ဖုန္းကိုင္ခြင့္မရွိ အျပင္ထြက္ခြင့္မရွိတဲ့ျမန္မာႏိုငံရဲ႕ အႀကီးမားဆုံး သီလရွင္ စာသင္တိုက္
စစ္ကိုင္း သက် ဓီတာ(ဗုဒၶသမီးေတာ္မ်ား)စာသင္တိုက္ျဖစ္ပါတယ္၊ စည္းကမ္းအရမ္းႀကီးတယ္လို႔ နာမည္ႀကီးပါတယ္။
စာသင္သူသီလရွင္(သိကၡာရွင္)ေပါင္း အပါး ( ၂၅၀) ေက်ာ္ရွိတယ္။ ဖုန္းကိုင္ခြင့္မရွိဘူး။ အျပင္ထြက္ခြင့္ မရွိဘူး…။
တိုက္ထဲမွာ ဓမၼာစရိယ ဘြဲ႕ရေတြ အမ်ားႀကီးပါပဲ။ ဝိနယဝိဒူ ေတြလည္းရွိတယ္ ပါဠိပါရဂူနဲ႔ လကၤာရေတြလည္း ရွိတယ္။
ေအာက္ပါ ပုံမ်ားကေတာ့ စာခ်ဆရာႀကီးမွ ပါဠိသဒၵါ ပို႔ခ်ေနပုံပါ။
မိန္းကေလးေတြလည္း ရဟန္းေတာ္ေတြလို ခက္ခဲနက္နဲတဲ့ဗုဒၶစာေပေတြကို သင္ေနၾကတာ အမ်ားႀကီး ရွိေသးပါလားလို႔ အံ့ၾသ မိပါတယ္။
(ေအာက္က ကဗ်ာေလးဖတ္ၿပီး မ်က္ရည္ဝဲမိပါတယ္)
“မိန္းကေလးပဲေလ…..”
-မိန္းကေလးပဲေလ… -လွခ်င္ရက္ စက္စက္ယို၊ -ကပိုက႐ို ကႏြဲ႕ကလ်ေနခ်င္ေပမယ့္၊ -ရခဲတဲ့ဘဝကို အလွနဲ႔မတည္ေဆာက္၊ -ဓမၼနဲ႔ ေလွ်ာက္ခဲ့ၾကသူေတြေပါ့။
-မိန္းကေလးပဲေလ… -ေပ်ာ္ေပ်ာ္ပါးပါး ေက်ာ့ေက်ာ့ေမာ့ေမာ့၊ -ၿဖီးလိမ္းပန္းပန္ ေခတ္ပ်ိဳေမေတြလို-လန္းခ်င္ေပမယ့္၊ -စိန္နားကပ္ႀကီး နားမွာပန္၊ -ေ႐ႊေငြကားအၿခံအရံေတြနဲ႔ မေမာ္ဘဲ၊ -ဣေျႏၵတရားနဲ႔ ေပ်ာ္ခဲ့ၾကသူေတြေပါ့။
-မိန္းကေလးပဲေလ…-ခ်စ္သူရင္ခြင္ ခိုဝင္ယုယ၊ -အၾကင္နာေဝငွ သမုဒယနဲ႔ေနခ်င္ေပမယ့္၊ -အႏုသယ နီဝရဏတရားေတြကိုပယ္၊ -ေဗာဇၩင္ပြား မဂၢသစၥာနဲ႔ ဘုရားတည္ၾကသူ-ေတြေပါ့။
-မိန္းမျမတ္တို႔ရဲ႕ သိကၡာတရား၊ -ဆံေကသာနဲ႔ သနပ္ခါးကို ပယ္၊ -လမ္းတကာအလယ္ ဆြမ္းဆန္ရပ္၊
-လူတကာရဲ႕ပါးစပ္က ကဲ့ရဲ႕သံေတြျဖတ္ရင္း၊ -ျမတ္ဗုဒၶ သာသနာ့လမ္းစဥ္ကို ရႈ၊ -က်င့္ႀကံအားထုတ္ရင္း သာသနာျပဳၾကသူ-ေတြေပါ့။
-ရဟန္းေတာ္ သာမေဏေတြနဲ႔မျခား၊ -မိန္းမျမတ္တို႔ရဲ႕ စံျပႏွလုံးသားမွာ၊ -ပရိယတၱိ ပဋိပတၱိ ပဋိေဝဓ ပရဟိတ၊ -စြမ္းႏိုင္သမွ် သာသနာျပဳဂုဏ္ေဆာင္ၾကေပါ့။
-သူတို႔သူတို႔ သူတို႔သည္၊ -သာသနာ့အႏြယ္ေတာ္ဝင္ သီလရွင္တဲ့၊ -ဘုရားရွင္ခ်မွတ္ခဲ့တဲ့ သူေတာ္စင္လမ္း၊ -အေပ်ာ္ေတြစြန္႔ၿပီး ထမ္း႐ြက္ခဲ့ၾက၊ -ဘယ္အခ်ိန္ၾကည့္ၾကည့္ မႏြမ္းလ်တယ္၊-“မဟာေတာ္ဝင္ ပန္းအလွ” ေတြပဲေပါ့။
သက်ဓီတာသီလရွင္ စာသင္တိုက္၊ နန္းဦးၿမိဳ႕သစ္၊ စစ္ကိုင္းၿမိဳ႕
Ph -092130606၊ 09792130606၊ 09791119777
သုခိန္(ဗုဒၶတကၠသိုလ္)
unicode
ဖုန်းကိုင်ခွင့်မရှိ အပြင်ထွက်ခွင့်မရှိတဲ့မြန်မာနိုငံရဲ့ အကြီးမားဆုံး သီလရှင် စာသင်တိုက်
စစ်ကိုင်း သကျ ဓီတာ(ဗုဒ္ဓသမီးတော်များ)စာသင်တိုက်ဖြစ်ပါတယ်၊ စည်းကမ်းအရမ်းကြီးတယ်လို့ နာမည်ကြီးပါတယ်။
စာသင်သူသီလရှင်(သိက္ခာရှင်)ပေါင်း အပါး ( ၂၅၀) ကျော်ရှိတယ်။ ဖုန်းကိုင်ခွင့်မရှိဘူး။ အပြင်ထွက်ခွင့် မရှိဘူး…။
တိုက်ထဲမှာ ဓမ္မာစရိယ ဘွဲ့ရတွေ အများကြီးပါပဲ။ ဝိနယဝိဒူ တွေလည်းရှိတယ် ပါဠိပါရဂူနဲ့ လင်္ကာရတွေလည်း ရှိတယ်။
အောက်ပါ ပုံများကတော့ စာချဆရာကြီးမှ ပါဠိသဒ္ဒါ ပို့ချနေပုံပါ။
မိန်းကလေးတွေလည်း ရဟန်းတော်တွေလို ခက်ခဲနက်နဲတဲ့ဗုဒ္ဓစာပေတွေကို သင်နေကြတာ အများကြီး ရှိသေးပါလားလို့ အံ့သြ မိပါတယ်။
(အောက်က ကဗျာလေးဖတ်ပြီး မျက်ရည်ဝဲမိပါတယ်)
“မိန်းကလေးပဲလေ…..”
-မိန်းကလေးပဲလေ… -လှချင်ရက် စက်စက်ယို၊ -ကပိုကရို ကနွဲ့ကလျနေချင်ပေမယ့်၊ -ရခဲတဲ့ဘဝကို အလှနဲ့မတည်ဆောက်၊ -ဓမ္မနဲ့ လျှောက်ခဲ့ကြသူတွေပေါ့။
-မိန်းကလေးပဲလေ… -ပျော်ပျော်ပါးပါး ကျော့ကျော့မော့မော့၊ -ဖြီးလိမ်းပန်းပန် ခေတ်ပျိုမေတွေလို-လန်းချင်ပေမယ့်၊ -စိန်နားကပ်ကြီး နားမှာပန်၊ -ရွှေငွေကားအခြံအရံတွေနဲ့ မမော်ဘဲ၊ -ဣနြေ္ဒတရားနဲ့ ပျော်ခဲ့ကြသူတွေပေါ့။
-မိန်းကလေးပဲလေ…-ချစ်သူရင်ခွင် ခိုဝင်ယုယ၊ -အကြင်နာဝေငှ သမုဒယနဲ့နေချင်ပေမယ့်၊ -အနုသယ နီဝရဏတရားတွေကိုပယ်၊ -ဗောဇ္ဈင်ပွား မဂ္ဂသစ္စာနဲ့ ဘုရားတည်ကြသူ-တွေပေါ့။
-မိန်းမမြတ်တို့ရဲ့ သိက္ခာတရား၊ -ဆံကေသာနဲ့ သနပ်ခါးကို ပယ်၊ -လမ်းတကာအလယ် ဆွမ်းဆန်ရပ်၊
-လူတကာရဲ့ပါးစပ်က ကဲ့ရဲ့သံတွေဖြတ်ရင်း၊ -မြတ်ဗုဒ္ဓ သာသနာ့လမ်းစဉ်ကို ရှု၊ -ကျင့်ကြံအားထုတ်ရင်း သာသနာပြုကြသူ-တွေပေါ့။
-ရဟန်းတော် သာမဏေတွေနဲ့မခြား၊ -မိန်းမမြတ်တို့ရဲ့ စံပြနှလုံးသားမှာ၊ -ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ပရဟိတ၊ -စွမ်းနိုင်သမျှ သာသနာပြုဂုဏ်ဆောင်ကြပေါ့။
-သူတို့သူတို့ သူတို့သည်၊ -သာသနာ့အနွယ်တော်ဝင် သီလရှင်တဲ့၊ -ဘုရားရှင်ချမှတ်ခဲ့တဲ့ သူတော်စင်လမ်း၊ -အပျော်တွေစွန့်ပြီး ထမ်းရွက်ခဲ့ကြ၊ -ဘယ်အချိန်ကြည့်ကြည့် မနွမ်းလျတယ်၊-“မဟာတော်ဝင် ပန်းအလှ” တွေပဲပေါ့။
သကျဓီတာသီလရှင် စာသင်တိုက်၊ နန်းဦးမြို့သစ်၊ စစ်ကိုင်းမြို့
Ph -092130606၊ 09792130606၊ 09791119777
သုခိန်(ဗုဒ္ဓတက္ကသိုလ်)