အနုပညာ

ဒီနေ့မှာပဲ ချစ်သူနဲ့ ရွှေလက်တွဲသွားပြီဖြစ်တဲ့ အဆိုတော် ရွှေရည်သိန်းတန်

ဒီနေ့မှာပဲ ချစ်သူနဲ့ ရွှေလက်တွဲသွားပြီဖြစ်တဲ့ အဆိုတော် ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ ပရိသတ်ကြီးရေ ဂန္တဝင်တေးသံရှင်ကြီး.. တွံတေးသိန်းတန်ရဲ့ သမီးဖြစ်သူ မြန်မာသံအဆိုတော် ရွှေရည်သိန်းတန် ကိုတော့ အားလုံးပဲသိကြမှာပါနော်

သူမကတော့ ခင်ပွန်းကွယ်လွန်ပြီးယနေတိုင်အောင် ခင်ပွန်းဖြစ်သူကို တစ်ရက်မှ မေ့မရနိုင်သေးတဲ့အကြောင်းကို အမြဲတမ်းလိုလို ရေးသားနေခဲ့တာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ နေလကတော့ တတိယလှိုင်းမှာပဲ ကိုဗစ်ရောဂါနဲ့ ရုတ်တရတ် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ရှေ့သွားနောက်လိုက်နဲ့ လိုက်ဖက်လွန်းလို့ အားလုံးက ချစ်ခင်ကြတဲ့ သူမတို့ဇနီးမောင်နှံကတော့ ကိုဗစ်ကြောင့် သေကွဲကွဲခဲ့ရတာပဲဖြစ်ပါတယ်။

သူမသိပ်ချစ်ရတဲ့ ခင်ပွန်းကွယ်လွန်ပြီးနောက်ပိုင်း သူမကတော့ ခင်ပွန်းဖြစ်သူအတွက် အလှူအတန်းတွေများများ လုပ်ရင်းအချိန်တွေကို ကုန်ဆုံးနေပါတယ်။

အဆိုတော် ရွှေရည်သိန်းတန် ကတော့ မိန်းမသားဖြစ်နေပေမယ့် စီးပွားရေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်နေပြီး ဘာသာတရားကိုင်းရှိုင်းသူလဲ ဖြစ်ပါတယ်။

ရွှေရည်သိန်းတန် ဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးတစ်နှစ်မပြည့်ခင်မှာပဲ နောက်ထပ်ချစ်သူအသစ် ထပ်မံရရှိသွားပြီဖြစ်ကြောင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

သူမရဲ့ခင်ပွန်းဖြစ်သူဟာ သင်္ဘောသားတစ်ဦးဖြစ်ပြီး လက်တွဲဖော်ကောင်းတစ်ဦးလဲ ဖြစ်တာကြောင့် ဒီနေ့မှာပဲ ရွှေလက်တွဲသွားခဲ့ပါတယ်။

ပရိသတ်ကြီးရေ ပျော်ပျော်ရွှင်ရွှင်နဲ့ ရွှေလက်တွဲသွားပြီဖြစ်တဲ့ အဆိုတော် ‌ရွှေရည်သိန်းတန် တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit;Cele Only












Credit;Cele Only