“မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ်မပြုအပ်”
တကယ်တော့ အဲ့တာက တနင်္ဂနွေသားသမီးတွေ အတွက် သတ်မှတ်ထားတဲ့ မွေးနေ့ ၊ အညွှန့်နေ့ နဲ့ ဆပွတ်နေ့ အတွက်ပါ။ လူတိုင်းအတွက် မဟုတ်ပါဘူး။
အဲ့ဒီ့လို လူတိုင်းအတွက်သာဆို ဆံပင်ညှပ်ဆိုင်တွေ တစ်ပါတ်မှာ( ၃)ရက်လောက် အလုပ်ပိတ်ရမလို ဖြစ်နေပါပြီ။
အဓိပ္ပါယ်ကောက်လွဲကြတဲ့သူတေဒုနဲ့ဒေးရှင်းပြဦးမှပါလေ…..
အတိုကောက်…
မွေးနေ့ – မိမိမွေးသည့်နေ့နံ
သောကြာ- အညွှန့်နေ့
တနင်္လာ – ဆပွတ်နေ့
အညွှန့်နေ့နဲ့ ဆပွတ်နေ့ မိမိမွေးနေ့တွေမှာ ညှပ်မိတဲ့ ဆံပင်တွေကို မကောင်းတဲ့ အောက်လမ်း၊ စုန်း၊ ကဝေ အစီအရင်တွေမှာ သုံးတဲ့အခါ ထိခိုက်မှုပိုများနိုင်လို့ပါ ။
အကြမ်းဖျင်းအားဖြင့်တော့ အဲ့ဒီ့နေ့တွေမှာ ဆံပင်ညှပ်မိရင် ဘုန်းကံနိမ့်နိုင်တာ ၊ ခိုက်တာ(မိသားစုအဆင်မပြေတာ၊ စီးပွားရေး ၊ ကျန်းမာရေး ထိခိုက်ခြင်း) စတာတွေဖြစ်တတ်ပါတယ်။ ။
စာကြွင်း (ယုံကြည်မှ ယုံပါ သူတစ်ပါးစီးပွား ထိခိုက်ပျက်စီးလိုစိတ်မရှိသည်မှာ မှန်ကန်သော စကားပင်ဖြစ်သည်)။
ဆက်ပြီးတော့ ရရက်သားသမီး နေ့နံတွေနဲ့တကွ အညွှန့်နေ့ ၊ ဆပွတ်နေ့တွေကို ပြောပြပါဦးမယ်။
၁။ တနင်္ဂနွေ သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. – တနင်္ဂနွေ
အညွှန့်နေ့- သောကြာ
ဆပွတ်နေ့- တနင်္လာ
၂။ တနင်္လာ သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. – တနင်္လာ
အညွှန့်နေ့- စနေ
ဆပွတ်နေ့- အင်္ဂါ
၃။ အင်္ဂါ သားသမီးများအတွက် ရှောင်ရန်
မွေးနေ့.- အင်္ဂါ
အညွှန့်နေ့- တနင်္ဂနွေ
ဆပွတ်နေ့- ဗုဒ္ဓဟူး
၄။ ဗုဒ္ဓဟူး သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. – ဗုဒ္ဓဟူး
အညွှန့်နေ့- တနင်္လာ
ဆပွတ်နေ့ – ကြာသပတေး
၅။ ကြာသပတေး သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. – ကြာသပတေး
အညွှန့်နေ့ – အင်္ဂါ
ဆပွတ်နေ့ – သောကြာ
၆။ သောကြာ သားသမီးများအတွက် ရှောင်ရန်
မွေးနေ့.- သောကြာ
အညွှန့်နေ့ – ဗုဒ္ဓဟူး
ဆပွတ်နေ့ – စနေ
၇။ စနေ သားသမီးများအတွက် ရှောင်ရန်
မွေးနေ့. – စနေ
အညွှန့်နေ့- ကြာသပတေး
ဆပွတ်နေ့- တနင်္ဂနွေ
အထက်ဖော်ပြပါ နေ့နံတွေကတော့ ဗေဒင် အယူနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ တချို့သော လူကြီးသူမများ ပြောပြချက် တချို့အား ဖော်ပြချင်ပါသေးတယ်။ ယခုဖော်ပြချက်မှာ (ဗုဒ္ဓဘာသာဝင် လူမျိုးများအတွက်သာ)။
မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်ရှေးလူကြီးသူမများ ဆိုလိုသည်မှာ….
ဤ ဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ပွင့်တော်မူပြီးသော ဂေါတမမြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ဥရုဝေဠတော၌ ဒုက္ကရစရိယာကျင့်တော်မူရန် တနင်္လာနေ့တွင် တောထွက်တော်မူပြီးနောက် အနော်မာသောင်ယံ၌ ဆံကေသာအား ပါယ်တော်မူခဲ့လေသည်။
ရှင်းလင်းချက် ။ ။
အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သည့်နေ့ (သောကြာနေ့)
ဆံကေသာ ပါယ်ဖြတ်သည့်နေ့ (တနင်္လာနေ့)
“ထို့ကြောင့် (သောကြာနေ့)တွင် မွေးဖွားသော အမျိုးသား၊ အမျိုးသမီးတို့သည် (တနင်္လာနေ့တွင်) ဆံပင်ညှပ်မည်ဆိုပါက ဘုရားအလောင်းတော်နှင့် အတုယူနှိုင်းယှဉ်ရာ ကျမည်ဖြစ်၍ သောကြာသားသမီးတို့သည် တနင်္လာနေ့တွင် ဆံပင်ညှပ်ခြင်းအမှု မပြုသင့်” ဟု ရှေးလူကြီးများ သတ်မှတ်ခဲ့ခြင်းသာ ဖြစ်ပါသည် ။
Crd



