Zawgyiဖြင့် ဖတ်ရန်)
ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ရသော ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သောသူ တစ်ဉီး ဖြစ်တဲ့အတွက်
သူမရဲ့သရုပ်ဆောင်ပီပြင်မှုနဲ့ သူတစ်ဖက်သားအား ကူညီဖေးမတတ်သော စိတ်ထားတို့ကြောင့် နာမည်ကြီးကာ လူချစ်လူခင်ပေါများလွန်းသူ တစ်ဉီးဖြစ်ပါတယ်။
ဒီဂျေပညာလေးဖြင့် မိသားစုအတွက် တစ်တပ်တစ်အား ရှာဖွေလုပ်ကိုက်နေသော ဇာတ်ပို့သရုပ်ဆောင်တစ်ဉီးအား သူနှင့်တွဲရိုက်ထားသော ပုံကို လူမှုကွန်ယက်ပေါ်တင်လိုက်၍ ဆိုကာ
(Unicodeဖြင့် ဖတ်ရန်)
ပရိသတ်ကြီးရေ သရုပ်ဆောင် နှိုင်းယှဥ်မြင့်မိုရ် ကတော့ ဗီဒီယိုဇာတ်ကား များစွာအပြင် ရုပ်ရှင်းကားကြီးတွေမှာပါ
ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ရသော ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သောသူ တစ်ဦး ဖြစ်တဲ့အတွက်
ပရိသတ်တွေရဲ့အားပေးမှုကို မင်းသမီးတွေနည်းတူ ခိုင်ခိုင်မာမာ ရရှိပိုင်ဆိုင်ထားသောသူ တစ်ယောက်လို့ ဆိုရမှာပါနော်။ နှိုင်းယှဥ်ဟာ ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဆိုပေမယ့်
သူမရဲ့သရုပ်ဆောင်ပီပြင်မှုနဲ့ သူတစ်ဖက်သားအား ကူညီဖေးမတတ်သော စိတ်ထားတို့ကြောင့် နာမည်ကြီးကာ လူချစ်လူခင်ပေါများလွန်းသူ တစ်ဦးဖြစ်ပါတယ်။
အဆင်မပြေစဥ်မှာ ဇွဲမလျော့ဘဲ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတို့ကြောင့် အဆင်ပြေလာခဲ့ချိန်မှာလည်း သူမအား ကူညီပေးခဲ့သူများနှင့်
သူမကဲ့သို့ ဇာတ်ပို့အလွှာမှ ခက်ခဲနေသူများအား လက်တွဲခေါ်ယူလို့ ရသလောက် အလုပ်များကို တွဲခေါ်ယူကာ စားဝတ်နေရေး ပြေလည်စေဖို့ ကူညီပေးနေသူ လည်းဖြစ်တဲ့အတွက်
ပရိတ်သတ်တွေက နှိုင်းယှဥ်ရဲ့အပေါ်မှာ အချစ်တွေ ပိုတိုးလာခဲ့ ကြရတာလည်းဖြစ် ပါတယ်။ ကြိုးစားအားထုတ်မှု ကောင်းကောင်း စိတ်ထားမှန်မှန်နဲ့ ရပ်တည်နေထိုင်ခဲ့တဲ့
သရုပ်ဆောင်နှိုင်းယှဥ်မြင့်မိုရ်ဟာ ယခုကာလမှာ အနုပညာ အလုပ်တွေ ရပ်နားထားပေမယ့် အခုဆိုရင် Live Sales Queenလို့ ဆိုရလောက်အောင်
ပရိသတ်များရဲ့ အားပေး ဝန်းရံ ချစ်ခင်ပေးမှုနဲ့ အွန်လိုင်းLive Salesလောကမှာ ဘုရင်မတစ်ပါးအလား ဝက်ဝက်ကွဲ အောင်မြင်နေတဲ့သူလည်း ဖြစ်ပါ တယ်။
ဒီနေ့မှာတော့ မတရားတာတွေ့လျှင် မနေတတ်သော ဇာတ်ပို့ဇာတ်ရံတွေ အတွက်ဆိုလျှင် အမြဲအသင့်ရှိနေတတ်သော နှိုင်းယှဥ်မြင့်မိုရ်က တချိန်က မင်းသားတစ်ယောက်ဖြစ်ပြီး
ယခုအခါမှာ DJလောကသို့ ဝင်ရောက်နေသော သရုပ်ဆောင်မင်းသားတစ်ယောက်က ဇာတ်ပို့သရုပ်ဆောင်ဘဝကနေ ဒီဂျေလောကသို့ ကူးပြောင်းကာ
ဒီဂျေပညာလေးဖြင့် မိသားစုအတွက် တစ်တပ်တစ်အား ရှာဖွေလုပ်ကိုက်နေသော ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအား သူနှင့်တွဲရိုက်ထားသော ပုံကို လူမှုကွန်ယက်ပေါ်တင်လိုက်၍ ဆိုကာ
မီဒီယာ အင်တာဗျူးတစ်ခုကနေ မယုံနိုင်ဖွယ်ရာ စကားအသုံးအနှုန်းများဖြင့် ချိုးနှိမ်စွာ ပြောကြားလာမှုအပေါ် ယခုလို တုန့်ပြန်ပြောလာခဲ့ တာကို တွေ့ရပါတယ်။
နှိုင်းယှဥ်မြင့်မိုရ် က “နာလားဆိုတော့ သိပ်နာတာပေါ့၊ ကျွန်မတို့ ဖြတ်လျှောက် ဇာတ်ပို့ ဇာတ်ရံ တွေကို နှိမ်တယ်ဆိုတာ public မှာ ချပြချင်ခဲ့တာ
ဘယ်သူမှ ယုံမှာ မဟုတ်ကြဘူး။ ခု မျက်နှာဖုံးတွေ သူတို့ကိုယ်တိုင် ဆွဲချွတ်ကြတာ ဆက်ချွတ်ကြပါ ဆိုပြီး ဇာတ်ပို့ဇာတ်ရံတွေဆိုပြီး
နောက်ကွယ်မှာ အမြဲနှိမ်ခဲ့ကြသူတွေက အခုအခါ လူရှေ့သူရှေ့မှာ ဟန်ဆောင်မျက်နှာဖုံးတွေ ပေါ်တင်ခွာချလာတာ ဖြစ်ကြောင်း ပြောကြားလာရင်း
တချိန်တုန်းထဲက ပရိသတ်ပြည်သူများအား ချပြပြောပြချင်သော်လည်း မယုံကြမှာစိုး၍ မပြောဖြစ်ခဲ့တာ ဖြစ်ကြောင်း ရင်ထဲမှာတော့
မချိအောင် နာရကြောင်းကို ပွင့်ပွင်းလင်းလင်း ပြတ်ပြတ်သားသား ပြောလာခဲ့တာပဲ ဖြစ်ပါ တယ်နော်။ ပရိသတ်ကြီးရေ
အနုပညာသည် သရုပ်ဆောင်ချင်း အတူတူကို အားလုံးဟာ သူ့ဇာတ်ရုပ် သူ့နေရာနဲ့သူ အရေးပါကြသူတွေ ဖြစ်ပေမယ့် ကိုယ်က မင်းသား/မင်းသမီး ဆိုကာ
ဇာတ်ရံဇာတ်ပို့တွေ အပေါ်မှာ ခွဲခြား နှိမ်ကာ ဆက်ဆံကြပြီး မတူသလို မတန်သလို ပြောဆိုကြတာဟာ ဆိုရင်တော့ တကယ့်ကို မဖြစ်သင့် မဖြစ်ထိုက်သော ကိစ္စတစ်ရပ်လို့ ဆိုရမှာပါနော်။
Credit