(၁၀၀၀) က်ပ္တန္ေလး (၄) ႐ြက္နဲ႔ ဒီလိုလူေတြ တကယ္ရွိေနပါၿပီ၊ ဝိုင္းဝန္းကူညီေပးၾကပါ
မေန႔.. ညေန ၄ နာရီခန႔္က အိမ္မွာေနရတာပ်င္းလာလို႔ ေဆးခန္းအတြက္ ေဆးနည္းနည္းလိုတာရွိလို႔ ကိုယ္တိုင္ထြက္ဝယ္လိုက္တယ္။ (အရင္ကေဆးဝယ္တာဝန္ခံက အမ်ိဳးသမီး သူမရွိေတာ့ခုမွ ကိုယ္တိုင္ဝယ္ရတာ။)
ကိုယ့္အတြက္လိုတဲ့ေဆးေတြယူၿပီး က်သင့္စာရင္းတြက္ေနတုန္း ေဆးဝယ္သူေတြေရာက္လာေတာ့ ဆိုင္ရွင္ကို “ကြၽန္ေတာ္က အားပါတယ္။ ဘာအလုပ္မွမရွိဘူး။ သူတို႔အရင္ေရာင္းလိုက္ပါ” ဆိုၿပီး လာဝယ္သူေတြကို ခပ္လွမ္းလွမ္းက ေငးေနမိပါတယ္။
အဲဒီအခ်ိန္.. မ်က္စိလႊဲလို႔မရတဲ့လူတစ္ေယာက္ ဆိုင္ေရွ႕ေရာက္လာတယ္။ သူ႔ပုံစံက ဗလေကာင္းေကာင္းအသက္ ၃၅-၄၀ ေလာက္လုံျခည္ကို တိုတိုဝတ္ထားတယ္။ သူ႔လက္ႏွင့္ လုံျခည္မွာ ဘိလပ္ေျမ အစအနေတြေတြ႕ေတာ့ ပန္းရံအလုပ္လုပ္တာလို႔ထင္ပါတယ္။
သူ႔ၾကည့္ရတာအလုပ္ျပန္ အိမ္အတြက္ ေဆးလာဝယ္တယ္ထင္ပါရဲ႕။ ကြၽန္ေတာ္ေျပာခ်င္တာခုမွစပါ့မယ္
သူကဆိုင္က ကေလးမေလးကို “ပါရာစီေတမာ တစ္ကပ္ေပးပါ” ဆိုၿပီး ခါးၾကားလုံျခည္ႏွင့္လိပ္ထားတဲ့ တစ္ေထာင္တန္တစ္႐ြက္ေပးၿပီး ေျပာပါတယ္။
ဆိုင္က ခေလးမက တစ္ကဒ္ ၃၀၀၀ လို႔ ေျပာလိုက္ေတာ့ အံၾသထိပ္လန႔္သြားတဲ့ သူ႔မ်က္ႏွာက အေျပာင္းအလဲကို ကြၽန္ေတာ့္တစ္သက္ဘယ္ေတာ့မွ ေမ့ေတာ့မည္မဟုတ္ပါ။
လွမ္းထားတဲ့ သူ႔လက္ကိုျပန္႐ုပ္။ တစ္ဖက္ ခါးပုံၾကားထဲက လိပ္ထားတဲ့ ပိုက္ဆံကို ထုပ္ၾကည့္ေနတယ္။ ကြၽန္ေတာ္မသိမသာ လွမ္းၾကည့္ေနမိတယ္။ အားလုံး.. တစ္ေထာင္တန္ေလး႐ြက္။
ဒါတစ္ေန႔တာ သူ႔လုပ္အားခလားမသိ။ အိမ္ကအမ်ိဳးသမီး ဒါမွမဟုတ္ ကေလးတစ္ေယာက္ေယာက္ဖ်ားလို႔ ပါရာစီတေမာမွာလိုက္လို႔ လာဝယ္တယ္ထင္ပါတယ္။ ပါရာကို တစ္ေထာင္ထား က်န္တာက ဟင္းဘိုးထင္ပါရဲ႕။
တစ္ေထာင္တန္ေလး႐ြက္လက္ထဲကိုင္ၿပီး သူ႔ေခါင္းငုံ႔စဥ္းစားေနတယ္။ ကြၽန္ေတာ္လဲသူ႔ကိုဘယ္လိုေျပာၿပီး ကူညီရမလဲစဥ္းစားေနတယ္။ ခဏေနေတာ့ သူ႔ပါးစပ္ကအသံတိုးတိုးေလးထြက္လာတယ္။ တစ္ကာဒ္ေပးပါတဲ့။
ကြၽန္ေတာ္လည္းအရဲစြန္႔ၿပီး ကူညီဘို႔ ဆုံးျဖတ္လိုက္တယ္။ သူ႔သိကၡာကို ထိခိုက္မွာစိုးတာပါ။ ကြၽန္ေတာ့္ဝယ္ထားတဲ့ေဆးအိပ္ထဲက paracetamol ၂ ကဒ္ယူၿပီး သူ႔ကိုေပးလိုက္တယ္။
“ဒီမယ္ခင္ဗ် ကြၽန္ေတာ္က ဒီေဆးေတြက ကြၽန္ေတာ့္႐ြာကလူေတြကို ေဝဘို႔ လႉဘို႔ ဝယ္ထားတာပါ။ ဒီထဲက ႏွစ္ကဒ္ လႉလိုက္မယ္ေနာ္ဆိုၿပီး ေပးလိုက္ေတာ့ မ်က္ရည္လည္ၿပီး ေက်းဇူးတင္ပါတယ္ဆိုေျပာ.. လက္ကေလးတုန္တုန္နဲ႔ ယူသြားရွာတယ္။
ေဆးဆိုင္ကထြက္ၿပီး ႏွစ္ဆိုင္ေက်ာ္က ကုန္စုံဆိုင္ဝင္ၿပီး ၄၀၀၀ ဘိုးဘာေတြဝယ္သြားတယ္မသိပါဘူး။ ႂကြပ္ႂကြပ္အိပ္ေလး ဆြဲၿပီးထြက္သြားပါေတာ့တယ္။ အဓိကေရးသား ေမတၱာရပ္ခံခ်င္တာကေတာ့ ဆင္းရဲသားေတြအေပၚ ေဆးေတြကိုေတာ့ အဆမတန္ ေဈးမတင္ၾကပါနဲ႔ ။
မွတ္ခ်က္။ ။ဓါတ္ပုံထဲက ၁၀၀၀ တန္ေလး႐ြက္က ကုန္စုံဆိုင္က မိတ္ေဆြကို ေမတၱာရပ္ခံၿပီး လဲလာတာပါ။
(မာန္)
credit
unicode
(၁၀၀၀) ကျပ်တန်လေး (၄) ရွက်နဲ့ ဒီလိုလူတွေ တကယ်ရှိနေပါပြီ၊ ဝိုင်းဝန်းကူညီပေးကြပါ
မနေ့.. ညနေ ၄ နာရီခန့်က အိမ်မှာနေရတာပျင်းလာလို့ ဆေးခန်းအတွက် ဆေးနည်းနည်းလိုတာရှိလို့ ကိုယ်တိုင်ထွက်ဝယ်လိုက်တယ်။ (အရင်ကဆေးဝယ်တာဝန်ခံက အမျိုးသမီး သူမရှိတော့ခုမှ ကိုယ်တိုင်ဝယ်ရတာ။)
ကိုယ့်အတွက်လိုတဲ့ဆေးတွေယူပြီး ကျသင့်စာရင်းတွက်နေတုန်း ဆေးဝယ်သူတွေရောက်လာတော့ ဆိုင်ရှင်ကို “ကျွန်တော်က အားပါတယ်။ ဘာအလုပ်မှမရှိဘူး။ သူတို့အရင်ရောင်းလိုက်ပါ” ဆိုပြီး လာဝယ်သူတွေကို ခပ်လှမ်းလှမ်းက ငေးနေမိပါတယ်။
အဲဒီအချိန်.. မျက်စိလွှဲလို့မရတဲ့လူတစ်ယောက် ဆိုင်ရှေ့ရောက်လာတယ်။ သူ့ပုံစံက ဗလကောင်းကောင်းအသက် ၃၅-၄၀ လောက်လုံခြည်ကို တိုတိုဝတ်ထားတယ်။ သူ့လက်နှင့် လုံခြည်မှာ ဘိလပ်မြေ အစအနတွေတွေ့တော့ ပန်းရံအလုပ်လုပ်တာလို့ထင်ပါတယ်။
သူ့ကြည့်ရတာအလုပ်ပြန် အိမ်အတွက် ဆေးလာဝယ်တယ်ထင်ပါရဲ့။ ကျွန်တော်ပြောချင်တာခုမှစပါ့မယ်။
သူကဆိုင်က ကလေးမလေးကို “ပါရာစီတေမာ တစ်ကပ်ပေးပါ” ဆိုပြီး ခါးကြားလုံခြည်နှင့်လိပ်ထားတဲ့ တစ်ထောင်တန်တစ်ရွက်ပေးပြီး ပြောပါတယ်။
ဆိုင်က ခလေးမက တစ်ကဒ် ၃၀၀၀ လို့ ပြောလိုက်တော့ အံသြထိပ်လန့်သွားတဲ့ သူ့မျက်နှာက အပြောင်းအလဲကို ကျွန်တော့်တစ်သက်ဘယ်တော့မှ မေ့တော့မည်မဟုတ်ပါ။
လှမ်းထားတဲ့ သူ့လက်ကိုပြန်ရုပ်။ တစ်ဖက် ခါးပုံကြားထဲက လိပ်ထားတဲ့ ပိုက်ဆံကို ထုပ်ကြည့်နေတယ်။ ကျွန်တော်မသိမသာ လှမ်းကြည့်နေမိတယ်။ အားလုံး.. တစ်ထောင်တန်လေးရွက်။
ဒါတစ်နေ့တာ သူ့လုပ်အားခလားမသိ။ အိမ်ကအမျိုးသမီး ဒါမှမဟုတ် ကလေးတစ်ယောက်ယောက်ဖျားလို့ ပါရာစီတမောမှာလိုက်လို့ လာဝယ်တယ်ထင်ပါတယ်။ ပါရာကို တစ်ထောင်ထား ကျန်တာက ဟင်းဘိုးထင်ပါရဲ့။
တစ်ထောင်တန်လေးရွက်လက်ထဲကိုင်ပြီး သူ့ခေါင်းငုံ့စဉ်းစားနေတယ်။ ကျွန်တော်လဲသူ့ကိုဘယ်လိုပြောပြီး ကူညီရမလဲစဉ်းစားနေတယ်။ ခဏနေတော့ သူ့ပါးစပ်ကအသံတိုးတိုးလေးထွက်လာတယ်။ တစ်ကာဒ်ပေးပါတဲ့။
ကျွန်တော်လည်းအရဲစွန့်ပြီး ကူညီဘို့ ဆုံးဖြတ်လိုက်တယ်။ သူ့သိက္ခာကို ထိခိုက်မှာစိုးတာပါ။ ကျွန်တော့်ဝယ်ထားတဲ့ဆေးအိပ်ထဲက paracetamol ၂ ကဒ်ယူပြီး သူ့ကိုပေးလိုက်တယ်။
“ဒီမယ်ခင်ဗျ ကျွန်တော်က ဒီဆေးတွေက ကျွန်တော့်ရွာကလူတွေကို ဝေဘို့ လှူဘို့ ဝယ်ထားတာပါ။ ဒီထဲက နှစ်ကဒ် လှူလိုက်မယ်နော်ဆိုပြီး ပေးလိုက်တော့ မျက်ရည်လည်ပြီး ကျေးဇူးတင်ပါတယ်ဆိုပြော.. လက်ကလေးတုန်တုန်နဲ့ ယူသွားရှာတယ်
ဆေးဆိုင်ကထွက်ပြီး နှစ်ဆိုင်ကျော်က ကုန်စုံဆိုင်ဝင်ပြီး ၄၀၀၀ ဘိုးဘာတွေဝယ်သွားတယ်မသိပါဘူး။ ကြွပ်ကြွပ်အိပ်လေး ဆွဲပြီးထွက်သွားပါတော့တယ်။ အဓိကရေးသား မေတ္တာရပ်ခံချင်တာကတော့ ဆင်းရဲသားတွေအပေါ် ဆေးတွေကိုတော့ အဆမတန် ဈေးမတင်ကြပါနဲ့ ။
မှတ်ချက်။ ။ဓါတ်ပုံထဲက ၁၀၀၀ တန်လေးရွက်က ကုန်စုံဆိုင်က မိတ်ဆွေကို မေတ္တာရပ်ခံပြီး လဲလာတာပါ။
(မာန်)
credit



