္ ၾကားႏိုင္ေလာက္ေအာင္ တဝွီးဝွီး ရွိပါတယ္။
သူတို႔ေတြဟာ တစ္ေကာင္နဲ႔တစ္ေကာင္ သံေယာဇဥ္တြယ္၊ ခ်စ္ခင္စုံမက္တယ္ဆိုမွ မိတ္လိုက္တတ္ၾကပါတယ္။
ႏွစ္ေကာင္ တြဲမိသြားၿပီဆိုတာနဲ႔ တစ္သက္လုံးအတြက္ မခြဲမခြာပါပဲ။ ဆိုလိုတာက ဘဝမွာ တစ္ေကာင္ထဲနဲ႔ပဲ ခ်မ္းကြၽမ္းဝင္ၾကတဲ့ အေကာင္ေလးေတြေပါ့။
ေအာက္ခ်င္းငွက္ေတြဟာ အသိုက္ဖြဲ႕ၿပီး စူးရွတဲ့အသံေတြနဲ႔ ဆူဆူညံညံ ေနထိုင္တတ္တဲ့ ငွက္ေတြျဖစ္ပါတယ္။ ေအာက္ခ်င္းဖိုဟာ သူ႔ရဲ႕ ဇနီး၊ သား၊သမီးေတြရဲ႕ စားဝတ္ေနေရးကို တာဝန္ယူေပးတတ္ၿပီး မိသားစုအေပၚဂ႐ုတစိုက္နဲ႔ ေစာင့္ေရွာက္ေပးၾကပါတယ္။
ငွက္ကေလးေတြ အ႐ြယ္ေရာက္လို႔ ၾကင္ဖက္ ရွာေတြ႕သြားၿပီဆိုရင္ေတာ့ သီးျခားခြဲထြက္သြားၿပီး ကိုယ္ပိုင္အသိုက္ကေလးနဲ႔ ေနထိုင္တတ္ၾကပါတယ္။
သူတို႔ဟာ အသိုက္ကို ေ႐ြးတဲ့အခါ စည္းကမ္းတက် ေ႐ြးေလ့ရွိပါတယ္။ သူတို႔အတြက္ သင့္၊ မသင့္ကို ေသေသခ်ာခ်ာ ၾကည့္ၿပီးမွ ေ႐ြးခ်ယ္ၾကတာပါ။
ေအာက္ခ်င္းငွက္ေတြဟာကိုယ္ဝန္ေဆာင္တဲ့အခ်ိန္မွာ ထူးျခားတဲ့လကၡဏာတစ္ခုရွိပါတယ္။ အဲ့တာကေတာ့ ငွက္ဖိုဟာ ငွက္မကို သူတို႔ေနထိုင္တဲ့ သစ္ပင္အေခါင္းေလးမွာ ႏႈတ္သီးတစ္ဝင္စာ အေပါက္ကေလးေဖာက္ထားၿပီး က်န္တာကိုသူရွာထားတဲ့ သစ္ေစး (႐ႊံ႕ေစး) ေတြနဲ႔ အကုန္ပိတ္ပစ္လိုက္တာမ်ိဳးပါ။
အဲ့လို ပိတ္တဲ့အခါ သူတို႔အမွတ္သေကၤတနဲ႔ သူတို႔ လုပ္ထားတတ္ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ သူအစာရွာထြက္ေနတဲ့အခ်ိန္ ငွက္မကို တစ္ျခားတစ္ေကာင္ေကာင္က အစာလာေကြၽးမွာ စိုးလို႔ပါတဲ့။
ဥ ဥတဲ့အခါ ႏွစ္ဥကေန သုံးဥအထိ ဥေလ့ရွိၿပီး ဥေလးေတြဟာအေကာင္ေပါက္လာဖို႔အတြက္ ၁ လခြဲေလာက္ အထိ ၾကာျမင့္တတ္ပါတယ္။
ငွက္မဟာ ဥ ဥၿပီး ငွက္ကေလးေတြအေတာင္စုံလို႔ ပ်ံသန္းႏိုင္တဲ့အထိ ငွက္ဖိုဟာ ငွက္မ စားေသာက္ဖို႔အတြက္ အစာထြက္ရွာၿပီး သူေဖာက္ထားတဲ့ အဲဒီအေခါင္းေပါက္ေလးကေနပဲ ေကြၽးတတ္ပါတယ္။
ေရကိုေတာ့ သူတို႔ရဲ႕အေမာက္ကေလးေတြမွာ သယ္လာတတ္ၾကပါတယ္။ တကယ္လို႔မ်ား ငွက္ဖိုအစာသြားရွာၿပီးျပန္လာတဲ့အခါ အဲဒီအေပါက္ေလးဟာ သူထြက္သြားတုန္းကနဲ႔မတူဘဲ နည္းနည္းခ်ိဳ႕ယြင္းတာကိုျမင္တာနဲ႔ သူ႔ဇနီးဟာ သူမရွိတုန္း ေနာက္တစ္ေကာင္နဲ႔ေဖာက္ျပန္တယ္လို႔ သံသယဝင္ၿပီး ႏႈတ္သီးနဲ႔ ထိုးသဝာ္တဝာ္ၾကပါတယ္။
တကယ့္ကို အခ်စ္ႀကီးတဲ့ တိရစာၦန္မ်ိဳးပါပဲ။ ၿပီးေတာ့ ငွက္မ ေသသြားတဲ့အခါ ငွက္ထီးကိုယ္တိုင္ကလည္း အျမင့္ကိုပ်ံသန္းသြားၿပီး ႐ုတ္တရက္ အေတာင္ကို႐ုပ္ခ်လိုက္ၿပီးေတာ့ ေျမျပင္ေပၚကိုေဇာက္ထိုးအက်ခံၿပီး လိုက္ေသတတ္ၾကပါတယ္။
တကယ္ေတာ့ အဲလိုအေခါင္းမွာ နည္းနည္းခ်ိဳ႕ယြင္းသြားတာဟာ သဘာဝတရားေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
ဒါေပမယ့္လည္း ေအာက္ခ်င္းငွက္ဖိုကေတာ့ သူတို႔ဇနီးဟာေဖာက္ျပန္တယ္လို႔ လြဲမွားသံသယဝင္ၿပီး သဝာ္လိုက္တတ္ၾကပါတယ္။
ဒါေၾကာင့္ ေအာက္ခ်င္းငွက္ဟာ သစၥာႀကီးတာတင္ မကပါဘူး၊ သံသယပါ ႀကီးတတ္တဲ့အမ်ိဳးပါပဲ။ အခ်စ္ႀကီးလို႔အမ်က္ႀကီးတယ္ဆိုတဲ့ စကားက ဒီအေကာင္ေလးေတြကိုလည္း ထင္ဟပ္ေနလိမ့္မယ္ ထင္ပါတယ္။
အခုေနာက္ပိုင္းမွာေတာ့ ေအာက္ခ်င္းငွက္ေတြဟာ တျဖည္းျဖည္းနဲ႔ ရွားပါးလာၾကၿပီျဖစ္ပါတယ္။
ေနာက္ဆုံးအေနနဲ႔ ထပ္ေျပာရမယ္ဆိုရင္ ေအာက္ခ်င္းငွက္ေတြဟာ ခ်စ္ျခင္းေမတၱာနဲ႔ သစၥာအရာမွာ စံထားထိုက္တဲ့ ငွက္မ်ိဳးႏြယ္ ျဖစ္တဲ့အတြက္ စိတ္ဝင္စားစရာေကာင္းတဲ့ သတၱဝါေလးေတြပဲ ျဖစ္ပါတယ္။
Knight News Team