ဗဟုသုတ



























မေတ္တာ ဖြင့်

မေမေထိုက်

============

Unicode,

တရုတ်စကားပွင့်ရည်ကို လက်ဖက်ခြောက်ရည်လို သောက်မယ်ဆိုရင်..

တရုတ်စကားပွင့်ရည်ကို လက်ဖက်ခြောက်ရည်လို သောက်မယ်ဆိုရင် ရနိုင်မဲ့မယုံနိုင်ဖွယ်ရာ အကျိုးကျေးဇူး

စ ကားပွင့် ပန်းကို သုပ်စား ကြော်စားကြတာများပါတယ် အပွင့်ခြောက်ကို နေပူလှန်းပြီး သောက်ကြည့်ပါနော်…

ဘာတွေကောင်းလဲ ပြောပြမယ် ကျမတော့ နေ့တိုင်းသောက်နေပြီမို့ မသိတဲ့သူတွေ ကို မျှဝေချင်ပါတယ်

တရုတ်စကားပွင့်ရည်ကို လက်ဖက်ခြောက်ရည်လို သောက်မယ်ဆိုရင် ရနိုင်မဲ့အကျိုးလေးတွေကို ကြည့်လိုက်ကြရအောင်နော်

မွေးရနံနဲ့တင် လူကို ဆွဲဆောင်နေပါပြီ အနံ့က လန်းဆန်းလို့ အိပ်မပျော်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်

တရုတ်စကားပွင့်ရည်က လည်ချောင်းတွေ ခြောက်သွေ့ပြီး ချောင်းခြောက်ဆိုးတဲ့အခါ လည်ချောင်းနာတဲ့အခါ သောက်ပေးရင်

သလိပ်ပျော်စေလို့ အမြန်သက်သာနိုင်ပါတယ်

ကိုယ်ပူကျစေတယ် မကြာခဏ နာစေးနေတဲ့သူတွေအတွက် အပွင့်ခြောက်ကို လက်ဖက်ရည်လိုသောက်သုံးခြင်းဖြင့်

လူမမာကို ပြန်လည် ကျန်းမာနိုင်စေပါတယ်

အပူကန်တဲ့အခါရော ချွေးထုတ်ဆေး အဖြစ်ရော သောက်ပေးရင် ချွေးနဲ့ဆိုးကို သက်သာစေလို့ အနံမွေးတဲ့ချွေးအဖြစ်

ပြောင်းနိုင်အောင် စွမ်းပါတယ် ကိုယ်ထဲက အဆိပ်တွေကို ဝမ်းနဲ့အတူပါအောင်လည်း ကူညီသေးတယ်တဲ့

မကုန်သေးဘူး အကျိုးများလိုက်တာ မထင်ထားနိုင်အောင် ကောင်းမွန်တော့ ချက်ခြင်းပဲ သောက်လိုက်ပြီ အိမ်မှာ စိုက်ထားတယ်လေ

ရေငတ်ပြေစေ ပါတယ် အစာချေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ် အတွက် လိုအပ်တဲ့အဟာရကို စုတ်ယူမှုအားကောင်းအောင်

ကူညီစေတဲ့အပြင် အစာအိမ်ထဲက လေတွေထုတ်ပေးလို့ အမြဲလန်းဆန်းစေပါတယ်

နှလုံသွေးကြောကျဉ်းရောဂါမဖြစ်အောင် ကာကွယ်နိုင် သလို သွေးထဲက သကြားဓာတ်ကိုပါ လျော့ချပေးတဲ့ တရုတ်စကားပွင့်ပါ

ဦးနှောက်အာရုံကြောတွေကို ကြည်လင်လန်းဆန်းစေပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်

အပွင့်တင်မဟုတ်ဘူး ခြေလက်ကိုက်ခဲတဲ့အခါ အရွက်ကို ကင်ပြီး အုံထားရင် ကိုက်ခဲတာတွေ လည်း သက်သာပါတယ် တဲ့လေ

ကိုယ်ခန္ဓာကို ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား တစ်ချို့ ကြီးထွားမှုကို နှောင့်နှေးစေအောင် ကူညီတော့ အမြဲ ကျန်းမာအောင် သောက် သင့်ပါတယ်နော်

ထင်ထားတာထက် အသုံးဝင်ပုံကို သိခွင့်ရအောင် နာဝါ ခနား ကို အထူးကျေးဇူးတင်ပါတယ်

တစ်ကယ်တော့ ကိုယ့်အနီးအနားမှာရှိနေတဲ့ ဘာတွေ ဘယ်လို အသုံးဝင်ကြောင်း သိခွင့်ရ ခဲ့ရင် လိုအပ်တဲ့အခါ အလွယ်တကူ

သုံးလို့ ရနိုင်ရင် ပို ပြီး အဆင်ပြေတာပေါ့နော်

ဆိုးကျိုးကို မတွေ့ရလို့ နေ့တိုင်း ပွင့်ရင် သောက်ကြဖို့ အကြံပြုလိုပါတယ်ရှင့်

အားလုံးကျန်းမာ ချမ်းသာလို့ရောဂါကင်းပါစေ

အကျိုးရှိတာလေးတွေကို မျှဝေခွင့် အတွက် အရာရာကို ကျေးဇူးတင်လျက်ပါ

မေတ္တာ ဖြင့်

မေမေထိုက်