မွန် ကရင် တနင်္သာရီ ခရီးသွားသူများ သိရှိနိုင်စေရန်
လတ်တလော မွန် ကရင် တနင်္သာရီဘက် ခရီးသွားသူများ ညောင်ခါးရှည် Xray အကြောင်း သိရှိနိုင်စေရန်
ပြန်လည်မျှဝေလိုက်ပါတယ်။ အဆိုပါနေရာကို သွားခဲ့မယ်ဆိုရင် အစားအသောက် နှင့်မိမိအသုံးအဆောင်ပစ္စည်းများထည့်သွားဖို့ မမေ့ပါနဲ့ဆိုပြီး ကြုံတွေ့ခဲ့ရတာကို အသိပေးပြောကြားထားပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးပြောပြချက်အရ ”ကျနော်ရဲ့ မိတ်ဆွေ မော်လမြိုင် မှ ရန်ကုန်သွားဖို့ကျိုက်ထိုမှာ ညအိပ်တယ်။
ယနေ့မနက်ကျိုက်ထိုမှ မနက်( ၆)နာရီ ထသွားတယ်။ ညောင်ခါးရှည်ရောက်တော့ကြိုတင်ပြီး.. ညအိပ်စောင့်နေတဲ့ယာဉ်တန်းတွေအများကြီးပဲ။
ညောင်ခါးရှည်ကနေ ထွက်ဖို့ ကြာချိန် အနည်းဆုံး (၂/၃)နာရီ ကြာပါတယ်။
မော်လမြိုင်မှ မနက်အစောကြီးထထွက်ပြီး ညောင်ခါးရှည်ကို မနက်၉/၁၀နာရီနောက်ပိုင်းမှ ရောက်လာတဲ့ ယာဉ်တွေဆိုရင် ၃/၄နာရီ လောက်အချိန်ကြာ စောင့်ရတယ်။
ယခု ဆိုရင် လပြည်နေ့နီးလာပြီး ဘုရားဖူး ခရီးသွားတွေ များလို့ ယာဉ်တန်းများပါတယ်။ ယာဉ်တန်း နည်းရင်တော့ အချိန် (၁)နာရီကြာပဲစောင့်ရတယ်။
ယာဉ်ကြောနှစ်ထပ်ဖြစ်နေတာကို မစောင့်နိုင်လို့ တက်ကျော်တဲ့ကားဆိုရင်တော့ လာထား ၅သောင်း ၊ ဝီးတက်ပါ သိမ်းတယ်။ ခရီသွား မိဘပြည်သူတွေ ဒုက္ခရောက်နေကြပြီ။
အဆိုပါနေရာကို သွားခဲ့မယ်ဆိုရင် အစားအသောက် နှင့်မိမိအသုံးအဆောင်ပစ္စည်းများထည့်သွားဖို့ မမေ့ပါနဲ့..။ မွန် ကရင် တနင်္သာရီက ခရီးသွားမိဘပြည်သူတွေ သိရှိရအောင် တင်ပြတာပါ” ဆိုပြီး အသိပေးထားပါတယ်။
ဓါတ်ပုံ ညောင်ခါးရှည် Xray က ယာဉ်တန်းပါ
Zawgyi
မြန္ ကရင္ တနသၤာရီ ခရီးသြားသူမ်ား သိရွိႏိုင္ေစရန္
လတ္တေလာ မြန္ ကရင္ တနသၤာရီဘက္ ခရီးသြားသူမ်ား ေညာင္ခါးရွည္ Xray အေၾကာင္း သိရွိႏိုင္ေစရန္ ျပန္လည္မွ်ေဝလိုက္ပါတယ္။ အဆိုပါေနရာကို သြားခဲ့မယ္ဆိုရင္ အစားအေသာက္ ႏွင့္မိမိအသုံးအေဆာင္ပစၥည္းမ်ားထည့္သြားဖို႔ မေမ့ပါနဲ႔ဆိုၿပီး ႀကဳံေတြ႕ခဲ့ရတာကို အသိေပးေျပာၾကားထားပါတယ္။
ကိုယ္တိုင္ႀကဳံေတြ႕ခဲ့သူတစ္ဦးေျပာျပခ်က္အရ ”က်ေနာ္ရဲ႕ မိတ္ေဆြ ေမာ္လၿမိဳင္ မွ ရန္ကုန္သြားဖို႔က်ိဳက္ထိုမွာ ညအိပ္တယ္။
ယေန႔မနက္က်ိဳက္ထိုမွ မနက္( ၆)နာရီ ထသြားတယ္။ ေညာင္ခါးရွည္ေရာက္ေတာ့ႀကိဳတင္ၿပီး.. ညအိပ္ေစာင့္ေနတဲ့ယာဥ္တန္းေတြအမ်ားႀကီးပဲ။
ေညာင္ခါးရွည္ကေန ထြက္ဖို႔ ၾကာခ်ိန္ အနည္းဆုံး (၂/၃)နာရီ ၾကာပါတယ္။
ေမာ္လၿမိဳင္မွ မနက္အေစာႀကီးထထြက္ၿပီး ေညာင္ခါးရွည္ကို မနက္၉/၁၀နာရီေနာက္ပိုင္းမွ ေရာက္လာတဲ့ ယာဥ္ေတြဆိုရင္ ၃/၄နာရီ ေလာက္အခ်ိန္ၾကာ ေစာင့္ရတယ္။
ယခု ဆိုရင္ လျပည္ေန႔နီးလာၿပီး ဘုရားဖူး ခရီးသြားေတြ မ်ားလို႔ ယာဥ္တန္းမ်ားပါတယ္။ ယာဥ္တန္း နည္းရင္ေတာ့ အခ်ိန္ (၁)နာရီၾကာပဲေစာင့္ရတယ္။
ယာဥ္ေၾကာႏွစ္ထပ္ျဖစ္ေနတာကို မေစာင့္ႏိုင္လို႔ တက္ေက်ာ္တဲ့ကားဆိုရင္ေတာ့ လာထား ၅ေသာင္း ၊ ဝီးတက္ပါ သိမ္းတယ္။ ခရီသြား မိဘျပည္သူေတြ ဒုကၡေရာက္ေနၾကၿပီ။
အဆိုပါေနရာကို သြားခဲ့မယ္ဆိုရင္ အစားအေသာက္ ႏွင့္မိမိအသုံးအေဆာင္ပစၥည္းမ်ားထည့္သြားဖို႔ မေမ့ပါနဲ႔..။ မြန္ ကရင္ တနသၤာရီက ခရီးသြားမိဘျပည္သူေတြ သိရွိရေအာင္ တင္ျပတာပါ” ဆိုၿပီး အသိေပးထားပါတယ္။
ဓါတ္ပုံ ေညာင္ခါးရွည္ Xray က ယာဥ္တန္းပါ”