ဗဟုသုတ

ဘရုစ်လီ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရတဲ့အဓိကအကြောင်းအရင်း

ဘရုစ်လီ ဘာကြောင့် သေဆုံးခဲ့တာလဲ???

ဘရုစ်လီဟာ အမေရိကန်မှာမွေးတဲ့ဟောင်ကောင်လူမျိုး ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ သိုင်းပညာရှင်နဲ့ အတွေးအခေါ် ပညာရှင်ဖြစ်ပါတယ်။

သူ့ကို ၁၉၄၀ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အရင်းကတော့ Lee Jun-fan 李振藩 ဖြစ်ပါတယ်။

ဘရုစ်လီဟာ ဟောင်ကောင်ရော အမေရိကန် နိုင်ငံသားပါ ဖြစ်ပါတယ်။ Dual-citizenship ရထားသူပါ။

သူဟာ ဂျစ်ကွမ်ဒို ဆိုတဲ့သိုင်းကို တီထွင်သူလည်း ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှာ ဟောင်ကောင်နိုင်ငံ Kowloon Tong မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၃၂ နှစ်သာရှိပါသေးတယ်။

သူ့သေဆုံးမှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အခုထိ ရှိနေဆဲပါ။ တချို့က သူနဲ့ သူ့မိသားစုအပေါ် Triads လို့ ခေါ်တဲ့ ရာဇဝတ်ဂိုဏ်းရဲ့ လက်ချက်ကြောင့်လို့ ဆိုပါတယ်။

တချို့ကလည်း လျှို့ဝှက် ဆန်းကြယ် ကိစ္စရပ်တွေ၊ ကျိန်စာတွေနဲ့ ဆက်စပ်ပြီး ယူဆတာတွေ ရှိပါတယ်။

တချို့ကလည်း လူသတ်မှုလို့ ပြောကြပါတယ်။ ဆရာဝန်ရဲ့ ရင်ခွဲစစ်ဆေးတဲ့ မှတ်တမ်းအရတော့ ဦးနှောက် ရုတ်တရက် ရောင်ရမ်းခြင်း (Acute cerebral edema) လို့ သိရပါတယ်။

အဲဒီလို ဖြစ်ရခြင်းက Equagesic လို့ခေါ်တဲ့ ဘိန်းအနွယ်ဝင် အပြင်းစား အကိုက်အခဲ ပျောက်ဆေး တစ်မျိုးကြောင့် ဖြစ်ရတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

လာမယ့် သြဂုတ်လ ၂၅ ရက်မှာ ဘရုစ်လီရဲ့ ဘဝ တစ်စိတ်တစ်ပိုင်း အကြောင်း ဖြစ်ရပ်မှန် တချို့နဲ့ ပေါင်းစပ်ပြီး ရိုက်ကူးထားတဲ့ Birth of the Dragon ဇာတ်ကားလည်း ထွက်လာတော့မှာပါ။

အောက်ပါပုံကတော့ ဘရုစ်လီနဲ့ သူ့ဆရာ IP Man တို့ တွဲရိုက်ထားတဲ့ ရှားပါး မှတ်တမ်းဓာတ်ပုံ ဖြစ်ပါတယ်။

Credit MUNA

Unicode