အေထြအေထြဗဟုသုတ

အင်ဥ ချက်စားခြင််း အကျိုးနှင့် တွဲမစား သင့်သော အစားစာများ

အင်ဥ ချက်စားခြင််း အကျိုးနှင့် တွဲမစား သင့်သော အစားစာများ..

အင်ဥဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင် ပါတယ်။

ဗီီတာမင် ဘီ၊ ဗီတာမင်ဒီ၊ကော့ပါး၊ ပိုတက်ဆီယမ်၊ Seleniun နဲ့ Antioxidant တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် အသားဓာတ်၊ အမျှင်ဓာတ်နဲ့ သံဓာတ်တွေ လည်းပါဝင် ပါတယ်။

ပြီးတော့ ပရိုတိိန်းဓာတ်တွေလည်း အများအပြား ပါဝင်တဲ့ အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေကို ဖြည့်ဆီးပေး ပါတယ်။ ပါဝင်တဲ့ အမျှင်ဓာတ်တွေကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး၊ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေး ပါတယ်။

အင်ဥ ချက်စားခြင််း အကျိုးနှင့် တွဲမစား သင့်သော အစားစာများ

အင်ဥမှာ အန်တီီအောက်စီးဒန့်တွေ ပါဝင်တဲ့ အတွက်လည်း ဆဲလ်တွေကို ဖျက်ဆီးမယ့် ဓာတ်တွေကိုကာကွယ်ပေး ပါတယ်။

အန်တီအောက်စီးဒန့်တွေဟာ ကင်ဆာရောဂါ၊ ဆီးချိုရောဂါတွေ ကနေ ကာကွယ်ပေး ပါတယ်။

အင်ဥဟာ အချို့သော ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို လျော့ကျစေပါတယ်။ ပဋိဇီဝဆေးတွေကိုတောင် ခုခံအားမြင့်မားတဲ့ ဘက်တီးရီးယားတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကိုတောင်ရပ်တန့်စေ တယ်လို့ဆို ပါတယ်။

အင်ဥ ချက်စားခြင််း အကျိုးနှင့် တွဲမစား သင့်သော အစားစာများ..

ဒါ့အပြင်် အင်ဥက ရောင်ရမ်းမှုကို လျော့ကျစေသလို အသည်း၊ အဆုတ်၊ ရင်သားအကျိတ် ဖွံ့ဖြိုးလာမှုကို တားဆီးပေးနိုင်တဲ့ အာနိသင် ရှိပါ တယ်။

အင်ဥမှာ အာဟာရဓာတ်တွေဖြစ်တဲ့ Antioxidant နဲ့ Amino Acid တို့ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို မြင့်တက်စေပြီး Copper ပါဝင်တာကြောင့် သံဓာတ်စုပ်ယူမှုကို အားကောင်းစေ ပါတယ်။

ပြီးတော့ ကိိုယ်အလေးချိန်ကို မြင့်တက်စေတဲ့ ကိုလက်စထေရောနဲ့ ကာဗိုဟိုက်ဒရိ တ်ပါဝင်မှု နည်းပါးပြီးအမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးရောဂါ၊ နှလုံးရောဂါဆိုင်ရာ ပြဿနာနဲ့ လေဖြတ်ခြင်းကိုကာကွယ်ပေး ပါတယ်။

အင်ဥ ချက်စားခြင််း အကျိုးနှင့် တွဲမစား သင့်သော အစားစာများ

ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ “မြေဥ၊ အင်ဥ၊ မှိုဥ၊ မှိုမျိုးတို့ကို သံသေဒဇ ဟူ၍လည်းကောင်း၊ ဘူမိဆန္ဒဟူ၍ လည်းကောင်း၊ သီလိန္ဒက ဟူလည်းကောင်းခေါ်၏။ ထိုမှိုမျိုးတို့သည် ကျိချွဲကုန်၏။

အေးကုန်၏။ ချိုဆိမ့်၏။ကြေခဲ၏။ မစင်ကြယ်လျှင် ဝမ်းသွန်၊ ဝမ်းပျက်၊ သလိပ်နာတို့ကိုဖြစ်စေတတ်၏” ဆိုထားတာကိုတွေ့ရပါတယ်။

သို့သော်လည်း မှိုဓာတ်မတည့်သူနဲ့ အစာအဆိပ်သင့်ဖူးသူတွေအနေနဲ့တော့ အင်ဥကို ဆင်ခြင်စားသုံးသင့်ဖို့လိုပါတယ်။

အင်ဥ အချဉ်တည်ထားတဲ့ အစားအစာတွေနဲ့ ကြက်ဟင်းခါးသီ၊ပဲငပိ၊ ဒူးရင်းသီး၊ ချောကလက်တို့နဲ့ တွဲဖက်မစားသုံးသင့်ပါဘူး။

ဒီလိုရာသီ မိုးဦးကျ အချိန်မှာ အင်ပင်တွေအောက် မြေကြီးကလေး ကွဲပြီး အာနေရင် အဲသည်နေရာကို ဓားချွန်လေး ဝါးစူးလေးနဲ့ ယက်ဖြဲရှာကြရပါတယ််

အင်ဥဟာ မှိုိ အမျိုးအစာ ဖြစ်တာကြောင့် မှိုမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်ပရိုတင်း အမိုင်နိုအက်ဆစ်ဓာတ် ကယ်လ်စီယမ် မီးစုန်းဓာတ် တွေ ပါဝင်ပါတယ််

ကျန်းမာရေး အကျိုးပြု ရာသီစာ ဖြစ်သော်လည်း အင်ဥ နှင့် ဓာတ်မတည့် သည့် အစားအစာများ မတည့်သူများ ရှိနိုင်သောကြောင့် သတိပြုဆင်ခြင် စားသောက် ရန် လိုအပ်ပါတယ်

အင်ဥကို ဒညင်းသီး ပီလောပီနံ၊မျောက်ငိုသီး ကြောင်လျှာသီး ကြက်ဟင်းခါး ၊ဂဏာန်း ဖားသား ဒူးရင်းသီး မျှစ်ချဉ် ပုဇွန်ချဉ် ငါးချဉ် ဆူးပုပ် ပဲငါးပိ တို့နဲ့ တွဲဖက် မစားသင့်ပါ

မူးဝေ အော့အန် တတ်ပါတယ်

သွေးတိုး ရောဂါရှိသူတွေနဲ့ နှလုံး သမားတွေ အတွက်လည််း အင်ဥကို ရှောင်သင့်ပါတယ် အင်ဥဟာ ခါးကိုက် ခါးနားတတ် သူတွေ အစာ အဆိပ်သင့်တတ်သူတွေ အတွက် ကတော့ သတိထားသင့်တဲအစား အစာပါ

အင်ဥမှာ ယူရစ်အက် ဆစ်ဓာတ်တွေ ပေါများစွာ ပါဝင်တာကြောင့် လေးဘက်နာ ရောဂါသမားတွေနဲ့ ဂေါက်ရောဂါသမားတွေ သတိထား စားသင့် ပါတယ်

Credit;