အေထြအေထြဗဟုသုတ

အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေကို ညှပ်စရာမလိုဘဲ ပြန်ကောင်းလာစေမယ့်နည်း

အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေကို ညှပ်စရာ မလိုဘဲ လုံးဝပြန်ကောင်း လာစေမယ့် နည်းလမ်း (၇) ခု

ဆံကေသာ အလှဟာ မိန်းကလေး တစ်ယောက် အတွက်တော့ အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။

ဆံပင်တွေက ပျက်စီးကြမ်းတမ်းနေ တဲ့အခါ၊ အဖျားနှစ်ခွဖြစ်နေတဲ့ အခါတွေမှာ ဆံပင်လည်း မရှည်နိုင်တော့ သလို ဖွာလန်ပြီး မလှမပဖြစ်စေ ပါတယ်။

ခုဖော်ပြပေးမှာ ကတော့ ပျက်စီးကြမ်းတမ်းပြီး အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေကို ညှပ်စရာမလိုဘဲ ပြန်ကောင်း လာစေမယ့် ဓာတုကင်းနည်းလမ်းလေးတွေ ပဲဖြစ် ပါတယ်။

ဒီနည်းလမ်းလေးတွေကို ခေါင်းလျှော်တိုင်း အသုံးပြုပေး ရမှာဖြစ်ပြီး သုံးပြီးတဲ့အခါ Dryer နဲ့မမှုတ်ဘဲ သဘာဝ အတိုင်း အခြောက် ခံပေးပါ။

(၁) အုန်းနို့

အုန်းနို့ အနှစ်ကို ယူပြီး ဆံပင်အရင်းကနေ အဖျားအထိ ရွှဲနေအောင်လိမ်းကာ ဦးရေပြားကို နှိပ်နယ်ပေး လိုက်ပါ။ ပြီးရင်တော့ Shower cap နဲ့ အုပ်ပြီး ၂နာရီကြာအောင် နှပ်ထားလိုက်ပါ

။ ပြီးရင်တော့ ခေါင်းလျှော်ရည် အပျော့စားလေးနဲ့ ဆေးကြောပေး လိုက်ရုံ ပါပဲ။

(၂) ကြက်ဆူဆီ

ကြက်ဆူဆီကို အုန်းဆီနဲ့ရောပြီး ဆံပင်အရင်း ကနေ အဖျားအထိ လိမ်းပေးလိုက်ပါ။ Shower cap နဲ့ အုပ်ပြီး ၂နာရီကြာအောင် နှပ်ထားလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ ဆေးကြောပေး လိုက်ရုံ ပါပဲ။

(၃) ပျားရည်

ပျားရည်၊ နွားနို့၊ အုန်းနို့တို့ကို ဆတူရောစပ်ပြီး ဆံပင်အရင်းကနေ အဖျားအထိ လိမ်းပေးကာ ၂နာရီခန့် နှပ်ထား လိုက်ပါ။ ခေါင်းအဆီပြန် တတ်တဲ့ သူဆိုရင်တော့ ဦးရေပြားကို မလိမ်းဘဲ အဖျားတွေ ကိုပဲ လိမ်းပေး လိုက်ပါ။ ပြီးရင်တော့ သုံးနေကျခေါင်းလျှော်ရည်လေးနဲ့ လျှော်ပေး လိုက်ရုံ ပါပဲ။

(၄) ကြက်သွန်နီရည်

ကြက်သွန်နီကို ထောင်းပြီး အရည်ညှစ်ပါ။ ရလာတဲ့ ကြက်သွန်ရည် ၂ဆ၊ အုန်းဆီ ၁ဆ၊ သံလွင်ဆီ ၁ဆ ရောစပ်ပေး လိုက်ပါ။

ရလာတဲ့ အရည်ကို ဦးရေပြားနဲ့ ဆံပင် အနှံလိမ်းပြီး တစ်နာရီခန့် နှပ်ထား လိုက်ပါ။ ပြီးရင်တော့ သုံးနေကျ ခေါင်းလျှော်ရည်လေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ။

(၅) ရှားစောင်းလက်ပပ်အနှစ်

ရှားစောင်းအနှစ် ၄ ဇွန်း၊ သံပုရာရည် ၂ဇွန်းတို့ကို သေသေချာချာ ရောမွှေ လိုက်ပါ။ ရလာတဲ့အနှစ်ကို ဆံပင်မှာ လိမ်းပြီး တစ်နာရီလောက် နှပ်ကာ ဆေးကြောပေး လိုက်ပါ။

(၆၁) ငှက်ပျောသီး

ငှက်ပျောသီးမှည့် တစ်လုံးကို ချေပြီး ရလာတဲ့ အနှစ်ကို ကြိုက်နှစ်သက်ရာ ဆီတစ်ဇွန်းရောပေးလိုက်ပါ။ ရလာတဲ့ အနှစ်ကို ဆံပင်မှာ လိမ်းပြီး တစ်နာရီခန့် နှပ် ထားလိုက် ပါ။ ပြီးရင်တော့ သုံးနေကျခေါင်းလျှော်ရည်လေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ။

(၇) သံပုယိုရည်

ရေ တစ်လီတာ (ရေသန့်ဘူးကြီးတစ်ဘူး) ထဲကို သံပုယိုစိတ် ညှစ်ထည့်ပြီး သေသေချာချာ ခလောက်လိုက်ပါ။

ခေါင်းလျှော်ပြီး လို့ ရေနဲ့ဆေး အပြီးမှာ ရလာတဲ့ အရည်ကို နောက်ဆုံးမှာ တစ်ခေါင်းလုံး ပြန်လောင် းလိုက်ပါ။ ပြီးရင်တော့ တဘက်လေးနဲ့ ခြောက်အောင် ညင်ညင်သာသာလေး သုတ်ပေး လိုက်ရုံပါပဲ။

အထက်ပါ နည်းလေးတွေကို လက်တွေ့အသုံးချကြည့် လိုက်ရင် ပျိုမေတိုရဲ့ ဆံကေသာလေးတွေ အဖျားနှစ်ခွ ပျောက်ပြီး ပြန်လည် လှပသန်စွမ်းလ ာမှာပါနော်။

Credit

zawgyi





(၁) အုန်းနို့


(၂) ကြက်ဆူဆီ


(၃) ပျားရည်


(၄) ကြက်သွန်နီရည်




(၆၁) ငှက်ပျောသီး


(၇) သံပုယိုရည်



Credit