မိဘတွေရဲ့ အပြုအမူများကြောင့် ကလေးရဲ့တစ်ဘဝလုံး စိတ်ဒဏ်ရာရသွားစေနိုင်တဲ့ အချက်များ…….
ကလေးရဲ့ တစ်ဘဝလုံး စိတ်ဒဏ်ရာရသွားစေနိုင်တဲ့ မိဘတွေရဲ့ အပြုအမူများ ကလေးဆိုတာငယ်ရွယ်သလို နှလုံးသားလေးတွေနုနယ်ပီး စိတ်ဒဏ်ရာရလွယ်ပါတယ်။
အတူနေ လူကြီးမိဘတွေရဲ့ အပြုအမူတွေက ကလေးတွေကို စိတ်ဒဏ်ရာရလွယ်ပီး တဘဝလုံးပါသွားနိုင်ပါတယ်။
ကလေးဘဝမှာစိတ်ဒဏ်ရာရဖို့အဖြစ်နိုင်ဆုံးက အနီးကပ်ရှိနေတဲ့ လူကြီးမိဘတွေရဲ့ လုပ်ရပ်တွေကြောင့်ပါ စိတ်ဒဏ်ရာတွေ နဲ့ကြီးပြင်းနေရတဲ့ ကတေတွေများစွာပါ။
social mediaမှာ လတ်တလောပြန့်ခဲ့တဲ့ vdကကလေးလိုခံစားနေရတဲ့ ကလေးများစွာရှိနေတဲ့အတွက်သတိ ပြုနိုင်အောင်မျှဝေလိုက်ပါတယ်။
ကလေးတယောက်ကို စိတ်ဒဏ်ရာရသွားစေမဲ့ မိဘတွေရဲ့အပြုအမူများကလေးရှေ့မှာရန်ဖြစ်ခြင်းမိဘတွေရဲ့ ရန်ဖြစ်ခြင်းကိုအမြဲလိုလိုမြင်တွေ့ရတဲကလေးတွေမှာစိတ်ဒဏ်ရာတွေရသွားတတ်ကြပါတယ်။ သူတို့ကို လျစ်လျူရှုမှုအပြင် မိဘတွေက မချစ်ဘူးဆိုတဲ့ အသိတွေဝင်သွားတတ်ပါတယ်။
ဒီလိုမျိုးအော်ဟစ်ပီးရန်ဖြစ်နေတာက သူတို့ရဲ့ အိမ်ကပျော်စရာမရှိဘူးဆိုတာကို သဘောပေါက်သွားစေပီးကြီးတဲ့ အခါအိမ်ကိုမခင်တွယ်တော့တာတွေပြါ ဖစ်နိုင်ပါတယ်။
မိဘရန်ဖြစ်တာကိုပဲ ကြည့်နေခဲ့ရတဲ့ ကလေးမှာပြဿနာတခုဖြစ်လာရ င်ဖြေရှင်းနိုင်စွမ်းမရှိပဲရန်ဖြစ်ဖို့၊ ရန်လိုဖို့တွေပဲ အမြဲဦးတည်တတ်ပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု အိမ်တွင်းအကြမ်းဖက်မှု ကကလေးတွေရဲ့ စိတ်ဒဏ်ရာကြီးကြီးမားမားရစေပါတယ် ရန်ဖြစ်တဲ့အခါ မိဘအချင်းချင်း ကိုယ်ထိလက်ရောက်ရိုက်နှက်မှုတွေကို ကလေးကမြင်ရများလာတဲ့ အခါမှာကြောက်စိတ်ကြီးကြီးမားမားေ ပ်ါလာတတ်ပါတယ်။
အခန့်မသင့်လို့ ဒေါသအလျောက် ကလေးကိုပါရိုက်မိရင်တုန့်ပြန်မှုလွန်ကဲတာတွေဖြစ်တတ်ပါတယ် မိဘကို ချစ်ခင်တွယ်တာမှုနည်းလာပီးကြောက်တဲ့စိတ်နဲ့ အရိုက်မခံရအောင်နေရင်းနာကျင်မှုကို မသိတော့တာမျိုး၊ အကြမ်းဖက်မှုကိုမသိတော့တာမျိုး၊ကြမ်းတမ်းလာတာတွေဖြစ်တတ်ပါတယ်။
ကလေးရှေ့မှာမူးယစ်ရမ်းကားခြင်းအရက် သေစာမူးယစ်သောက်စားထားတဲ့အဖေကဆင်ခြင်တုံတရားကင်းမဲ့ပီးမိသားစုကိုပြောချင်ရာပြော၊ရိုက်နှက်တာတွေကအိမ်တွင်းအကြမ်းဖက်မှုမြောက်ပါတယ်။
သားယောက်ျာလေးအတွက်တဘဝလုံးစာအတုယူမှားနိုင်ပီးသမီးလေးတွအတွက်အမြဲအရှက်ရစရာစိတ်ဒဏ်ရာဖြစ်တတ်ပါတယ်။
ခွဲခြားဆက်ဆံမှုမိဘတွေကသားနဲ့သမီးခွဲခြားတာအကြီးအငယ်ခွဲခြားဆက်ဆံတာတယောက်နဲ့တယောက်နှိုင်းယှဉ်ပီးခွဲခြားဆက်ဆံတာတွေကကလေးအတွက်ဘဝတစ်လျှောက်လုံးနာကျင်စေတဲ့အရာဖြစ်နိုင်ပါတယ်။
ခွဲခြားခံရမှုကြောင့်ကိုယ့်ကိုယ်ကိုမကျေနပ်စိတ်များတာ၊မောင်နှမချင်းချစ်ခင်စိတ်လျော့လာတာတွေဖြစ်တတ်သလိုမိဘအပေါ်ရန်လိုမှုတွေပါဖြစ်တတ်ပါတယ်။
အကြောက်တရားဖြင့်အုပ်ချုပ်မှုအိမ်ထဲမှာတသွေးတသံတမိန့်ဆိုပီးမိဘလူကြီးရဲ့စကားတိုင်းကိုနာခံရမယ်လိုက်နာနေရမယ်ဆိုပီးမလိုက်နာရင်အပြစ်ပေးခံရမယ်မှားမှားမှန်မှန်ပြန်ပြောခွင့်မရဆိုတဲ့အုပ်ချုပ်မှုမျိုးကလည်းကလေးတွေကိုစိတ်ဒဏ်ရာရစေနိုင်ပါတယ်။အိမ်တွင်းအကြမ်းဖက်မှုမြောက်ပါတယ်။
နောက်ဆက်တွဲအနေနဲ့အမှားအမှန်နဲ့တရားတာမတရားတာကိုမခွဲခြားတတ်သလိုကြီးလာတဲ့အခါအတ္တကြီးတဲ့ကလေးတွေဖြစ်လာပါတယ်မိဘရဲ့အသိအမှတ်ပြုဖို့ကြိုးစားရာကနေတစ်ခြားဖိနှိပ်သူတွေကိုလည်းအပြစ်မမြင်ပဲကျိုးနွံတာမျိုးတွေလည်းရှိလာသလိုမိဘကိုစွန့်ပစ်ပြီးထွက်ပြေးချင်စိတ်တွေဖြစ်ရင်းကိုယ့်ကိုယ်မကောင်းတဲ့သူအဖြစ်မြင်မိတာတွေ၊စိတ်ကျရောဂါတွေပါဖြစ်သွားစေနိုင်ပါတယ်။
ကလေးဘာလုပ်လုပ်အပြစ်တင်ခြင်းမိဘနဲ့ကလေးဆိုတာအတွေးမတူနိုင်ပါဘူးကလေးလုပ်ရပ်တခုကိုလူကြီးမိဘကမနှစ်သက်သော်လည်းကောင်းတဲ့အရာဆိုရင်လက်ခံနိုင်ရပါတယ်
မှားနေရင်လည်းအကျိုးသင့်အကြောင့်သင့်ပြောဆိုပြုပြင်ရပါတယ်ကလေးဘာလုပ်လုပ်နောက်ကလိုက်ပီးတချိန်လုံအပြစ်တင်အပြစ်မြင်ဆူပူနေခြင်းကကလေးရဲ့ကိုယ်ပိုင်လွပ်လပ်ခွင့်ဆုံးဖြတ်နိုင်စွမ်းကိုလျော့စေပီးစိတ်ဒဏ်ရာဖြစ်နိုင်ပါတယ်
နောင်ကြီးလာတဲ့အခါလူတွေပေါ်အကောင်းမမြင်ခြင်း၊တကိုယ်ကောင်းဆန်ခြင်းတွေဖြစ်လာပီးလူတွေနဲ့အမြဲအဆင်မပြေဖြစ်တတ်ပါတယ်။မိဘကို ဆုံးရှုံးရမှုကလေးတွေအတွက်မိဘဆိုတာအတွယ်တာဆုံးသူတွေဖြစ်ပါတယ်။
မိဘကိုခင်တွယ်တတ်တဲ့အရွယ်မှမိဘဖြစ်သူကမျက်စိရှေ့မှာဆုံးပါးသွားတာသို့မိဘနှစ်ဦးကွာရှင်းပြတ်စဲတာကိုမြင်ရတာမျိုးကအမြဲစိတ်ခံစားရစေပီးစိတ်ဒဏ်ရာရသွားစေမှာပါကလေးတွေကိုလုပ်ချင်တိုင်းလုပ်အနိုင်ကျင့်လို့မရအောင်ဖွံ့ဖြိုးပီးနိုင်ငံတွေမှာအိမ်တွင်းအကြမ်းဖက်မှုအပါအဝင်ဥပဒေတွေပြငှာန်းထားပါတယ်ကလေးတယောက်ကိုမွေးထားပီးရင်နည်းလမ်းမှန်ကန်စွာသေချာပြုစုပျိုးထောင်စောင့်ရှောက်ဖို့လိုအပ်ပီးကလေးတွေရှေ့မှာစိတ်ဒဏ်ရာရစေတဲ့အပြုအမူတွေရှောင်ဖို့လိုပါတယ်
ကလေးကိုချစ်ရင်ကလေးတွေကိုစိတ်ဒဏ်ရာမဖြစ်စေချင်ရင်မေမေနဲ့ဖေဖေအချင်းချင်းပိုချစ်ပြဖို့လိုပါတယ်အထက်ပါအချက်တွေသိထားပီးမိဘတွေအနေနဲ့ကလေးတွေရှေ့မှာစိတ်ခံစားချက်တွေကိုသေချာထိန်းဖို့လိုအပ်ကြောင်း ။
Credit ~မူရင်း



