အေထြအေထြဗဟုသုတ

“လူတိုင်း သိထားသင့်တဲ့ လင်မယား ဥပဒေ အကြောင်း သိကောင်းစရာများ”

လင်မယား အဆက်အသွယ် အထောက်အပံ့မရှိလဲ တရားဝင်မကွာ ရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ

လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့မရှိရင်သော်၎င်း နောက်အိမ်ထောင်ပြု ရင်သော်၎င်း

မယား၏ ကိုယ်စိတ်နှစ်ပါးဆင်းရဲစေရန် နေ့စဉ်နဲ့အမျှနှိပ်စက်နေရင်သော်၎င်း မယားအား

လက်ရောက်မှု့တစ်ကြိမ်ကျူ းလွန်ယုံမျှဖြင့်၎င်း (မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်)

ကျိူ းကြောင်းဆီလျော်မှု့မရှိသောအကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် /ပြန်ပေါင်းရန် မကြိုုးစားလျင်၎င်း

အိမ်ထောင်ရေး ဖောက်ပြန်ရင်သော် ၎င်း

(လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့်တောင်းနိုင်ပါသည်)

လင်မယားအရာမြောက်ဖို့ လက်ထပ်စာချူ ပ်လုပ်ရန်/မင်္ဂလာဆွမ်း ကျွေး/မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာ

လင်မယားလို အထင်အရှားပေါင်းသင်းနေထိုင်ယုံနဲ့တရားဝင်လင်မယားအရာမြောက်ပါသည်

ရပ်/ကျေးရုံး /ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာခူ ပ်) မဟုတ်သော စာချူ ပ်လက်မှတ်ရေးထိုး ကွာရှင်းခြင်းသည်

ဥပဒေအရ တရားမဝင်သော်လည်း သက်သေအဖြစ်တင်ပြခွင့်ရှိသည်

သတင်းစာထဲတွင် တဖက်သတ်ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်းများသည် ကာယကံရှင်နှင့် ၎င်းတို့ပတ်ဝန်းကျင် သိစေရန်မျှသာ ဖြစ်ပြီး ဥပဒေအရ တရားမဝင်ပါ…

viber /messanger/voice record စတာတွေနဲ့အိမ်ထောင်ရေးဖောက်ပြန်ကြောင်း သက်သေတွေဟာ

သက်သေခံတင်ပြခွင့်ရှိပေမယ့် ခိုင်မာမှု့မရှိတဲ့အပြင် တဖက်မှ ချေပဖို့အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ်

active ဖြစ်တဲ့ video file သာလျင် မိမိဖက်ကအသာစီးရနိုင်မယ့်သက်သေဖြစ်သည်

ကွာရှင်းပြီးသော လင်မယားတို့သည် ပြန်လည်ပေါင်းသင်းပါက…လူသိ/နတ်ကြားပေါင်းသင်းရမှာဖြစ်ပြီး

ဆိတ်ကွယ်ရာအရပ်များတွင်အလျဉ်းသင့်သလို ဆက်ဆံယုံမျှဖြင့် ယခင်ကွာရှင်းထားသောစာချူ ပ်အား အလိုအလျောက်မပျက်ပြယ်နိုင်ပါ

(အချုူ ပ်အားဖြင့်)

မြန်မာ့ထုံးတမ်းအရ မြန်မာ/ဗုဒ္ဓဘာသာဝင်များသည် လင်မယားကွာရှင်း ထြင်းကိစ္စများ၌ စာချူ ပ်/စာတမ်းမလို

ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု စီရင်ထုံးများစွာမှာ ဖော်ပြထားသော်လည်း

စီရင်ထုံးဆိုသည်ကား ပြဌာန်းဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာဖြစ်လာပါက နစ်နာမှု့များစွာကြုံ တွေ့ရမှာဖြစ်၏

တလင်တမယားစနစ်ကျင့်သုံးရေး ဥပဒေဟူသော (ငရဲ ဥပဒေ) တည်မြဲနေစဉ်အတွင်းကွာရှင်းမည်ဆိုပါက တရားရုံးများတွင်သာ စိတ်အချရဆုံးဖြစ်၏

လင်မယား အတူမနေ/ မထောက်ပံ့/ အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာရင် အလိုအလျောက်ပြတ်ဆဲပါသလဲ

ဟူသောအများစုသိချင်သည့်မေးခွန်းအား ၎င်းလင်မယား ၂ ယောက်ထဲမှ တစ်ယောက်ယောက် (တမလွန် ခရီး) နှင်မှသာ အလိုလိုပျက်ဆဲမှာဖြစ်ပါကြောင်း …

Credit – နန်းထိုက်တော်ဝင် ပန်းသဇင်

zawgyi,

လင္မယား အဆက္အသြယ္ အေထာက္အပံ့မရွိလဲ တရားဝင္မကြာ ရွင္းေသးသ၍ လင္မယားအရာ မပ်က္ယြင္းပါ

လင္ျဖစ္သူ ေနအိမ္မွစြန႔္ခြာၿပီး ၃ ႏွစ္တိုင္ေအာင္ အဆက္အသြယ္ အေထာက္အပံ့မရွိရင္ေသာ္၎ ေနာက္အိမ္ေထာင္ျပဳ ရင္ေသာ္၎

မယား၏ ကိုယ္စိတ္ႏွစ္ပါးဆင္းရဲေစရန္ ေန႔စဥ္နဲ႔အမွ်ႏွိပ္စက္ေနရင္ေသာ္၎ မယားအား

လက္ေရာက္မႈ႕တစ္ႀကိမ္က်ဴ းလြန္ယုံမွ်ျဖင့္၎ (မယားမွ တရား႐ုံးမွာ ကြာရွင္းခြင့္ ေလွ်ာက္ထားႏိုင္ပါသည္)

က်ိဴ းေၾကာင္းဆီေလ်ာ္မႈ႕မရွိေသာအေၾကာင္းျပခ်က္နဲ႔ မယားသည္ ေနအိမ္မွစြန႔္ခြာကာ ၁ ႏွစ္တိုင္ အဆက္အသြယ္မလုပ္ /ျပန္ေပါင္းရန္ မႀကိဳုးစားလ်င္၎

အိမ္ေထာင္ေရး ေဖာက္ျပန္ရင္ေသာ္ ၎

(လင္ျဖစ္သူဖက္မွ တရား႐ုံးတြင္ ကြာရွင္းခြင့္ေတာင္းႏိုင္ပါသည္)

လင္မယားအရာေျမာက္ဖို႔ လက္ထပ္စာခ်ဴ ပ္လုပ္ရန္/မဂၤလာဆြမ္း ေကြၽး/မဂၤလာေဆာင္က်င္းပ စတာေတြမလိုဘဲ ပတ္ဝန္းက်င္မွာ

လင္မယားလို အထင္အရွားေပါင္းသင္းေနထိုင္ယုံနဲ႔တရားဝင္လင္မယားအရာေျမာက္ပါသည္

ရပ္/ေက်း႐ုံး /ေရွ႕ေန စသူတို႔ေရွ႕၌ (ကြာရွင္းျခင္းကတိစာခူ ပ္) မဟုတ္ေသာ စာခ်ဴ ပ္လက္မွတ္ေရးထိုး ကြာရွင္းျခင္းသည္

ဥပေဒအရ တရားမဝင္ေသာ္လည္း သက္ေသအျဖစ္တင္ျပခြင့္ရွိသည္

သတင္းစာထဲတြင္ တဖက္သတ္ကြာရွင္းျပတ္စဲေၾကာင္း ေၾကျငာျခင္းမ်ားသည္ ကာယကံရွင္ႏွင့္ ၎တို႔ပတ္ဝန္းက်င္ သိေစရန္မွ်သာ ျဖစ္ၿပီး ဥပေဒအရ တရားမဝင္ပါ…

viber /messanger/voice record စတာေတြနဲ႔အိမ္ေထာင္ေရးေဖာက္ျပန္ေၾကာင္း သက္ေသေတြဟာ

သက္ေသခံတင္ျပခြင့္ရွိေပမယ့္ ခိုင္မာမႈ႕မရွိတဲ့အျပင္ တဖက္မွ ေခ်ပဖို႔အခြင့္အလမ္းမ်ားစြာ ရွိေနတာကို ဂ႐ုျပဳရပါမယ္

active ျဖစ္တဲ့ video file သာလ်င္ မိမိဖက္ကအသာစီးရႏိုင္မယ့္သက္ေသျဖစ္သည္

ကြာရွင္းၿပီးေသာ လင္မယားတို႔သည္ ျပန္လည္ေပါင္းသင္းပါက…လူသိ/နတ္ၾကားေပါင္းသင္းရမွာျဖစ္ၿပီး

ဆိတ္ကြယ္ရာအရပ္မ်ားတြင္အလ်ဥ္းသင့္သလို ဆက္ဆံယုံမွ်ျဖင့္ ယခင္ကြာရွင္းထားေသာစာခ်ဴ ပ္အား အလိုအေလ်ာက္မပ်က္ျပယ္ႏိုင္ပါ

(အခ်ဳူ ပ္အားျဖင့္)

ျမန္မာ့ထုံးတမ္းအရ ျမန္မာ/ဗုဒၶဘာသာဝင္မ်ားသည္ လင္မယားကြာရွင္း ၾထင္းကိစၥမ်ား၌ စာခ်ဴ ပ္/စာတမ္းမလို

ကာယကံရွင္ ၂ ဦး၏ လြတ္လပ္ေသာ ဆႏၵသာအဓိကဟု စီရင္ထုံးမ်ားစြာမွာ ေဖာ္ျပထားေသာ္လည္း

စီရင္ထုံးဆိုသည္ကား ျပဌာန္းဥပေဒ မဟုတ္သည့္အတြက္ အျငင္းပြားစရာျဖစ္လာပါက နစ္နာမႈ႕မ်ားစြာႀကဳံ ေတြ႕ရမွာျဖစ္၏

တလင္တမယားစနစ္က်င့္သုံးေရး ဥပေဒဟူေသာ (ငရဲ ဥပေဒ) တည္ၿမဲေနစဥ္အတြင္းကြာရွင္းမည္ဆိုပါက တရား႐ုံးမ်ားတြင္သာ စိတ္အခ်ရဆုံးျဖစ္၏

လင္မယား အတူမေန/ မေထာက္ပံ့/ အဆက္အသြယ္မလုပ္ပါက ႏွစ္ဘယ္ေလာက္ၾကာရင္ အလိုအေလ်ာက္ျပတ္ဆဲပါသလဲ

ဟူေသာအမ်ားစုသိခ်င္သည့္ေမးခြန္းအား ၎လင္မယား ၂ ေယာက္ထဲမွ တစ္ေယာက္ေယာက္ (တမလြန္ ခရီး) ႏွင္မွသာ အလိုလိုပ်က္ဆဲမွာျဖစ္ပါေၾကာင္း …

Credit – နန္းထိုက္ေတာ္ဝင္ ပန္းသဇင္