အေထြအေထြဗဟုသုတ

ကျား/မ အားလုံးတို့၏ အကြိုအကြားနေရာတွေပါမကျန် နေရာစုံပါတဲ့ မှဲ့ ဟောကိန်း

ကျား/မ အားလုံးတို့၏ အကြိုအကြားနေရာတွေပါမကျန် နေရာစုံပါတဲ့ မှဲ့ ဟောကိန်း

မှဲ့တည်နေရာနှင့် အဟောတွေပါ… လူတိုင်းမှာ မှဲ့ရှိတတ်တာမို့ ကျား/မ အားလုံး (ဗဟုသုတရအောင် တင်ပေးတာပါ) ဗဟုသုတအနေနဲ့မျှဝေတာပါ။ အမှန်ကြီးပဲလို့မ ပြော နိုင်သလို၊ အမှားတွေပါလို့လဲမဆိုသာပါဘူး။ ကိုယ့်မှာ ပါတာလေးတွေနဲ့ တိုက်ကြည်ပေါ့။ ကြိုက်လျှင်ယူ၊ မကြိုက်လျှင် ပယ်လိုက်ပါ။

ယောကျ်ားတို့၏ မှဲ့ တည်နေရာနှင့် အဟော….

( ၁ ) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏။ အပူသောကများလိမ့်မည်။မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာ သည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေ့ရတတ်ပါသည်။

( ၂ ) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ်အဝဝကို သုံးဆောင် ခံစားရတတ်သည်။

( ၃ ) ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ် ချင်စွဲလမ်းနှစ်သက်ပါသည်။

( ၄ ) နှာခေါင်းတည့်တည့် (နှာသီးထိပ်ဖျား)တွင် မှဲ့ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြား တတ်ပါသည်။

( ၅ ) ညာဘက်မျက်ခမ်းအောက်တွင် မှဲ့ရှိလျှင် မျက်နှာပွင့်လန်းတတ်သည်။ မျက်နှာမြင် ချစ်ခင်၍ အသံကြား သနားစေ-ဟူသောဆုတောင်းဖြင့် ပြည့်စုံသူဖြစ်သည်။ လူအများ၏ချစ်ခင်ခြင်း ခံရတတ်သည်။

( ၆ ) ဘယ်ဘက်မျက်ခမ်းအောက်နားတွင် မှဲ့ရှိလျှင် လူမုန်းများတတ်သည်။ အလုပ်လုပ်ကိုင်ရာတွင် အတိုက် အခံနှင့် ကြုံ ရတတ်သည်။ငယ်စဉ် အခါက ဆင်းရဲဒုက္ခ အ မျိုး မျိုး ကြုံတွေ့ခဲ့ရလိမ့်မည်။ အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုးလုပ်တတ်သည်။ ဇနီးမယားကို ချစ်ခင်သူဖြစ်မည်။ ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်။

( ၇ ) ညာဘက်ပါးမို့တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။ မျက်နှာပွင့်လန်းတတ်ပါသည်။ လောကကို တရားသဘောဖြင့် ရှု မြင် တတ်သောသူ ဖြစ်သည်။ အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည်။ အများအကျိုးဆောင်သည့် သာသနာပြုပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။

( ၈ ) ဘယ်ဘက်ပါးပေါ်တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းမချောများ (သို့မဟတု်) ထင်ရှားကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျတတ်ပါသည်။မိန်းမတို့၏ ချစ်ခင်စွဲ ခြင်း ကို အထူးသဖြင့် ခံယူရတတ်ပါသည်။

( ၉ ) ညာဘက်ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ ဆင်းရပြင်ပန်းတတ်သည်။

( ၁၀ ) ဘယ်ဘက်ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ ဘယ်အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည်။

( ၁၁ ) မေးစေ့တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။ သတင်းကောင်းဖြင့် ကျော်ကြားအောင်မြင်မည်။

( ၁၂ ) မေးစေ့နားတဝိုက်တွင် ထင်ရှားသောမှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင်အောင်မြင်တတ်သည်။ ကမ္ဘာကျော် သည့်ပုဂ္ဂိုလ် ထူးများတွင်လည်း ပါရှိသည်။

( ၁၃ ) မျက်ရည်စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ,ယာ)တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။ (သို့မဟုတ်) အိမ်ထောင်ရေးညံ့တတ်သည်။စီးပွားရှာရာတွင်ပင်ပန်း တတ်ပါသည်။

( ၁၄ ) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။ဆင်းရဲလျှင်လည်း တခဏတာဖြစ်၍ မမျှော်လင့် မ ထင်မှတ်သော အကြောင်းတခုခုဖြင့် ချမ်းသာတတ်ပါသည်။

( ၁၅ ) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်,ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစားဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ်အလတ် တန်း အဆင့်ဖြစ်လျှင် ဇောတိကသူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသောသူဌေး ဖြစ်တတ်ပါသည်။

( ၁၆ ) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ်တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကိုမှဲ့စလွယ်ဟု ခေါ်ဆိုသည်။

အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ပညာရှိကြီးများ၏ အဆိုအမိန့်အရ ယောကျ်ားတွင် မှဲ့စလွယ်ရှိခြင်းသည် ယခင် ဘဝဟောင်းက မင်းဖြစ်ခဲ့သူဖြစ်သည်ဟု အဆိုအမိန့်ရှိကြ၏။

မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့်ဘဝမျိုးနှင့်နေနိိုင်ရလိမ့် မည်။ လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံရတတ်သည်။ ဇနီးမယားအပေါ်တွင် သြဇာညောင်း တတ်ပါသည်။

( ၁၇ ) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန်ဖျတ်လတ်သူ ဖြစ်တတ်သည်။ လူမှုရေးကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူဖြစ်တတ် သည်။

( ၁၈ ) တင်ပါး၏ ဘယ်ဘက် (သို့မဟတု်) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည်။စိတ်သဘောထား နုတတ်သည်။ ယောကျ်ား ဖြစ်ပါ လျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူအနေအထိုင်များကို တွေ့ရတတ်သည်။

( ၁၉ ) ယောကျ်ား တန်ဆာ ထိပ်ဖူးနား တွင် မှဲ့ရှိလျှင် မိန်းမတို့၏ ချစ်ခင်စွဲလမ်း နှစ်သက်ခြင်းကို ခံစားရတတ်ပါသည်။ ရှေးဆရာကြီးများ ၏ အဆိုအမိန့်အရ မှဲ့များ လေ ပို၍ အစွမ်းထက်လေဟု ဆို၏။ ထိပ်ဖူးနားတွင် မှဲ့နှစ်လုံးထက်ပိုလျှင် အိမ်ထောင်ဆက် များတတ်သည်။ တန်ဆာ၏အရင်းပိုင်း တွင် မှဲ့ပါရှိလျှင် မှဲ့မပါသကဲ့သို့ ပင် စွမ်းအား မရှိဟု မှတ်ယူရပါမည်။

( ၂၀ ) ခြေဖဝါးအလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျနှေုမရဘဲ ခြေသလုံးအိမ်တိုင်ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝဆုံးပါး ပျက်စီး တတ်ပါသည်။

( ၂၁ ) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။ (သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။တုတ်၊ဓား၊လှံစသည့်လက် နက် ကိရိယာများကို ဆောင်ထားတတ်သည်။ တိုက်ခိုက်ရေးပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည်။

( ၂၂ ) ရင်ညွန့်တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။ တရားဓမ္မ နှလုံးသွင်းတတ် သည်။ လောကီ သမထဈာန်တန် ခိုး ဘက်သို့ လိုက်စားတတ်သည်။ သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများရ၍ ပေါက်မြောက်နိုင်သည်။

( ၂၃ ) ညာဘက်လ က်တွင် မှဲ့ပါရှိလျှင် ငွေကြေး ကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်း ကိုသာ ကြည့်မြင် တတ်သူ ဖြစ် တတ်ပါသည်။

( ၂၄ ) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ်တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံးပါရှိလျှင် လူအများ၏ ကြည်ညိုလေးစား ခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။ ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက်ရှိသူဖြစ်သည်။ ဝိဇ္ဇာလမ်းသို့လိုက်စားလျှင်ဆရာသမားကောင်း နှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည်။

မိန်းမတို့၏ မှဲ့ တည်နေရာနှင့် အဟော

( ၁ )နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောကျ်ားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။ သားယောကျ်ားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည်။

( ၂ ) ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာတတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။ မိမိ သြဇာကို နာခံမည့် လင်ယောကျ်ားအား ရတတ်သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောကျ်ားမွေးပြီး အကျိုးပေးတတ်သည်။

( ၃ ) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောကျ်ားများ ပေါများတတ် သည်။ ယောကျ်ား များ၏ နှစ်နှစ်ကာ ကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။ မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ် သက်သူဖြစ်သည်။

( ၄ ) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည်။ တဖက်သားပြောလာသည့်စကားကို မစဉ်းစား ဘဲ အယုံလွယ်တတ်ပါသည်။ ယောကျ်ား များ ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။

( ၅.) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။ လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ ကံကောင်းသူ ဖြစ်တတ်ပါသည်။

( ၆ ) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

( ၇ ) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့်နေထိုင်ရတတ် ပါသည်။

( ၈ ) ညာဘက် သားမြတ် (သို့) ဘယ်ဘက်သား မြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည်။ ပစ္စည်းချမ်းသာ သော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။ လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

( ၉.) ရင်၏ အလယ်ဗဟိုတည့် တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံ တတ်ပါသည် ။ မိမိ အပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောကျ်ားကို ရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

( ၁၀ ) မိန်းမယောနိတွင် ထင်ရှားစွာ မှဲ့ရှိလျှင် ရမ္မက်ကျူးတတ်သည်။ လျှပ်ပေါ်လော်လီတတ်သည်။ မာယာပရိယာယ် များတတ်ပါသည်။ မိမိစိတ်ကို မထိန်းနိုင်လျှင် ဘဝပျက်တတ်ပါသည်။

( ၁၁ ) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည် ။ ကတော်မယားဖြစ်တတ်ပါသည်။လူသိများပြီးထင်ရှားကျော်ကြားသောလင် ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်းသော ယောကျာ်ားဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်မည်ဖြစ်သည်။

ခရက်ဒစ်;