အေထြအေထြဗဟုသုတ

ပိုက်ဆံချေးကြသူများမှတ်သားရန်..

ပိုက်ဆံချေးကြသူများမှတ်သားရန်

၁- ပိုက်ဆံချေးမယ်ဆိုရင် ချေးမယ်လို့ပဲ ပြောလိုက်ပါ။ဖြစ်ကြောင်းကုန်စဉ်ကို ဇာတ်စုံခင်းပြမနေပါနဲ့။ကြာပါတယ်။ မဟုတ်လည်း ချေးမှာပဲကို။ ဆိုတော့မရှိလို့ပဲချေးချေး၊ လက်လွန်နေလို့ပဲလှည့်လှည့်ပိုက်ဆံချေးတာဟာ ချေးတာပါပဲ။

၂- ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိပိုက်ဆံဟာ ပိုက်ဆံပါပဲ။ အချေးခံရတဲ့သူက ဘာမှမရှိလို့ပြန်မတောင်းရင် ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်။

၃- ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ (ငွေတိုးချေးစားသူများ မပါ)။ ဆိုတော့ ချေးလာတဲ့သူရှိလို့သာအားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲ။

၄- ပိုက်ဆံချေးတဲ့အခါ ပေါက်ကရလေးဆယ်တွေကိုရွှန်းရွှန်းဝေအောင် လျှောက်မပြောပါနဲ့..။ ကိုယ်ချေးချင်တဲ့ပမာဏ၊ ချေးထားမယ့်ကာလ၊ ပြန်ဆပ်မယ့်အချိန်နဲ့ပြန်ဆပ်မယ့်ပုံစံကိုသာ လိုတိုရှင်းပြောပါ။

၅- ကိုယ်ပစ်မှတ်ထားပြီး ပိုက်ဆံချေးလိုက်တဲ့သူဟာကိုယ်ချေးချင်သလောက် ရှိတဲ့သူ ဖြစ်ချင်မှဖြစ်ပါမယ်။သူက မရှိဘူးလို့ ပြောရင် အဲ့ဒါကို အတည်ပဲမှတ်ပါ။အားနာပြီး စိတ်ရှုပ်ရအောင် ထပ်ပြီး နားမပူပါနဲ့။ကိုယ်လိုချင်သလောက်မရဘဲ သူပေးနိုင်သလောက်သာပေးရင်လည်း ထိုနည်းအတူပါပဲ။ ရသလောက်သာချေးပါ။

၆- အရေးကြီးဆုံးအချက်ပါ။ သေချာပြန်ဆပ်ရပါမယ်။ကိုယ်ကတိပေးထားတဲ့အချိန်မှာ သေချာပေါက်ကိုပြန်ဆပ်ရပါမယ်။ အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်။ ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။

၇- ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင်လုပ်တာဟာပိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့ လူသတ်ချင်စိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။

၈- ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ်ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့။ ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာအင်မတန်မှကို လူဝါးဝရာကျပါတယ်။

၉- အဆိုးဆုံးက ကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီး ရင့်ရင့်သီးသီးဆက်ဆံတာနဲ့က်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာပါပဲ။

၁၀- သူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။ ကိုယ်ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေကောင်းလေပါပဲ။ မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။သူမေးလာတဲ့အထိ စောင့်မနေပါနဲ့။ တခါတလေသူတို့က မမေ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့ပိုက်ဆံကို တန်းသတိရပါတယ်။ အားနာလို့သာမေ့ချင်ယောင်ဆောင်နေကြတာပါ။ လူလိုနားလည်ပါ။

၁၁- ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့စိတ်ကို ချနင်းတာပါပဲ။ တော်တော်ယုတ်ညံ့တဲ့စိတ်ပါ။ဆိုတော့ ချေးပေးမိတဲ့သူတွေက အားမနာကြပါနဲ့။အချိန်တန်ရင် ကိုယ့်ပိုက်ဆံကို ပြန်တောင်းပါ။

၁၂- တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။

ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊ အားနာလို့၊ ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေး ထုတ်ပြီး ချေးပေးတာဖြစ်ပါတယ်။

၁၃- ကတိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။ကတိတည်လိုက်ရင် နောင်လည်း.. လိုတဲ့အခါ ရနိုင်ပါမယ်။မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကို ကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ အရမ်းနှမြောဖို့ကောင်းပါတယ်။

ဆိုတော့ ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။

Crd ; Wai Phyo Maung