ျပည္တြင္းသတင္း

ႏွာေခါင္းစည္းမတပ္ပဲ အျပင္ ထြက္လွ်င္ အေရးယူေတာ့မည့္ ရန္ကုန္

ႏွာေခါင္းစည္းမတပ္ပဲ အျပင္ ထြက္လွ်င္ အေရးယူေတာ့မည့္ ရန္ကုန္

ရန္ကုန္ၿမိဳ႕အတြင္း ႏွာေခါင္းစည္းမတပ္ဘဲ သြားလာသူမ်ားကို အေရးယူေတာ့မည္

ရန္ကုန္ၿမိဳ႕အတြင္း သြားလာသူမ်ားအေနျဖင့္ ႏွာ ေခါင္းစည္း (Mask) မတပ္လွ်င္ အေရးယူမည့္ အစီအစဥ္ကိုအရွိန္ ျမႇင့္ လုပ္ေဆာင္သြားမည္ျဖစ္ ေၾကာင္း ရန္ကုန္တိုင္း COVID- 19 ေရာဂါတားဆီးကာကြယ္ ထိန္းခ်ဳပ္ေရးေကာ္မတီဥကၠ႒ ဦး ႏိုင္ငံလင္းက ေျပာသည္။

ရန္ကုန္တိုင္းအတြင္း ၾသ ဂုတ္ ၂၅ ရက္ႏွင့္ ၂၆ ရက္ကျပည္ တြင္းကူးစက္သူ ႏွစ္ဦးထြက္ေပၚ လာျခင္း အပါအဝင္ ေဒသအခ်ိဳ႕ တြင္ ျပည္တြင္းကူးစက္မႈႏႈန္း ျမင့္ တက္လာေသာေၾကာင့္ဇူလိုင္လ ေနာက္ပိုင္း အေရးယူမႈမရွိသ ေလာက္ျဖစ္ခဲ့ေသာ Mask မတပ္ လွ်င္ အေရးယူမႈကို အရွိန္ျမႇင့္ရ ျခင္းျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

‘‘ႏွာေခါင္းစည္း တပ္ဖို႔ အ ရင္က ၫႊန္ၾကားခ်က္ေတြရွိခဲ့ တယ္။ ဒါကို ထပ္ၿပီး အရွိန္ျမႇင့္ မယ္။ ပထမဆုံး ကမ္ပိန္းလိုပုံစံၿပီး ရင္ အေရးယူမႈ ဆက္လုပ္သြား မယ္’’ဟု ရန္ကုန္တိုင္း လူမႈေရး ဝန္ႀကီးလည္းျဖစ္သူ ဦးႏိုင္ငံလင္း က ေျပာသည္။

ႏွာေခါင္းစည္းမတပ္လွ်င္ အေရးယူမႈတြင္ ရန္ ကုန္တိုင္း ရဲတပ္ဖြဲ႕၏စာရင္းမ်ားအရ ေမလ ၁၃ ရက္မွ ဇြန္လ ေနာက္ဆုံးပတ္ အထိ အမ်ိဳးသား ၂,၈၀၀ ခန႔္ႏွင့္ အမ်ိဳးသမီး ၅၀၀ ေက်ာ္ကိုဖမ္းဆီး ခဲ့သည္။

၎တို႔ကို သက္ဆိုင္ရာၿမိဳ႕ နယ္ တရား႐ုံးအသီးသီး၌ တရား စြဲခဲ့ၿပီးေနာက္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒပုဒ္မ (၁၅) အရ ဒဏ္ေငြက်ပ္ ၅,၀၀၀ ေပးေဆာင္မႈအပါအဝင္ပုဒ္မ ၁၈ အရ ေထာင္ဒဏ္သုံးလႏွင့္ ဒဏ္ ေငြ ငါးေသာင္းခ်မွတ္ခံရသူအခ်ိဳ႕ ရွိခဲ့သည္။

အသြားအလာကန႔္သတ္ ထားသူမဟုတ္ဘဲ ရန္ကုန္ၿမိဳ႕ိ၌ ႏွစ္ရက္အတြင္း ေရာဂါေတြ႕ရွိရ သူ ႏွစ္ဦးအနက္တစ္ဦးျဖစ္သည့္ အသက္(၄၅)ႏွစ္အ႐ြယ္ အမ်ိဳးသ မီးလူနာအမွတ္(၄၇၇)သည္ရွမ္း ျပည္နယ္ ေတာင္ႀကီးၿမိဳ႕ဇာတိျဖစ္ ေသာ္လည္း ၾသဂုတ္ ၂ ရက္က တည္းက ရန္ကုန္ၿမိဳ႕ ရန္ကင္းၿမိဳ႕ နယ္ ေ႐ႊအုန္ပင္အိမ္ရာတြင္ ေန ထိုင္ခဲ့သည္။

၎သည္ ဖ်ားနာ ေခ်ာင္းဆိုး၍ ရန္ကုန္ေဆး႐ုံႀကီး သို႔ ၾသဂုတ္ ၂၂ ရက္တြင္ေရာက္ ရွိခဲ့ကာ ၂၅ ရက္တြင္ COVID 19 ေရာဂါေတြ႕ရွိခဲ့ေၾကာင္း သက္ ဆိုင္ရာက ေၾကညာသည္။

အျခားတစ္ဦးျဖစ္သည့္ အ သက္(၃၂)ႏွ စ္အ႐ြယ္ အမ်ိဳးသား လူနာ အမွတ္(၅၀၆)သည္ေတာင္ ဥကၠလာပၿမိဳ႕နယ္တြင္ ေနထိုင္ ၿပီး ႏိုင္ငံျခားသို႔သြားေရာက္ရန္ ပုဂၢလိကေဆးခန္းတစ္ခု၌ ေရာဂါ ရွိ၊မရွိ စစ္ေဆးရာမွ COVID-19 ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ၾသဂုတ္ ၂၆ ရက္တြင္ ၎ထံ၌ ထိုေရာဂါ ေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ ျပန္သည္။

7Day News

Unicode

နှာခေါင်းစည်းမတပ်ပဲ အပြင် ထွက်လျှင် အရေးယူတော့မည့် ရန်ကုန်

ရန်ကုန်မြို့အတွင်း နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများကို အရေးယူတော့မည်

ရန်ကုန်မြို့အတွင်း သွားလာသူများအနေဖြင့် နှာ ခေါင်းစည်း (Mask) မတပ်လျှင် အရေးယူမည့် အစီအစဉ်ကိုအရှိန် မြှင့် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်း COVID- 19 ရောဂါတားဆီးကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး နိုင်ငံလင်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်း သြ ဂုတ် ၂၅ ရက်နှင့် ၂၆ ရက်ကပြည် တွင်းကူးစက်သူ နှစ်ဦးထွက်ပေါ် လာခြင်း အပါအဝင် ဒေသအချို့ တွင် ပြည်တွင်းကူးစက်မှုနှုန်း မြင့် တက်လာသောကြောင့်ဇူလိုင်လ နောက်ပိုင်း အရေးယူမှုမရှိသ လောက်ဖြစ်ခဲ့သော Mask မတပ် လျှင် အရေးယူမှုကို အရှိန်မြှင့်ရ ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

‘‘နှာခေါင်းစည်း တပ်ဖို့ အ ရင်က ညွှန်ကြားချက်တွေရှိခဲ့ တယ်။ ဒါကို ထပ်ပြီး အရှိန်မြှင့် မယ်။ ပထမဆုံး ကမ်ပိန်းလိုပုံစံပြီး ရင် အရေးယူမှု ဆက်လုပ်သွား မယ်’’ဟု ရန်ကုန်တိုင်း လူမှုရေး ဝန်ကြီးလည်းဖြစ်သူ ဦးနိုင်ငံလင်း က ပြောသည်။

နှာခေါင်းစည်းမတပ်လျှင် အရေးယူမှုတွင် ရန် ကုန်တိုင်း ရဲတပ်ဖွဲ့၏စာရင်းများအရ မေလ ၁၃ ရက်မှ ဇွန်လ နောက်ဆုံးပတ် အထိ အမျိုးသား ၂,၈၀၀ ခန့်နှင့် အမျိုးသမီး ၅၀၀ ကျော်ကိုဖမ်းဆီး ခဲ့သည်။

၎င်းတို့ကို သက်ဆိုင်ရာမြို့ နယ် တရားရုံးအသီးသီး၌ တရား စွဲခဲ့ပြီးနောက် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ (၁၅) အရ ဒဏ်ငွေကျပ် ၅,၀၀၀ ပေးဆောင်မှုအပါအဝင်ပုဒ်မ ၁၈ အရ ထောင်ဒဏ်သုံးလနှင့် ဒဏ် ငွေ ငါးသောင်းချမှတ်ခံရသူအချို့ ရှိခဲ့သည်။

အသွားအလာကန့်သတ် ထားသူမဟုတ်ဘဲ ရန်ကုန်မြို့ိ၌ နှစ်ရက်အတွင်း ရောဂါတွေ့ရှိရ သူ နှစ်ဦးအနက်တစ်ဦးဖြစ်သည့် အသက်(၄၅)နှစ်အရွယ် အမျိုးသ မီးလူနာအမှတ်(၄၇၇)သည်ရှမ်း ပြည်နယ် တောင်ကြီးမြို့ဇာတိဖြစ် သော်လည်း သြဂုတ် ၂ ရက်က တည်းက ရန်ကုန်မြို့ ရန်ကင်းမြို့ နယ် ရွှေအုန်ပင်အိမ်ရာတွင် နေ ထိုင်ခဲ့သည်။

၎င်းသည် ဖျားနာ ချောင်းဆိုး၍ ရန်ကုန်ဆေးရုံကြီး သို့ သြဂုတ် ၂၂ ရက်တွင်ရောက် ရှိခဲ့ကာ ၂၅ ရက်တွင် COVID 19 ရောဂါတွေ့ရှိခဲ့ကြောင်း သက် ဆိုင်ရာက ကြေညာသည်။

အခြားတစ်ဦးဖြစ်သည့် အ သက်(၃၂)နှ စ်အရွယ် အမျိုးသား လူနာ အမှတ်(၅၀၆)သည်တောင် ဥက္ကလာပမြို့နယ်တွင် နေထိုင် ပြီး နိုင်ငံခြားသို့သွားရောက်ရန် ပုဂ္ဂလိကဆေးခန်းတစ်ခု၌ ရောဂါ ရှိ၊မရှိ စစ်ဆေးရာမှ COVID-19 တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၂၆ ရက်တွင် ၎င်းထံ၌ ထိုရောဂါ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ် ပြန်သည်။

7Day News