အေထြအေထြဗဟုသုတ

ငွေမကုန်ပဲ ရွှေထည်ပစ္စည်းတွေကို အိမ်မှာတင် အရောင်တင်နိုင်တဲ့နည်း

ငွေမကုန်ပဲ ရွှေထည်ပစ္စည်းတွေကို အိမ်မှာတင် အရောင်တင်နိုင်တဲ့နည်း”

လက်ဝက်ရတနာဆိုတာ မိန်းကလေးတိုင်း တန်ဖိုးထားရတဲ့ အရာဖြစ်ပါတယ်။ ရွှေထည်၊ ငွေထည် တွေဟာ တန်ဖိုးလည်း မြင့်သလို ဝတ်လိုက်တဲ့အခါမှာလည်း အရမ်းကို ကျက်သရေရှိပါတယ်။ ရွှေထည်၊ ငွေထည်တွေကလည်း

ကြာတဲ့အခါ အရောင်မှိုင်းသွားတာ၊ မည်းသွားတာ၊ ညစ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ရွှေထည်၊ ငွေထည်ပစ္စည်းလေးတွေကို ဒီနည်းလမ်းလေးတွေနဲ့ ပြောင်လက်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။

(၁) အမိုးနီးယား။အမိုးနီးယားဟာ ကြွေထည်ပစ္စည်းတွေကို သန့်စင်ပေးနိုင်ရုံသာမက စိန်တွေကိုလည်း တောက်ပအောင် ပြုလုပ်ပေ းနိုင်ပါတယ်။ အမိုးနီးယားကို ရေနွေး ၃ဆရောလိုက်ပါ။အဲဒီ့ အရည်ထဲကို စိန်ကိုနှစ်လိုက်ကာ၁၅

မိနစ်ခန့်စောင့်လိုက်ပါ။ ပြီးရင်တော့ ခြောက်သွေ့ပြီးသန့်ရှင်းတဲ့ အဝတ်လေးနဲ့ သုတ်လိုက်ပါ။ တောက်ပသစ်လွင်နေတဲ့ စိန်ကျောက်လေးကို တွေ့ရှိရမှာဖြစ်ပါတယ်။

(၂) ရှာလကာရည်။ရှာလကာရည်ဟာ သန့်ရှင်းရေးမှာ အရမ်းကို အသုံးဝင်တဲ့အရည်တစ်မျိုးဖြစ်တယ်ဆိုတာ အားလုံးလည်း အသိပါပဲ။ အဖြူရောင် ရှာလကာရည်ဟာ ကျောက်မျက် ရတနာတွေနဲ့ ရွှေထည်ပစ္စည်းတွေကို သန့်စင်ဖို့

အတွက် အကောင်းဆုံးပါပဲ။ရှာလကာရည်အနည်းငယ်ထဲကို ကျောက်မျက်နဲ့ ရွှေထည်တွေကို စိမ်ပေးလိုက်ရုံပါပဲ။ ၁၅ မိနစ်အကြာမှာ သွားပွတ်တံလေးနဲ့ တိုက်ပေးလိုက်ကာ ရေပြန်ဆေးပေးလိုက်ပါ။ ခြောက်အောင်သုတ်လို့ အပြီးမှာ

တော့ ပြောင်လက်နေတာကို တွေ့မြင်ရမှာပါ။

(၃) သွားတိုက်ဆေး။တခြားထွေထွေထူးထူးတွေ လုပ်မနေချင်ရင်တော့ သွားတိုက်ဆေးနဲ့လည်း အဆင်ပြေပါတယ်။ သွားတိုက်ဆေး တစ်လက်မခန့်ကို ရေနွေး လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ရောလိုက်ပါ။ပြီးရင်တော့သွားတိုက်ဆေးကို

ရတနာပစ္စည်းတွေအပေါ် သုတ်လိမ်းကာ အဝတ်လေးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ပြောင်လက်သွားတာကို တွေ့ရမှာပါ။

(၄) ခဲပတ်။ခဲပတ်ဟာ ငွေထည်တွေကို သန့်စင်ရာမှာအကောင်းဆုံးပါပဲ။ ပန်းကန်လုံးထဲကို ခဲပတ်ခင်းလိုက်ပါ။ ပြီးရင်တော့ ရေနွေးဆူဆူ၊ မုန့်ဖုတ်ဆိုဒါတို့ိကို ရောပြီးငွေထည် ပစ္စည်းတွေကို စိမ်လိုက်ပါ။ ၅ မိနစ်အကြာမှာတော့

အဝတ်ခြောက်လေးနဲ့သုတ်လိုက်ပါ။

Credit- Em Em