ကြမ်းပြီးမဲနေတဲ့ ဒူးဆစ်၊ တံတောင်ဆစ်တွေကို ပြန်ဖြူလာစေမယ့်နည်းလမ်း
ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဒူးဆစ်၊ တံတောင်ဆစ်တွေက ကြမ်းပြီး မဲနေတတ်ပါတယ်။ဒီလိုကြမ်းပြီးမဲနေတဲ့ ဒူးဆစ်၊ တံတောင်ဆစ်တွေကို နူးညံ့ပြီးပြန်ဖြူလာစေမယ့် နည်းလမ်းလည်း ရှိပါတယ်။
ဒီနည်းလမ်းက အမှန်တကယ်ထိရောက်တဲ့အပြင် လုပ်ရတာကလည်း အဆင့် ၄ ဆင့်ထဲ နဲ့ လွယ်လွယ်ကူကူလုပ်လို့ရတဲ့အတွက် အဆင်ပြေမှာပါ။
Lotion အမြဲလိမ်းပါ။
အသားအရေစိုပြေဖို့ Lotion ကို အမြဲလိမ်းပေးဖို့လိုပါတယ်။ ကြမ်းနေတဲ့ ဒူးဆစ်၊ တံတောင်ဆစ်နေရာတွေဆိုရင် များများလေးပိုလိမ်းပေးပါ။ ဒါမှ ကြမ်းနေတာတွေပျောက်ပြီး နူးညံ့လာမှာပါ။
Sunscreen လိမ်းပါ။
တချို့ ဒူးဆစ်၊ တံတောင်ဆစ်တွေ အရမ်းမဲနေတယ်ဆိုတာ Sunscreen မလိမ်းတာကြောင့်လည်း ပါပါတယ်။ နေလောင်တော့ နီပြီးမဲနေတာပေါ့။ဒါကြောင့် Lotion လိမ်းပြီးရင် အပေါ်ကနေ Sunscreen ထပ်လိမ်းပေးဖို့ မမေ့ပါနဲ့။
ပေါင်းတင်ပါ။
သံပရိုသီး (သို့) သံပုရာသီးကို တစ်ခြမ်းခြမ်းပြီး အတွင်းသားနဲ့ ဒူးဆစ်၊ တံတောင်ဆစ်နေရာကို ပွတ်ပေးပါ။ ပြီးရင်တော့ ရေမဆေးပဲ၊ မသုတ်ပဲ ၃ နာရီကြာအောင်ထားလိုက်ပါ။
အချိန်ပြည့်ရင်တော့ ရေကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ် တစ်ခါ (သို့) နှစ်ခါ လုပ်ပေးရင်ရပါတယ်။ဒီလိုလုပ်ပေးတာက မဲနေတဲ့ ဒူးဆစ်၊ တံတောင်ဆစ်တွေကို ပြန်ဖြူလာစေတယ်နော်။
Scrub လုပ္ပါ။
Scrub လုပ်ပေးခြင်းက ကြမ်းတမ်းတဲ့အသားအရေကို နူးညံ့စေပြီး နေလောင်တာတွေ၊ မဲနေတာတွေကို ပြန်ဖြူလာစေပါတယ်။
Scrub လုပ်နည်းကတော့ ပန်းကန်တစ်လုံးထဲကို သကြားညို (သို့) သကြားအဖြူ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံလွင်ဆီ (သို့) အုန်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်မွှေပါ။
ပြီးရင်တော့ လက်နဲ့ယူပြီး ဒူးဆစ်၊ တံတောင်ဆစ်နေရာတွေကို ဖြေးဖြေးနဲ့ညှင်သာစွာပွတ်ပေးပါ။ ကြာကြာပွတ်ပြီးရင်တော့ ၁၅ မိနစ်ထားပါ။
အချိန်ပြည့်ရင် ရေချိုးလိုက်ပါ။ ပြီးရင်တော့ Lotion လိမ်း၊ Sunscreen လိမ်းပါ။ ဒါကိုလည်း တစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။
Zawgyi
ၾကမ္းၿပီးမဲေနတဲ့ ဒူးဆစ္၊ တံေတာင္ဆစ္ေတြကို ျပန္ျဖဴလာေစမယ့္နည္းလမ္း
ေယာက်ၤားေလးပဲျဖစ္ျဖစ္၊ မိန္းကေလးပဲျဖစ္ျဖစ္ ဒူးဆစ္၊ တံေတာင္ဆစ္ေတြက ၾကမ္းၿပီး မဲေနတတ္ပါတယ္။ဒီလိုၾကမ္းၿပီးမဲေနတဲ့ ဒူးဆစ္၊ တံေတာင္ဆစ္ေတြကို ႏူးညံ့ၿပီးျပန္ျဖဴလာေစမယ့္ နည္းလမ္းလည္း ရွိပါတယ္။
ဒီနည္းလမ္းက အမွန္တကယ္ထိေရာက္တဲ့အျပင္ လုပ္ရတာကလည္း အဆင့္ ၄ ဆင့္ထဲ နဲ႔ လြယ္လြယ္ကူကူလုပ္လို႔ရတဲ့အတြက္ အဆင္ေျပမွာပါ။
Lotion အၿမဲလိမ္းပါ။
အသားအေရစိုေျပဖို႔ Lotion ကို အၿမဲလိမ္းေပးဖို႔လိုပါတယ္။ ၾကမ္းေနတဲ့ ဒူးဆစ္၊ တံေတာင္ဆစ္ေနရာေတြဆိုရင္ မ်ားမ်ားေလးပိုလိမ္းေပးပါ။ ဒါမွ ၾကမ္းေနတာေတြေပ်ာက္ၿပီး ႏူးညံ့လာမွာပါ။
Sunscreen လိမ္းပါ။
တခ်ိဳ႕ ဒူးဆစ္၊ တံေတာင္ဆစ္ေတြ အရမ္းမဲေနတယ္ဆိုတာ Sunscreen မလိမ္းတာေၾကာင့္လည္း ပါပါတယ္။ ေနေလာင္ေတာ့ နီၿပီးမဲေနတာေပါ့။ဒါေၾကာင့္ Lotion လိမ္းၿပီးရင္ အေပၚကေန Sunscreen ထပ္လိမ္းေပးဖို႔ မေမ့ပါနဲ႔။
ေပါင္းတင္ပါ။
သံပ႐ိုသီး (သို႔) သံပုရာသီးကို တစ္ျခမ္းျခမ္းၿပီး အတြင္းသားနဲ႔ ဒူးဆစ္၊ တံေတာင္ဆစ္ေနရာကို ပြတ္ေပးပါ။ ၿပီးရင္ေတာ့ ေရမေဆးပဲ၊ မသုတ္ပဲ ၃ နာရီၾကာေအာင္ထားလိုက္ပါ။
အခ်ိန္ျပည့္ရင္ေတာ့ ေရၾကက္သီးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ တစ္ပတ္ တစ္ခါ (သို႔) ႏွစ္ခါ လုပ္ေပးရင္ရပါတယ္။ဒီလိုလုပ္ေပးတာက မဲေနတဲ့ ဒူးဆစ္၊ တံေတာင္ဆစ္ေတြကို ျပန္ျဖဴလာေစတယ္ေနာ္။
Scrub လုပၸါ။
Scrub လုပ္ေပးျခင္းက ၾကမ္းတမ္းတဲ့အသားအေရကို ႏူးညံ့ေစၿပီး ေနေလာင္တာေတြ၊ မဲေနတာေတြကို ျပန္ျဖဴလာေစပါတယ္။
Scrub လုပ္နည္းကေတာ့ ပန္းကန္တစ္လုံးထဲကို သၾကားညိဳ (သို႔) သၾကားအျဖဴ – စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ သံလြင္ဆီ (သို႔) အုန္းဆီ – စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ၿပီး သမေအာင္ေမႊပါ။
ၿပီးရင္ေတာ့ လက္နဲ႔ယူၿပီး ဒူးဆစ္၊ တံေတာင္ဆစ္ေနရာေတြကို ေျဖးေျဖးနဲ႔ညႇင္သာစြာပြတ္ေပးပါ။ ၾကာၾကာပြတ္ၿပီးရင္ေတာ့ ၁၅ မိနစ္ထားပါ။
အခ်ိန္ျပည့္ရင္ ေရခ်ိဳးလိုက္ပါ။ ၿပီးရင္ေတာ့ Lotion လိမ္း၊ Sunscreen လိမ္းပါ။ ဒါကိုလည္း တစ္ပတ္ တစ္ႀကိမ္ ပုံမွန္လုပ္ေပးပါ။