12.September.2022 တစ္ေန႔တာလမ္းညႊန္ခ်က္၊ေဆာင္ရန္ေရွာင္ရန္ သိစရာမ်ားႏွင့္ ၇ရက္သားသမီး ေဟာစာ တမ္း အက်ဥ္း
ဒီေန႔ဟာ ျမန္မာသကၠရာဇ္ ၁၃၈၄ခုႏွစ္၊ ေတာ္သလင္းလဆုတ္(၃)ရက္၊ တနလၤာေန႔ ျဖစ္ပါတယ္။
ခရစ္ႏွစ္ ၂၀၂၂ခုႏွစ္၊စက္တင္ဘာလ(၁၂)ရက္ေန႔လဲ ျဖစ္ပါတယ္။
ဒိေန႔နံနက္(၀၅း၁၀)နာရီမွာ အ႐ုဏ္တတ္ပါတယ္။ ေနထြက္ခ်ိန္နံနက္(၀၅း၅၈)နာရီျဖစ္ၿပီး ၊ ညေန(၆း၁၂)နာရီမွာ ေနဝင္ပါတယ္။
ဒီေန႔မွာ ေဆာင္သင့္တဲ့လာဘ္ေနအရပ္က အေနာက္အရပ္ ျဖစ္ပါတယ္။ ေရွာင္သင့္တဲ့ နတ္ေနအရပ္က အေရွ႕အရပ္ ျဖစ္ပါတယ္။ စန္းပြင့္ရာအရပ္က ေျမာက္အရပ္ ျဖစ္ပါတယ္။
ဒီေန႔ေမြး ရင္ေသြးငယ္မ်ားဟာ အဓိပတိဖြား၊ မိန္စန္း၊ သိဟ္ရာသီဖြားျဖစ္ပါသည္။ဒီေန႔ေမြးသူမ်ားဟာ ေပ်ာ္ေပ်ာ္ေန တတ္ၾကသူေတြျဖစ္ပါတယ္။ ဟဒယဉာဏ္ရွိၿပီးေတာ့ လူေတြကိုေပ်ာ္ေအာင္လုပ္ေပးၾကသူေတြျဖစ္ပါတယ္။
ေငြေၾကးစီး ပြားအရွာေကာင္းၾကသူေတြျဖစ္ပါတယ္။က်န္းမာေရးအားေကာင္းၿပီးေတာ့ ေတာ႐ုံဖ်ားနာတာမ်ိဳးမရွိတဲ့သူေတြျဖစ္ပါ တယ္။ အသက္ ၂၄ေက်ာ္တာနဲ႔ကိုယ့္ေျခေထာက္ေပၚရပ္တည္နိုင္ၿပီးေတာ့ အေအာင္ျမင္ဆုံးဘဝကိုမိမိအစြမ္းအစနဲ႔ တည္ေဆာက္နိုင္မဲ့သူျဖစ္ပါတယ္။
ဒီေန႔အတြက္ ရာဟုကာလအေမွာင္ခ်ိန္ေတြကေတာ့ နံနက္(၀၇◌း၂၅) နာရီမွ နံနက္(၈း၅၈)နာရီအတြင္း က်ေရာက္ ေနပါတယ္။ ဒီအခ်ိန္ကာလအတြင္းမွာ မဂၤလာအခါေပးတာေတြ၊ ေငြေပးေငြယူကိစၥေတြ၊ ကတိကဝတ္ျပဳတာေတြ၊ စာခ်ဳပ္ခ်ဳပ္ဆို တာေတြ၊ ရင္ေသြးငယ္ ခြဲစိတ္ေမြးဖြားတာကအစ ဒီကာလအတြင္းမွာ ေရွာင္နိုင္ရင္ အထူးေကာင္းပါ တယ္။
ဒီေန႔မွာ ကံေကာင္းေသာေန႔သားမ်ား တနလၤာ၊ ဗုဒၶဟူး၊ ၾကာသပေတး၊ ေသာၾကာ သားသမီးမ်ားပဲျဖစ္ပါတယ္။
ကံညံ့ေသာ ေန႔သားမ်ားကေတာ့ တနဂၤေႏြ၊ ရာဟု သားသမီးမ်ားပဲျဖစ္ပါတယ္။
ကံသင့္ေသာေန႔သားမ်ားကေတာ့ အဂၤါ၊ စေန သားသမီးမ်ားပဲျဖစ္ပါတယ္။
ဒီေန႔မွာ ပန္းေရာင္၊အနီေရာင္ မ်ားမ်ားပါေသာ အဝတ္အစားအသုံးအေဆာင္ပစၥည္းေတြကို အထူး အေလး ထား ဝတ္ဆင္သုံးစြဲျခင္းျဖင့္ ကံၾကမၼာရဲ့ အေထာက္အပံ့ေကာင္းေတြကို ရရွိခံစားနိုင္ပါလိမ့္မည္။
ဒီေန႔မွာ၇ရက္သားသမီးမ်ားအားလုံးအတြက္ အထူးအက်ိဳးေပးမယ့္ Lucky Number ေတြကေတာ့ (၃၊၇၊၉)ဂဏန္း ေတြပဲ ျဖစ္ပါတယ္။
ဒီေန႔မွာအေရးႀကီးကိစၥေတြရွိလို႔ သြားေရာက္၊ေျပာဆို၊လုပ္ကိုင္ေဆာင္ရြက္ရမယ္ဆိုရင္ေတာ့ဆီးယိုစားၿပီး သြားပါ။ပိုမို အဆင္ ေျပလြယ္ကူေခ်ာေမြ႕ပါလိမ့္မယ္။
အညံ့အဆိုးေတြ ေျပေပ်ာက္ၿပီး ေကာင္းက်ိဳးေတြရရွိေစမယ့္ ယၾတာကေတာ့ ဒိန္ခ်ဥ္ ဘုရားကပ္လႉၿပီး လိုရာ ဆု ေတာင္းပါ။ ဒီေလာက္ဆိုေတြးဆ ဆင္ျခင္ နိုင္မယ္လို႔ ယူဆပါတယ္။ ၇ရက္သားသမီးမ်ားအားလုံး ေကာင္းေသာ လိုအင္ ဆႏၵေတြျပည့္ဝၾကပါေစ။
၇ရက္သားသမီးအတြက္ တစ္ေန႔တာေဟာစာတမ္းအက်ဥ္း
တနဂၤေႏြ
အၾကပ္အတည္းအခက္အခဲေတြရင္ဆိုင္ၾကဳံေတြ႕ရတတ္ ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီး အထူး ဂ႐ုစိုက္ရတတ္ ပါတယ္။ ေငြအလိမ္ခံရတတ္ပါတယ္။အလုပ္ေတြက ေရွ႕တိုးရခက္၊ေနာက္ဆုတ္ ရခက္အေနအထားမ်ိဳးေတြၾကဳံရ တတ္ပါတယ္။
တတ္နိုင္သမၽွဘာလုပ္လုပ္ခ်င့္ခ်ိန္စဥ္း စားၿပီးမွ လုပ္ကိုင္ေဆာင္ ရြက္လိုက္ပါ။ ညီအကိုေမာင္ႏွမေတြနဲ႔ စိတ္ဝမ္းကြဲစရာကိစၥမ်ိဳးေတြေပၚလာတတ္ပါတယ္။ အလုပ္စီးပြားေတြ မွာေတာ့ ကုန္သြယ္စီးပြားႏွင့္ လက္ကား လုပ္ငန္းႀကီးမ်ား အခက္အခဲမ်ားနိုင္ပါတယ္။ အားနာ တတ္တဲ့စိတ္ ရွိသူဆိုရင္ေတာ့ ဒီေန႔မွာဒုကၡေရာက္တတ္ပါတယ္။
တနလၤာ
လန္းဆန္းတတ္ႂကြေနပါလိမ့္မယ္။ ဘာလုပ္လုပ္စိတ္ပါလက္ ပါလုပ္ကိုင္ေနမိတတ္ပါတယ္။ လူအမ်ားနဲ႔လဲ လိုက္ေလ်ာ ညီေထြလုပ္ကိုင္ဆက္ဆံနိုင္တာေၾကာင့္ပဲ ဒီေန႔မွာအလုပ္ ေတြပိုမိုတိုးတတ္ေစပါလိမ့္မယ္။
ဆက္ သြယ္ေရးနဲ႔ပတ္သက္ ေသာအလုပ္မ်ား၊ ၾကားခံေဆာင္ရြက္ေပးရတဲ့ အက်ိဳး ေဆာင္အလုပ္၊ ပြဲစားအလုပ္မ်ား အဆင္ေျပတတ္ပါတယ္။ အိမ္ ျပဳျပင္ျခင္းမ်ား၊ အခန္းဖြဲ႕ျခင္းမ်ား ေဆာင္ရြက္လို႔သင့္ ပါတယ္။
အထက္ လူႀကီးကိုေျပာခ်င္တဲ့စကားေတြတင္ ၿပ ေတာင္းဆိုလို႔ေကာင္းပါတယ္။ ဒီေန႔မွာအားနည္းခ်က္တစ္ ခုကက်န္းမာ ေရးပါ။ ေရာဂါေဝဒနာတစ္ခုခံစားရရင္ေတာ့ မေပါ့သင့္ပါဘူး။
အဂၤါ
လိုအပ္ခ်က္ေတြမ်ားေနတတ္ပါတယ္။ အဘက္ဘက္ကမိမိ ဆႏၵေတြျပည့္ဝဖို႔မလြယ္ပါဘူး။ ဆႏၵေတြခ်ိဳးႏွိ မ္ၿပီးေတာ့ လုပ္သင့္တာေတြကိုလဲအထူးဦးစားေပးလိုက္ပါ။ က်န္းမာ ေရးကေတာ့ ဒီေန႔မွာစိုးရိမ္စရာ ေတြရွိေနတတ္ပါတယ္။
လိုအပ္သည္ထက္ပိုၿပီးေတာ့လဲ အလုပ္ေတြမ်ားေနတတ္ ပါတယ္။ ၿခံထဲမွာရွိတဲ့သစ္ပင္ ေတြခုတ္တာ၊လွဲတာမလုပ္ မိပါေစနဲ႔။ ကံညံ့သြားတတ္ပါတယ္။ ခရီးနဲ႔ပတ္သက္ၿပီး ေတာ့လဲ မစီစဥ္ဘဲခရီး သြားရတတ္ပါတယ္။
ကတိလြယ္လြယ္ မေပးမိပါေစနဲ႔။ ကတိေပးမိရင္ တည္ဖို႔ခဲယဥ္းတဲ့ ေန႔ရက္မို႔ပါ ပဲ။ ေနရာေျပာင္း၊အလုပ္ေျပာင္း၊ ႐ုံးခန္းေျပာင္းဆိုတာ မ်ိဳးေတြလဲ ေတြ႕ရတတ္ပါတယ္။
ဗုဒၶဟူး၊ရာဟု
အလုပ္နဲ႔ပတ္သက္ၿပီးေတာ့လဲ ေကာင္းေသာအက်ိဳးဆက္ ေတြကိုရလာတတ္ပါတယ္။ အလုပ္အကိုင္ အခြင့္အ လမ္းေတြ၊ အခ်ိတ္အဆက္ေတြရလြယ္ပါတယ္။ သတိထားရမဲ့ အခ်က္ကေတာ့ဘာလုပ္လုပ္မေလာပါနဲ႔။ အခ်ိန္ယူပါ။ အခ်ိန္ေပးပါ။
ဒီေန႔မွာခ်က္ခ်င္းထလုပ္အဆင္ေျပတာထက္ ျပႆနာတတ္တာကပိုမ်ားနိုင္လို႔ပါပဲ။ အလုပ္ေတြကို ေကာင္းစြာ ႀကိဳးစားအားထုတ္နိုင္ပါလိမ့္မယ္။ ဒီေန႔မွာ စိတ္ရွည္သည္းခံစိတ္ရွိေလတိုး တတ္ ေအာင္ျမင္ေလပါ ပဲ။
ဖခင္၊ဦးႀကီးဘႀကီးေတြ အိမ္မွာရွိရင္ထိုသူေတြရဲ့က်န္းမာ ေရးအတြက္ ပူပန္ရတတ္ ပါတယ္။အမ်ားပိုင္ေငြမ်ားလက္ထဲ ထားျခင္းမ်ိဳးေရွာင္ေစခ်င္ပါတယ္။
ၾကာသပေတး
စီးပြားေရးကိစၥမ်ား၊ ေပါင္းသင္ဆက္ဆံေရးကိစၥမ်ားအ ဆင္ေျပအားသာခ်က္ရွိပါတယ္။ မိတ္ေဆြေကာင္းေတြ ထပ္တိုး လာ တတ္ပါတယ္။ ရပ္ေဝးကအလုပ္ေတာ္ေတာ္မ်ား မ်ားအဆင္ေျပေနပါလိမ့္မယ္။
အမ်ားနဲ႔မတူတဲ့ စိတ္ကူးသစ္၊ နည္းလမ္း သစ္ေတြနဲ႔ ေဖာက္သည္ေတြကိုစြမ္းေဆာင္ နိုင္ပါလိမ့္မယ္။လုပ္ငန္းရွင္မ်ား တကယ္ေတာ္တဲ့ဝန္ထမ္းေတြ ကိုတတ္နိုင္တာတစ္ခုခု ခ်ီးျမႇင့္ေပးတတ္ဖို႔လိုပါတယ္။
မိသားစုအတြင္း သတင္းေကာင္း ေတြၾကားရတတ္ပါတယ္။ ေငြ ရွာလို႔ေကာင္းေပမဲ့ ေငြစုေဆာင္းရေတာ့ ခက္ခဲ တတ္ပါတယ္။ က်န္းမာ ေရးအတြက္စိတ္ပူစရာမလိုေသးတဲ့ ေန႔ရက္ ပါပဲ။
ေသာၾကာ
ဆရာေကာင္းေတြ၊ ပညာရွင္ေတြနဲ႔ေဝးကြာရတတ္ပါ တယ္။ မိမိခ်စ္ရတဲ့အထက္လူႀကီး အေျပာင္း အေရႊ႕ေတြၾကဳံေနရ တတ္ပါတယ္။ အလုပ္ပို၊ကိစၥပိုေတြကိုလဲ တတ္နိုင္ သမၽွေလၽွာ့ခ်ထားသင့္ပါတယ္။ အေတြးေတြ ၊အျမင္ေတြကို ေျပာင္းလဲျဖစ္ဖို႔လိုပါတယ္။
လမ္းေဟာင္းမလိုက္သင့္တဲ့ ေန႔ပါ။ဘာသာေရး အတြက္ မွတ္မွတ္ရရအခ်ိန္ေပးၿပီး လုပ္ေစ ခ်င္ပါတယ္။ ေငြကဘယ္ေလာက္ဝင္ဝင္အဖတ္မတင္ ထြက္သြားတတ္ပါတယ္။ အေပ်ာ္အပါးအတြက္အခ်ိန္ မေပး မိေအာင္ထိန္းပါ။ အစားေလာဘႀကီးတာေၾကာင့္ ဗိုက္ထဲ၊ရင္ထဲမွာ မအီမသာျ ဖစ္သလိုခံစားရတတ္ပါတယ္။
စေန
အရာရာဦးေဆာင္လုပ္ကိုင္ေပးေနရတတ္ပါတယ္။ ဘာသာ ေရး၊ကုသိုလ္ေရးအလုပ္ေတြမွာလဲ တတ္အားသ၍ ဉာဏ္ အား၊ကို ယ္အားနဲ႔ကူညီေပးေနရတတ္ပါတယ္။ တတ္သိ ထားတဲ့ ပညာေတြကို မိမိဉာဏ္နဲ႔ ခ်ဲထြင္နား လည္မဲ့ေန႔ရက္ ပါပဲ။
စက္ကားဝယ္တာ၊အလဲအထပ္လုပ္တာမ်ိဳးေတြလဲ ဒီေန႔မွာေဆာင္ရြက္နိုင္ပါတယ္။ နိုင္ငံျခားသြားဖို႔ကိစၥေတြ အဆင္ေျပတာ မ်ားပါလိမ့္မယ္။ ေျဖးေျဖးမွန္မွန္နဲ႔ စိတ္ရွည္ ေလအဆင္ေျပေလပါပဲ။
အႏုစိပ္လုပ္ရတဲ့အလုပ္ေတြက ပိုမိုအဆင္ေျပတတ္ပါတယ္။ ေငြရွာရတာလြယ္ကူသလို ေငြေၾကးလဲစုေဆာင္းနိုင္ ပါလိမ့္မယ္။ ထီဝါသနာပါသူမ်ား ထီကံစမ္းျခင္းမ်ားျပဳလုပ္သင့္တဲ့ေန႔ရက္ပါပဲ။ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)
12.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ရရက်သားသမီး ဟောစာ တမ်း အကျဉ်း
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒိနေ့နံနက်(၀၅း၁၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၅း၅၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ မိန်စန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ပျော်ပျော်နေ တတ်ကြသူတွေဖြစ်ပါတယ်။ ဟဒယဉာဏ်ရှိပြီးတော့ လူတွေကိုပျော်အောင်လုပ်ပေးကြသူတွေဖြစ်ပါတယ်။
ငွေကြေးစီး ပွားအရှာကောင်းကြသူတွေဖြစ်ပါတယ်။ကျန်းမာရေးအားကောင်းပြီးတော့ တောရုံဖျားနာတာမျိုးမရှိတဲ့သူတွေဖြစ်ပါ တယ်။ အသက် ၂၄ကျော်တာနဲ့ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်ပြီးတော့ အအောင်မြင်ဆုံးဘဝကိုမိမိအစွမ်းအစနဲ့ တည်ဆောက်နိုင်မဲ့သူဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၇◌း၂၅) နာရီမှ နံနက်(၈း၅၈)နာရီအတွင်း ကျရောက် နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ ပန်းရောင်၊အနီရောင် များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာရရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊၇၊၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဆီးယိုစားပြီး သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒိန်ချဉ် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ရရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
ရရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
အကြပ်အတည်းအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရတတ် ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အထူး ဂရုစိုက်ရတတ် ပါတယ်။ ငွေအလိမ်ခံရတတ်ပါတယ်။အလုပ်တွေက ရှေ့တိုးရခက်၊နောက်ဆုတ် ရခက်အနေအထားမျိုးတွေကြုံရ တတ်ပါတယ်။
တတ်နိုင်သမျှဘာလုပ်လုပ်ချင့်ချိန်စဉ်း စားပြီးမှ လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။ ညီအကိုမောင်နှမတွေနဲ့ စိတ်ဝမ်းကွဲစရာကိစ္စမျိုးတွေပေါ်လာတတ်ပါတယ်။ အလုပ်စီးပွားတွေ မှာတော့ ကုန်သွယ်စီးပွားနှင့် လက်ကား လုပ်ငန်းကြီးများ အခက်အခဲများနိုင်ပါတယ်။ အားနာ တတ်တဲ့စိတ် ရှိသူဆိုရင်တော့ ဒီနေ့မှာဒုက္ခရောက်တတ်ပါတယ်။
တနင်္လာ
လန်းဆန်းတတ်ကြွနေပါလိမ့်မယ်။ ဘာလုပ်လုပ်စိတ်ပါလက် ပါလုပ်ကိုင်နေမိတတ်ပါတယ်။ လူအများနဲ့လဲ လိုက်လျော ညီထွေလုပ်ကိုင်ဆက်ဆံနိုင်တာကြောင့်ပဲ ဒီနေ့မှာအလုပ် တွေပိုမိုတိုးတတ်စေပါလိမ့်မယ်။
ဆက် သွယ်ရေးနဲ့ပတ်သက် သောအလုပ်များ၊ ကြားခံဆောင်ရွက်ပေးရတဲ့ အကျိုး ဆောင်အလုပ်၊ ပွဲစားအလုပ်များ အဆင်ပြေတတ်ပါတယ်။ အိမ် ပြုပြင်ခြင်းများ၊ အခန်းဖွဲ့ခြင်းများ ဆောင်ရွက်လို့သင့် ပါတယ်။
အထက် လူကြီးကိုပြောချင်တဲ့စကားတွေတင် ပြ တောင်းဆိုလို့ကောင်းပါတယ်။ ဒီနေ့မှာအားနည်းချက်တစ် ခုကကျန်းမာ ရေးပါ။ ရောဂါဝေဒနာတစ်ခုခံစားရရင်တော့ မပေါ့သင့်ပါဘူး။
အင်္ဂါ
လိုအပ်ချက်တွေများနေတတ်ပါတယ်။ အဘက်ဘက်ကမိမိ ဆန္ဒတွေပြည့်ဝဖို့မလွယ်ပါဘူး။ ဆန္ဒတွေချိုးနှိ မ်ပြီးတော့ လုပ်သင့်တာတွေကိုလဲအထူးဦးစားပေးလိုက်ပါ။ ကျန်းမာ ရေးကတော့ ဒီနေ့မှာစိုးရိမ်စရာ တွေရှိနေတတ်ပါတယ်။
လိုအပ်သည်ထက်ပိုပြီးတော့လဲ အလုပ်တွေများနေတတ် ပါတယ်။ ခြံထဲမှာရှိတဲ့သစ်ပင် တွေခုတ်တာ၊လှဲတာမလုပ် မိပါစေနဲ့။ ကံညံ့သွားတတ်ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး တော့လဲ မစီစဉ်ဘဲခရီး သွားရတတ်ပါတယ်။
ကတိလွယ်လွယ် မပေးမိပါစေနဲ့။ ကတိပေးမိရင် တည်ဖို့ခဲယဉ်းတဲ့ နေ့ရက်မို့ပါ ပဲ။ နေရာပြောင်း၊အလုပ်ပြောင်း၊ ရုံးခန်းပြောင်းဆိုတာ မျိုးတွေလဲ တွေ့ရတတ်ပါတယ်။
ဗုဒ္ဓဟူး၊ရာဟု
အလုပ်နဲ့ပတ်သက်ပြီးတော့လဲ ကောင်းသောအကျိုးဆက် တွေကိုရလာတတ်ပါတယ်။ အလုပ်အကိုင် အခွင့်အ လမ်းတွေ၊ အချိတ်အဆက်တွေရလွယ်ပါတယ်။ သတိထားရမဲ့ အချက်ကတော့ဘာလုပ်လုပ်မလောပါနဲ့။ အချိန်ယူပါ။ အချိန်ပေးပါ။
ဒီနေ့မှာချက်ချင်းထလုပ်အဆင်ပြေတာထက် ပြဿနာတတ်တာကပိုများနိုင်လို့ပါပဲ။ အလုပ်တွေကို ကောင်းစွာ ကြိုးစားအားထုတ်နိုင်ပါလိမ့်မယ်။ ဒီနေ့မှာ စိတ်ရှည်သည်းခံစိတ်ရှိလေတိုး တတ် အောင်မြင်လေပါ ပဲ။
ဖခင်၊ဦးကြီးဘကြီးတွေ အိမ်မှာရှိရင်ထိုသူတွေရဲ့ကျန်းမာ ရေးအတွက် ပူပန်ရတတ် ပါတယ်။အများပိုင်ငွေများလက်ထဲ ထားခြင်းမျိုးရှောင်စေချင်ပါတယ်။
ကြာသပတေး
စီးပွားရေးကိစ္စများ၊ ပေါင်းသင်ဆက်ဆံရေးကိစ္စများအ ဆင်ပြေအားသာချက်ရှိပါတယ်။ မိတ်ဆွေကောင်းတွေ ထပ်တိုး လာ တတ်ပါတယ်။ ရပ်ဝေးကအလုပ်တော်တော်များ များအဆင်ပြေနေပါလိမ့်မယ်။
အများနဲ့မတူတဲ့ စိတ်ကူးသစ်၊ နည်းလမ်း သစ်တွေနဲ့ ဖောက်သည်တွေကိုစွမ်းဆောင် နိုင်ပါလိမ့်မယ်။လုပ်ငန်းရှင်များ တကယ်တော်တဲ့ဝန်ထမ်းတွေ ကိုတတ်နိုင်တာတစ်ခုခု ချီးမြှင့်ပေးတတ်ဖို့လိုပါတယ်။
မိသားစုအတွင်း သတင်းကောင်း တွေကြားရတတ်ပါတယ်။ ငွေ ရှာလို့ကောင်းပေမဲ့ ငွေစုဆောင်းရတော့ ခက်ခဲ တတ်ပါတယ်။ ကျန်းမာ ရေးအတွက်စိတ်ပူစရာမလိုသေးတဲ့ နေ့ရက် ပါပဲ။
သောကြာ
ဆရာကောင်းတွေ၊ ပညာရှင်တွေနဲ့ဝေးကွာရတတ်ပါ တယ်။ မိမိချစ်ရတဲ့အထက်လူကြီး အပြောင်း အရွှေ့တွေကြုံနေရ တတ်ပါတယ်။ အလုပ်ပို၊ကိစ္စပိုတွေကိုလဲ တတ်နိုင် သမျှလျှော့ချထားသင့်ပါတယ်။ အတွေးတွေ ၊အမြင်တွေကို ပြောင်းလဲဖြစ်ဖို့လိုပါတယ်။
လမ်းဟောင်းမလိုက်သင့်တဲ့ နေ့ပါ။ဘာသာရေး အတွက် မှတ်မှတ်ရရအချိန်ပေးပြီး လုပ်စေ ချင်ပါတယ်။ ငွေကဘယ်လောက်ဝင်ဝင်အဖတ်မတင် ထွက်သွားတတ်ပါတယ်။ အပျော်အပါးအတွက်အချိန် မပေး မိအောင်ထိန်းပါ။ အစားလောဘကြီးတာကြောင့် ဗိုက်ထဲ၊ရင်ထဲမှာ မအီမသာြ ဖစ်သလိုခံစားရတတ်ပါတယ်။
စနေ
အရာရာဦးဆောင်လုပ်ကိုင်ပေးနေရတတ်ပါတယ်။ ဘာသာ ရေး၊ကုသိုလ်ရေးအလုပ်တွေမှာလဲ တတ်အားသ၍ ဉာဏ် အား၊ကို ယ်အားနဲ့ကူညီပေးနေရတတ်ပါတယ်။ တတ်သိ ထားတဲ့ ပညာတွေကို မိမိဉာဏ်နဲ့ ချဲထွင်နား လည်မဲ့နေ့ရက် ပါပဲ။
စက်ကားဝယ်တာ၊အလဲအထပ်လုပ်တာမျိုးတွေလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံခြားသွားဖို့ကိစ္စတွေ အဆင်ပြေတာ များပါလိမ့်မယ်။ ဖြေးဖြေးမှန်မှန်နဲ့ စိတ်ရှည် လေအဆင်ပြေလေပါပဲ။
အနုစိပ်လုပ်ရတဲ့အလုပ်တွေက ပိုမိုအဆင်ပြေတတ်ပါတယ်။ ငွေရှာရတာလွယ်ကူသလို ငွေကြေးလဲစုဆောင်းနိုင် ပါလိမ့်မယ်။ ထီဝါသနာပါသူများ ထီကံစမ်းခြင်းများပြုလုပ်သင့်တဲ့နေ့ရက်ပါပဲ။ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)



