ဗဟုသုတ

ပုရစ္ေၾကာ္ အရမ္းႀကိဳက္တဲ့သူေတြ ဝင္သာ ဖတ္ၾကည့္ပါေတာ့ဗ်ာ…

ပုရစ်ကြော် အရမ်းကြိုက်တဲ့ သူတွေ ဝင်သာ ဖတ်ကြည့်ပါတော့ဗျာငါမသိဘဲ စားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ငရဲကြီးရှစ်ထပ်မှာနာကျင်မှုဝေဒနာ ငရဲဘုံဆိုတာ ရှိပါတယ်။

သူတို့ ခံစားနေရတဲ့ ဝဋ်ဒုက္ခတွေဟာ လက်ရှိလူတွေ စားနေတဲ့ ပုရစ်တွေရဲ့ ဘဝနဲ့ ဆင်တူပါတယ်။ပုရစ်ကြော်ကိုကျွန်တော်လည်း အရင်က အရမ်း ကြိုက်ခဲ့ပါတယ်။ နယ်ပြန်တော့ ကြော်ပုံကြော်နည်းအဆင့်ဆင့်တွေကို သိလိုက်ရပြီး နောက်ပိုင်း လုံးဝမစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

အရမ်း စားကောင်းတယ်၊ အရမ်း လတ်ဆတ်တယ်ဆိုတာ ညှင်းပန်းနှိပ်စက်ပြီးမှ သေရတာဖြစ်လို့ ပိုပြီး လတ်ဆတ် ပိုစားကောင်းခံတွင်းမြိန်စေတာပါ။ ပုရစ်ကို အရင်ဆုံး ရေသန့်ဗူးထဲ ကောက်ကောက်ထည့်ပါတယ်။ရေသန့်ဗူးထဲမှာ ရေအနည်းငယ် ထည့်ထားပါတယ်။

အဲတော့သူတို့တွေဟာ မသေသေးပါဘူး။ ဗူးထဲမှာ ဖြစ်တဲ့အတွက် လေကောင်းကောင်း မရတဲ့အတွက် မျော့မျော့လေးသာ ရှိနေပါတယ်။အဲဒီ မျော့မျော့လေးရှိနေပေမယ့် နာကျင်မှု အသိစိတ်တော့ ကောင်းကောင်း သိနေရပါသေးတယ်။ အဲလို အသက်ရှူကြပ်ပြီး မျော့နေတဲ့အတွက် ဗူးထဲကနေ အပြင်ကို သူတို့ကို ထုတ်တဲ့အခါ သူတို့ဟာ မပြန်နိုင် မလှုပ်ရှား နို င်တော့ပါဘူး။အောက်စီဂျင် အရမ်းနည်းတဲ့ ဗူးအတွင်းမှာ အချိန်ကြာကြာ နေရလို့ပါပဲ။

အပြင်ရောက်တာနဲ့ မျော့မျော့လေးပဲ ရှိနေသေးတဲ့ တစ်ကောင်ချင်းစီတိုင်းရဲ့ အစာအိမ်တွေကို ကြက်သွန် ဖြူတွေ သွပ်နေတဲ့အထိ သူတို့တွေဟာ ဝေဒနာကို ပူထူနေအောင် ခံစားသိရှိနေရတုံးပါပဲ။အရှင်လတ်လတ် ခြေထောက်တွေဖြတ် လက်တွေဖြတ်လည်း ခံရပါတယ်။ အဲလို ဖြတ်ခံထားရတဲ့အထိ နာကျင်မှုတွေကို သိနေရဆဲပါ။နောက်ဆုံး ဆီပွက်ပွက် ဆူနေတဲ့ အိုးထဲ တစ်ကောင်ပေါ် တစ်ကောင် ဆင့်နေတဲ့အထိ အသိစိတ်မှာ နာကျင်မှုတွေ ပူလောင်မှုတွေ ကြောက်ရွံ့နေမှုတွေဖြစ်လို့ နေပါတယ်။

အကူညီမဲ့စွာနဲ့ ကြောက်စိတ်တွေနဲ့ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ ဘူး။ သေပွဲဝင်ရတော့မယ် ဆိုတာလည်း သိပြီး ထိန့်လန့်နေပုံပါပဲ။အပေါ်အောက် လှန်လိုက်တဲ့ အချိန်မှာတော့ သူတို့ရဲ့ နာကျင်မှုတွေဟာ အပြီးတိုင် ရပ်တန့်လို့ သွားခဲ့ပါပြီ။ကြက်တို့ ငှက်တို့ ငါးတို့ဆိုရင် တစ်ခါ ကိုင်ရိုက်လိုက်တာနဲ့ ဝေဒနာ ခဏ တာ ခံစားရတဲ့ သေဆုံးမှုမျိုးပါ။

ပုရစ်တွေရဲ့ ဘဝမှာတော့ ဝေဒနါတွေကို အဆင့်ဆင့် မရှုနိုင် မကယ်နိုင်လောက်အောင် ခံစားပြီးမှသေဆုံးမှုမျိုး ဖြစ်တဲ့အတွက် ကျွန်တော် အရမ်း ကြိုက်နေရင်တောင် ဘယ်လိုမှ မြိုမကျနိုင်တော့ပါဘူး။တစ်ကောင်ချင်းစီရဲ့ နာကျင်မှု ဝေဒနာတွေ အကောင်မြောက်များစွာရဲ့ နာကျင်မှု ဒုက္ခတွေကတော့ အရမ်းဝဋ် ကြီးလွန်းလှပါတယ်။

လူတွေရဲ့ အာဟာရကြောင့် တိရစ္ဆာန်တွေကို စားသုံး ပေးရတယ်ဆိုပေမယ့်လည်း ညှင်းပန်း နှိပ်စက် ခံစားစေပြီးမှ စားရမယ့် အစာမျိုးဆိုရင်တော့ မစားရလည်း ပြဿနာ မရှိပါဘူး။လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲ ဖြစ်ဖြစ် အသိဉာဏ် ရှိရှိအသိဉာဏ် မရှိရှိ နာကျင်မှု ဝေဒနာကိုတော့ သတ္တဝါတိုင်း ကောင်းကောင်း ခံစားနားလည်သိရှိ နိုင်ပါတယ်။

တစ်ချို့လူတွေ ကျပြန်တော့လဲ နာကျင်ခံစားရတယ်ဆိုတာ သိသိကြီးနဲ့ကို အရသာခံပြီး မြိန်ရည်လျှက်ရည်ကိုစားသုံးကြပါတယ်။စားရလေ ပိုငတ်လေ၊ ရလာလေ ပိုလိုချင် လေလေပါပဲ။ ဒါကလဲသူတို့ အရင်ဘဝက မကောင်းတဲ့ အကုသိုလ်ကံတွေ များခဲ့တဲ့အတွက်ကြောင့်ပါပဲ။

သတ္တဝါများအားလုံး အသက်ဘေးမှ လွတ်မြောက်ကြပါစေဆန္ဒပြုရင်း(သားသတ်လွတ် စားဖြစ်ခဲ့တဲ့အကြောင်းအရင်း) မူရင်းပိုင်ရှင်ကိုလေးစားစွာ ကျေးဇူးတင်ပါတယ်။

Crd

zawgyi

ပုရစ္ေၾကာ္ အရမ္းႀကိဳက္တဲ့ သူေတြ ဝင္သာ ဖတ္ၾကည့္ပါေတာ့ဗ်ာငါမသိဘဲ စားခဲ့မိတဲ့အတြက္ ေတာင္းပန္ပါတယ္။ ငရဲႀကီးရွစ္ထပ္မွာနာက်င္မႈေဝဒနာ ငရဲဘုံဆိုတာ ရွိပါတယ္။

သူတို႔ ခံစားေနရတဲ့ ဝဋ္ဒုကၡေတြဟာ လက္ရွိလူေတြ စားေနတဲ့ ပုရစ္ေတြရဲ႕ ဘဝနဲ႔ ဆင္တူပါတယ္။ပုရစ္ေၾကာ္ကိုကြၽန္ေတာ္လည္း အရင္က အရမ္း ႀကိဳက္ခဲ့ပါတယ္။ နယ္ျပန္ေတာ့ ေၾကာ္ပုံေၾကာ္နည္းအဆင့္ဆင့္ေတြကို သိလိုက္ရၿပီး ေနာက္ပိုင္း လုံးဝမစားဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။

အရမ္း စားေကာင္းတယ္၊ အရမ္း လတ္ဆတ္တယ္ဆိုတာ ညႇင္းပန္းႏွိပ္စက္ၿပီးမွ ေသရတာျဖစ္လို႔ ပိုၿပီး လတ္ဆတ္ ပိုစားေကာင္းခံတြင္းၿမိန္ေစတာပါ။ ပုရစ္ကို အရင္ဆုံး ေရသန႔္ဗူးထဲ ေကာက္ေကာက္ထည့္ပါတယ္။ေရသန႔္ဗူးထဲမွာ ေရအနည္းငယ္ ထည့္ထားပါတယ္။

အဲေတာ့သူတို႔ေတြဟာ မေသေသးပါဘူး။ ဗူးထဲမွာ ျဖစ္တဲ့အတြက္ ေလေကာင္းေကာင္း မရတဲ့အတြက္ ေမ်ာ့ေမ်ာ့ေလးသာ ရွိေနပါတယ္။အဲဒီ ေမ်ာ့ေမ်ာ့ေလးရွိေနေပမယ့္ နာက်င္မႈ အသိစိတ္ေတာ့ ေကာင္းေကာင္း သိေနရပါေသးတယ္။ အဲလို အသက္ရႉၾကပ္ၿပီး ေမ်ာ့ေနတဲ့အတြက္ ဗူးထဲကေန အျပင္ကို သူတို႔ကို ထုတ္တဲ့အခါ သူတို႔ဟာ မျပန္ႏိုင္ မလႈပ္ရွား ႏို င္ေတာ့ပါဘူး။ေအာက္စီဂ်င္ အရမ္းနည္းတဲ့ ဗူးအတြင္းမွာ အခ်ိန္ၾကာၾကာ ေနရလို႔ပါပဲ။

အျပင္ေရာက္တာနဲ႔ ေမ်ာ့ေမ်ာ့ေလးပဲ ရွိေနေသးတဲ့ တစ္ေကာင္ခ်င္းစီတိုင္းရဲ႕ အစာအိမ္ေတြကို ၾကက္သြန္ ျဖဴေတြ သြပ္ေနတဲ့အထိ သူတို႔ေတြဟာ ေဝဒနာကို ပူထူေနေအာင္ ခံစားသိရွိေနရတုံးပါပဲ။အရွင္လတ္လတ္ ေျခေထာက္ေတြျဖတ္ လက္ေတြျဖတ္လည္း ခံရပါတယ္။ အဲလို ျဖတ္ခံထားရတဲ့အထိ နာက်င္မႈေတြကို သိေနရဆဲပါ။ေနာက္ဆုံး ဆီပြက္ပြက္ ဆူေနတဲ့ အိုးထဲ တစ္ေကာင္ေပၚ တစ္ေကာင္ ဆင့္ေနတဲ့အထိ အသိစိတ္မွာ နာက်င္မႈေတြ ပူေလာင္မႈေတြ ေၾကာက္႐ြံ႕ေနမႈေတြျဖစ္လို႔ ေနပါတယ္။

အကူညီမဲ့စြာနဲ႔ ေၾကာက္စိတ္ေတြနဲ႔ ဘယ္လိုမွ မလြတ္ေျမာက္ႏိုင္ေတာ့ ဘူး။ ေသပြဲဝင္ရေတာ့မယ္ ဆိုတာလည္း သိၿပီး ထိန႔္လန႔္ေနပုံပါပဲ။အေပၚေအာက္ လွန္လိုက္တဲ့ အခ်ိန္မွာေတာ့ သူတို႔ရဲ႕ နာက်င္မႈေတြဟာ အၿပီးတိုင္ ရပ္တန႔္လို႔ သြားခဲ့ပါၿပီ။ၾကက္တို႔ ငွက္တို႔ ငါးတို႔ဆိုရင္ တစ္ခါ ကိုင္႐ိုက္လိုက္တာနဲ႔ ေဝဒနာ ခဏ တာ ခံစားရတဲ့ ေသဆုံးမႈမ်ိဳးပါ။

ပုရစ္ေတြရဲ႕ ဘဝမွာေတာ့ ေဝဒနါေတြကို အဆင့္ဆင့္ မရႈႏိုင္ မကယ္ႏိုင္ေလာက္ေအာင္ ခံစားၿပီးမွေသဆုံးမႈမ်ိဳး ျဖစ္တဲ့အတြက္ ကြၽန္ေတာ္ အရမ္း ႀကိဳက္ေနရင္ေတာင္ ဘယ္လိုမွ ၿမိဳမက်ႏိုင္ေတာ့ပါဘူး။တစ္ေကာင္ခ်င္းစီရဲ႕ နာက်င္မႈ ေဝဒနာေတြ အေကာင္ေျမာက္မ်ားစြာရဲ႕ နာက်င္မႈ ဒုကၡေတြကေတာ့ အရမ္းဝဋ္ ႀကီးလြန္းလွပါတယ္။

လူေတြရဲ႕ အာဟာရေၾကာင့္ တိရစာၦန္ေတြကို စားသုံး ေပးရတယ္ဆိုေပမယ့္လည္း ညႇင္းပန္း ႏွိပ္စက္ ခံစားေစၿပီးမွ စားရမယ့္ အစာမ်ိဳးဆိုရင္ေတာ့ မစားရလည္း ျပႆနာ မရွိပါဘူး။လူပဲျဖစ္ျဖစ္ တိရစာၦန္ပဲ ျဖစ္ျဖစ္ အသိဉာဏ္ ရွိရွိအသိဉာဏ္ မရွိရွိ နာက်င္မႈ ေဝဒနာကိုေတာ့ သတၱဝါတိုင္း ေကာင္းေကာင္း ခံစားနားလည္သိရွိ ႏိုင္ပါတယ္။

တစ္ခ်ိဳ႕လူေတြ က်ျပန္ေတာ့လဲ နာက်င္ခံစားရတယ္ဆိုတာ သိသိႀကီးနဲ႔ကို အရသာခံၿပီး ၿမိန္ရည္လွ်က္ရည္ကိုစားသုံးၾကပါတယ္။စားရေလ ပိုငတ္ေလ၊ ရလာေလ ပိုလိုခ်င္ ေလေလပါပဲ။ ဒါကလဲသူတို႔ အရင္ဘဝက မေကာင္းတဲ့ အကုသိုလ္ကံေတြ မ်ားခဲ့တဲ့အတြက္ေၾကာင့္ပါပဲ။

သတၱဝါမ်ားအားလုံး အသက္ေဘးမွ လြတ္ေျမာက္ၾကပါေစဆႏၵျပဳရင္း(သားသတ္လြတ္ စားျဖစ္ခဲ့တဲ့အေၾကာင္းအရင္း) မူရင္းပိုင္ရွင္ကိုေလးစားစြာ ေက်းဇူးတင္ပါတယ္။

Crd