ၾကားသိရသမွ်

လားရိႈးၿမိဳ႕တြင္ ေရကစားရာမွ ကံဆိုးမႈနဲ႕ႀကံဳခဲ့ရတဲ့ ကိုရင္ေလးရဲ႕ စိတ္မေကာင္းစရာအျဖစ္

လားရႈိးၿမိဳ႕နယ္ နမ့္က်န္ဆည္တြင္ ေရကစားရာမွေရနစ္ေသဆုံးသြားသည့္ ကိုရင္တစ္ပါး၏႐ုပ္အေလာင္းအားျပန္လည္ဆယ္ယူရရွိ

ရွမ္းျပည္နယ္၊လားရႈိးၿမိဳ႕နယ္၊နမ့္က်န္ေက်း႐ြာရွိ နမ့္က်န္ဆည္တြင္ စက္တင္ဘာ ၉ ရက္ညေန ၄ နာရီေက်ာ္ခန္႔က အသက္(၁၁)ႏွစ္အ႐ြယ္ခန္႔ရွိ ကိုရင္တစ္ပါး ေရကစားရာမွ ေရနစ္ေပ်ာက္ဆုံးသြားခဲ့သည္။

ထို႔ေၾကာင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊လူမႈကူညီေရးအသင္းမ်ားက ေရနစ္ေပ်ာက္ဆုံးသြားသည့္ ကိုရင္ေလးအားေတြ႕ရွိရန္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔ ျပဳလုပ္ခဲ့ေသာ္လည္း ျပန္လည္ေတြ႕ရွိျခင္းမရွိခဲ့သျဖင့္ စက္တင္ဘာ ၁၀ ရက္(ယေန႔)တြင္ဆက္ လက္ရွာေဖြခဲ့ၾကရာ

ေန႔လည္ ၁ နာရီ ၁၅ မိနစ္၌ ေရနစ္ေပ်ာက္ဆုံးသြားသည့္ ကိုရင္ေလး၏႐ုပ္အေလာင္းအား ျပန္လည္ေတြ႕ရွိခဲ့ရသည္။

“မေန႔ကျဖစ္စဥ္ကိုသိတဲ့အခ်ိန္ကစၿပီး ရွာေဖြေရးလုပ္ခဲ့တယ္ မေတြ႕ခဲ့ဘူး ဒီမနက္ပိုင္းမွာလည္း ရွာခဲ့တယ္ ေရငုတ္ၿပီးေတာ့လည္းရွာတယ္

ဒါ့ေၾကာင့္ ေန႔လည္ပိုင္းမွာျပန္ေတြ႕ခဲ့ပါတယ္”ဟု ရွာေဖြေရးလုပ္ငန္းမ်ားျပဳလုပ္ခဲ့ၾကသည့္ လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

ထိုသို႔ ျပန္လည္ေတြ႕ရွိခဲ့ရသျဖင့္ ကိုရင္ေလး၏႐ုပ္အေလာင္းအား ရဲတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္းကားျဖင့္

လားရႈိးၿမိဳ႕ျပည္သူ႔ေဆး႐ုံရင္ခြဲ႐ုံသို႔ PR-007 ျဖင့္ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

Photo-လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္း

unicode

လားရှိုးမြို့တွင် ရေကစားရာမှ ကံဆိုးမှုနဲ့ကြုံခဲ့ရတဲ့ ကိုရင်လေးရဲ့ စိတ်မကောင်းစရာအဖြစ်

လားရှိုးမြို့နယ် နမ့်ကျန်ဆည်တွင် ရေကစားရာမှရေနစ်သေဆုံးသွားသည့် ကိုရင်တစ်ပါး၏ရုပ်အလောင်းအားပြန်လည်ဆယ်ယူရရှိ

ရှမ်းပြည်နယ်၊လားရှိုးမြို့နယ်၊နမ့်ကျန်ကျေးရွာရှိ နမ့်ကျန်ဆည်တွင် စက်တင်ဘာ ၉ ရက်ညနေ ၄ နာရီကျော်ခန့်က အသက်(၁၁)နှစ်အရွယ်ခန့်ရှိ ကိုရင်တစ်ပါး ရေကစားရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့သည်။

ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက ရေနစ်ပျောက်ဆုံးသွားသည့် ကိုရင်လေးအားတွေ့ရှိရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်ခဲ့သော်လည်း ပြန်လည်တွေ့ရှိခြင်းမရှိခဲ့သဖြင့် စက်တင်ဘာ ၁၀ ရက်(ယနေ့)တွင်ဆက် လက်ရှာဖွေခဲ့ကြရာ

နေ့လည် ၁ နာရီ ၁၅ မိနစ်၌ ရေနစ်ပျောက်ဆုံးသွားသည့် ကိုရင်လေး၏ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ရသည်။

“မနေ့ကဖြစ်စဉ်ကိုသိတဲ့အချိန်ကစပြီး ရှာဖွေရေးလုပ်ခဲ့တယ် မတွေ့ခဲ့ဘူး ဒီမနက်ပိုင်းမှာလည်း ရှာခဲ့တယ် ရေငုတ်ပြီးတော့လည်းရှာတယ်

ဒါ့ကြောင့် နေ့လည်ပိုင်းမှာပြန်တွေ့ခဲ့ပါတယ်”ဟု ရှာဖွေရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ကိုရင်လေး၏ရုပ်အလောင်းအား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် လားရှိုးလူငယ်များလူမှုကူညီရေးအသင်းကားဖြင့်

လားရှိုးမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ PR-007 ဖြင့်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-လားရှိုးလူငယ်များလူမှုကူညီရေးအသင်း