အေထြအေထြဗဟုသုတ

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ အောင်မြင်ဖို့အတွက်ဆိုရင် ဒီလိုစိတ်ဓာတ်မျိုး ထားဖို့တော့လိုမယ်

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ အောင်မြင်ဖို့အတွက်ဆိုရင် ဒီလိုစိတ်ဓာတ်မျိုး ထားဖို့တော့လိုမယ်

တောရွာလေး တစ်ရွာက လူငယ်လေး တစ်ယောက်ဟာ အောင်မြင် ကြီးပွားချင်လို့ မြို့ကြီးပေါ် တက်လာတယ်။ နှစ်ပေါင်း အတန်ကြာမှာ သူဟာ အကြီးအကျယ် အောင်မြင် ကြီးပွားသွားတယ်။

ဒီ အဖြစ်အပျက်မျိုး ဟာ ကမ္ဘာပေါ်မှာ အရင်ကလည်း ဖြစ်ခဲ့တယ်။ အခုလည်း ဖြစ်နေဆဲနဲ့ နောင်လည်း ဆက် ဖြစ်နေအုံးမှာပါ။ ဒီ အဖြစ်အပျက်ကို လူတွေ ကြားကြ၊ ဖတ်မိကြတဲ့ အခါ

လူတွေက သူတို့ဟာ ကံကောင်း လိုက်ကြတာ။ ဒါမှမဟုတ် ကြိုးစားလွန်းလို့ အောင်မြင်သွားကြတယ်လို့ စိတ်ထဲမှာ ဖြစ်ပေါ် ခံစားကြရတယ်။

ကံ၊ ဉာဏ်၊ ဝီရိယကြောင့် အောင်မြင်သွားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှု ရခြင်းမှာ လူတွေ သတိမမူတဲ့ အကြောင်းတွေလည်း ရှိနေ ပါသေးတယ်။ အဲဒါက burning desire ပြင်းပျတဲ့ လိုအင် ဆန္ဒ။

အဲဒီ ဆန္ဒကြောင့် သူတို့ဟာ သူတို့ဖြစ်ချင်တာ တစ်ခုထဲ ကိုပဲ သိနေတယ်။ မဖြစ် ဖြစ်အောင် လုပ်တယ်။ နောက်အကြောင်း တစ်ခုက… သူတို့ဟာ မြို့ပေါ် မတက်ခင်မှာ ဖေါင်ဖျက် ထားကြသူတွေပါ။ ဘုရင့်နောင် ဖေါင်ဖျက် ဆိုသလို

ရန်သူနဲ့ တိုက်ခိုက်လို့ ရှုံးရင် ကျွန်းပေါ်က ထွက်ပြေးစရာ ဖေါင်တွေ မရှိတော့လို့ အသက် အသေမခံနိုင်တာကြောင့် အတင်း ပြန်တိုက်ခိုက်လို့ ရန်သူတွေကို အောင်နိုင် ခဲ့ကြတယ်။

ဒီလိုပါပဲ… ရောမခေတ် စစ်ပွဲ တစ်ပွဲမှာ.. စစ်သူကြီးက သူ့စစ်သားတွေကို ပြန်ဆုတ် ထွက်မပြေးနိုင်အောင် ဆုတ်လမ်းက တံတားတွေကို မီးရှို့ ဖျက်ဆီး လိုက်တယ်။ စစ်သားတွေမှာ အသက်ရှင်ဖို့

ရန်သူတွေကို နိုင်မှ ဖြစ်တော့မယ် ဆိုတဲ့ အသိကြောင့်အင်အား အဆမတန်များတဲ့ ရန်သူတွေကို နိုင်နင်းလိုက်တယ်..။ ထို့နည်းတူပဲ… သူတို့ဟာ သူတို့ရွာက မထွက်လာခင်မှာ မိဘ၊ ဆွေမျိုး၊ ရည်းစား တွေကို

မအောင်မြင်မချင်း ရွာကို တသက် ပြန် မလာတော့ဘူး။ ဒါကလည်း သူတို့ကို အရှက် မရစေဖို့ မအောင်မြင်မချင်း ဆက်လက် ကြိုးစားနေဖို့ တွန်းအား ပေးနေပါတယ်။

အချုပ်ပြောရရင်သင် လုပ်နေတဲ့ အလုပ်ကို အောင်မြင်စေချင်ရင်.. ဖေါင်ဖျက်ထားဖို့ အရေးကြီးပါတယ်။ ဝန်ထမ်း တစ်ချို့ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကြည့်တယ်။ ဒါပေမဲ့ သူတို့ဟာ

ကိုယ်ပိုင်လုပ်ငန်း လုပ်လို့ မအောင်မြင်ခဲ့ရင် ဝန်ထမ်းလောကို ပြန်သွားမယ်လို့ စိတ်ကူးထားကြတယ်။ သူတို့ဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ အောင်မြင်ဖို့ အလားအလာ

အလွန် နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့… သူတို့ဟာ ဖေါင်ဖျက်ထားသူများ မဟုတ်ကြလို့ပါ။

Credit ဗန်းမော်သိန်းဖေ

လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။