မကုန်ဆုံးနိုင်တဲ့မိုး ၂၀၂၂ အောက်တိုဘာလ ၂ဝရက်နေ့အထိ မြန်မာနိုင်ငံမှာ မိုးတွေရွာဖို့ရှိနေသေး
October rain မကုန်ဆုံးနိုင်တဲ့မိုး ၂၀၂၂ အောက်တိုဘာလ ၂၀ရက်နေ့အထိ မြန်မာနိုင်ငံမှာ မိုးတွေရွာဖို့ရှိနေသေးပါတယ် မိုးရာသီသက်တမ်းတစ်လတိုးမယ်လို့လဝေး ခန့်မှန်းချက်လေးကို ဘယ်သူမှတ်မိကြပါသလည်းဝေး
ရာသီဥတုအခြေအနေကို အမြဲတမ်းစောင့်ကြည့်ထောက်လှမ်းကာ အဆင့်မြင့်weather data အချက်အလက်များကိုဝယ်ယူပြီး စိစစ်တွက်ချက်ကာ အချိန်နှင့်တပြေးညီခန့်မှန်းပေးနေပါတယ်
ရိတ်သိမ်းချိန်ကြရောက်နေတဲ့တောင်သူလယ်သမားတွေအတွက်လဖျက်မိုးအန္တရာယ်ပါပဲ ဆောင်းသီးနှံစိုက်မည့်သူတွေလည်း မိုးကြောင့်အနှောက်အယှက်ဖြစ်နိင်ပါတယ်
ဆားလုပ်ငမ်းအုတ်လုပ်ငန်းသမားတွေအတွက်လည်း လုပ်ငန်းများစတင်လည်ပတ်နိုင်ဖို့ နှောင့်နှေးကျန့်ကြာစေနိုင်ပါတယ် ရာသီဥတုကောင်းမွန်သာယာစေမယ့်နေ့ရက်များကို အသေးစိတ်စိစစ်တွက်ချက်နေပါတယ် အတည်ပြုပြီးတာနဲ့ ခန့်မှန်းပေးသွားပါမယ်
စေတုတ္တရာမြို့ အနီး မုန်တမံ နောက်နာရီအနည်းငယ်အတွင်း တမံရေပြည့်မှတ်ကိုရောက်ရှိလာကာ ရေပိုလွှဲ spillway မှ ရေကျော်ကျလာနိုင်ပါတယ်စိုးရိမ်ဖွယ်ရာမရှိနိုင်ပါဘူး
တောင်သူတွေအလိုကျ ရေပြည့်သွားရုံအခြေအနေဖြစ်ပါတယ် နွေရာသီစိုက်ပျိုးရေနှင့် လျှပ်စစ်မီးဖြန့်ဖြူးနိုင်စေမယ့် သတင်းကောင်းလေးပဲဖြစ်ပါတယ်နော်အားလုံးကြည်နူးပျော်ရွှင်ချမ်းမြေ့ကြပါစေ
၂၀၂၂အောက်တိုဘာလ ၁ရက်နေ့နှင့် ၂ရက်နေ့တွေမှာ မန္တလေးတိုင်း မကွေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်ပါတယ်ရေထိမခံနိုင်သောလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူများ အထူးသတိထားကြပါ
နောက်မိုးကောင်းမယ်လို့ခန့်မှန်းပေးခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာ အောက်တိုဘာလ ပထမ၁၀ရက်ပတ်အထိ မိုးရွာဖို့ရှိနေပါတယ် ဆောင်းသီးနှံစိုက်ပျိုးကြမည့်သူများလည်း မင်းဂွတ်သီးလေရဲ့ တိကျမှန်ကန်တဲ့မိုးလေဝသခန့်မှန်းချက်တွေကို ကြည့်ရှုပြီး
လုပ်ကိုင်ဆောင်ရွက်ကြပါ ရိတ်သိမ်းအခြောက်လှမ်းမည့်သူတွေလည်း မင်းဂွတ်သီးလေးရဲ့ခန့်မှန်းချက်တွေကိုကြည့်ရှုကြပြီး ပျက်စီးမှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ
၂၄နာရီအတွင်း ပြည်ခရိုင် တောင်ငူခရိုင် နေပြည်တော် ရမည်းသင်းခရိုင် သရက်ခရိုင် အောင်လံခရိုင် မကွေးခရိုင် မင်းဘူးခရိုင် ချောက်ခရိုင် ညောင်ဦးခရိုင် ပခုက္ကူခရိုင် မြင်းခြံခရိုင် မုံရွာခရိုင် ဒေသတွေမှာမိုးရွာနိုင်ပြီ ဂွေးပင် ဂွေးချို ကျောက်ပန်းတောင်းဒေသတွေမှာ ရွာသွန်းမြဲထက်အနည်းငယ်ပိုမိုရွာသွန်းနိုင်ပါတယ်