သောက်ရေသန့်တွေကို ရေနွေးကျိုချက်သောက်ရင် ကင်ဆာဖြစ်စေနိုင်လား
အခုတစ်လော Facebook လူမှုကွန်ယက်စာမျက်နှာမှာ သောက်ရေသန့်ကို ရေနွေးကျိုချက်ရာမှာသုံးသော၊ထမင်းဟင်းချက်ရာမှာသုံးသော သူတွေကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့တဲ့ ပိုစ့်တစ်ခု အကြောင်း လက်လှမ်းမှီသလောက်လေး ရှင်းပြပါရစေ။
အဆိုပါ ပိုစ့်ခေါင်းစဉ်ကတော့ သောက်ရေသန့်တွေကို အပူပေးလိုက်တဲ့အခါ ကင်ဆာဖြစ်စေနိုင်တယ် ဆိုတာပါပဲ။
ပျံ့နှံ့နေတဲ့ပို့စ်မှာ ပါဝင်တဲ့ အချက်အလက်တွေကို ဦးစွာပြောပြရလျှင် –
” ရေသန့်ကို ရေနွေးကျိုသောက်တာ မဟုတ်ပဲ နေပူထဲချထားရင်တောင်ကင်ဆာဖြစ်ပါတယ်။ ရေသန့်ဖြစ်ဖို့ကလိုရင်းဆေးခပ်ရပါတယ်။
ရေသန့်ထဲမှာထည့်ထားတဲ့ ကလိုရင်းဓာတ်က အပူနဲ့ထိတွေ့တဲ့အခါ ကလိုရိုဖောင်းဓာတ်အဖြစ်ပြောင်းလဲသွားပြီး ကြာရှည်အပူပေးသုံးစွဲလာတဲ့အခါ
မအီမသာဖြစ်ခြင်း ခေါင်းကိုက်ခြင်း ပျို့အန်ခြင်း အမည်မဖော်နိုင်တဲ့ရောဂါတွေဖြစ်လာခြင်းများဖြစ်ပေါ်လာပြီး ကင်ဆာဘက်ကိုနွယ်လာနိုင်တာမျိုးဖြစ်နိုင်ချေများပါတယ်။
pH 7ကို ထပ်ပြီးသန့်စင်လျှင် Alkali ရေသန့်ဖြစ်သွားမယ်၊ Alkali ရေသန့်က ကျန်းမာရေးအတွက် ပိုပြီး အဆင်ပြေတယ်၊Alkaline အထိလည်း ထပ်ပြောင်းလဲလို့ ရတယ်။ ”
ထိုအကြောင်းအရာကို လူမှုကွန်ယက်စာမျက်နှာမှာလည်း ပြန်လည်မျှဝေသူများပြားလွန်းသည်က တစ်ကြောင်း မှားယွင်းသော ယူဆချက်တွေကို လူအများ အမှန်လို့ ကောက်ချက်ချမိမှာစိုးသောကြောင့်
တစ်ကြောင်း စတဲ့ အကြောင်းများကြောင့်သာ လက်လှမ်းမှီသလောက် Knowledgeများကို Shareပေးခြင်းသာ ဖြစ်ပါတယ်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ညွှန်းပြီး ထိခိုက်လိုစိတ်၊ပျက်စီးစေလိုစိတ်နဲ့ ရေးတာ မဟုတ်ကြောင်း ဦးစွာပြောပါရစေ။
အကြမ်းအားဖြင့်ဆိုရသော် သောက်ရေသန့်ဆိုတာ သာမာန်ရေ(တွင်းရေ၊ကန်ရေ၊မိုးရေ၊ချောင်းရေ၊အဝီစိရေ)စတဲ့ ထုတ်လုပ်မှုကုန်ကြမ်းရဲ့ အရည်အသွေးကို စစ်ဆေးပြီး
အနည်နှင့်ပိုးမွှားတွေကို စက်ကိရိယာအဆင့်ဆင့်နှင့် စစ်ထုတ်ပေးရုံ သာမက အဆိုပါရေနှင့်အတူ ပျော်ဝင်နေတဲ့📝 ဓာတုပစ္စည်းများကိုလည်း လိုအပ်ချက်ထက်ပိုပြီး မပါဝင်နိုင်စေဖို့ စနစ်တကျ လိုတိုး/ပိုလျော့ လုပ်ထားသောရေကို ဆိုလိုပါတယ်။
ပျုံ့နှံ့နေတဲ့ ပိုစ့်မှာ ပါဝင်တဲ့ အချက်တွေကို ပြန်ပြီး ရှင်းပြရလျှင် –
(1) သောက်ရေသန့်ဘူးတွေကို နေပူထဲထားရင် ဘာ့ကြောင့် ကင်ဆာဖြစ်စေနိုင်တာလဲ?
တကယ်တော့ ကျွန်တော်မကြာခဏပြောဖူးသလိုပဲ ရေရဲ့ အထူးခြားဆုံးဂုဏ်သတ္တိက သူကိုယ်တိုင် အဆိပ်အတောက်တွေကို မဖြစ်ပေါ်စေနိုင်ပါဘူး။
ထို့အတွက် သောက်ရေသန့်ဘူးတွေကို နေပူထဲ ကြာရှည်ထားရင်(သို့မဟုတ်) နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သောနေရာမှာထားရင်တောင် သောက်ရေသန့်က ကိုယ်တိုင် ဓာတုဓာတ်ပြုမှု၊ ညစ်ညမ်းမှုကို မဖြစ်စေနိုင်ပါဘူး
။သို့ပေမယ့် သောက်ရေသန့်ကို ထည့်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ ပလပ်စတစ် ရေသန့်ဘူးကတော့ နေရောင်ခြည်နဲ့ အချိန်အတော်ကြာ တိုက်ရိုက်ထိတွေ့တဲ့အခါ(သို့မဟုတ်) နေပူကြီးမှာ သောက်ရေသန့်ဘူးတွေကို
အမိုးအကာမပါပဲ လှည့်လည်ရောင်းချတဲ့အခါမှာ Bisphenol A (BPA)လို့ခေါ်တဲ့ အဆိပ်ငွေ့ထွက်လာစေနိုင်ပြီး အဆိုပါအဆိပ်မှ ရေနှင့်အတူရောနှောပျော်ဝင်သွားသောအခါ
အဆိုပါရေက ဓာတုဓာတ်ပြုမှုတွေ ဖြစ်ပေါ်စေနိုင်ပြီး သောက်သုံးမိပါက ကင်ဆာကဲ့သို့ ဆိုးဝါးသောရောဂါများကို ခံစားရစေနိုင်ပါတယ်။
ထို့အတွက် အဖြေကတော့ နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့မှုအနည်းဆုံးဖြစ်သော သောက်ရေသန့်ကို ရေနွေးကျိုသောက်တဲ့အခါမှာတော့ သင့်ခန္တာကိုယ်အတွက် မည်သည့်ဆိုးကျိုးမှ မဖြစ်ပေါ်စေနိုင်ပါဘူး။
(2) သောက်ရေသန့်အမှတ်တံဆိပ်တွေက ရေကို သန့်စင်ဖို့အတွက် Chlorine ကို အသုံးပြုကြလား?
ရေကို စနစ်တကျ သန့်စင်ပြီး ထုတ်လုပ်ဖြန့်ချီရောင်းချပေးနေတဲ့ သောက်ရေသန့်အမှတ်တံဆိပ်မှန်သမျှ.. ရေသန့်ဘူးခွံတွေပေါ်မှာ “Free Chlorine” ဆိုပြီး အပါမခံပါဘူး။
ပါခဲ့ရင်လည်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)ကလည်း ထောက်ခံချက် ထုတ်ပေးမှာ မဟုတ်ပါဘူး။ တကယ်တော့ Chlorineကို ဘယ်နေရာတွေမှာအဓိကသုံးလဲဆိုရင်
ရေကူးကန်တွေ၊မြို့ပြရေပေးဝေရေးစီမံကိန်းတွေ၊အရေးပေါ်သောက်ရေသန့် လိုအပ်လျက်ရှိသော အခြေအနေမျိုးတွေ စတာတွေမှာ ကန်အတွင်း ပိုးမွှားပေါက်ဖွားမှုမရှိစေဖို့အတွက် Free Chlorineကို doseအနည်းငယ်ထည့်ပေးထားတတ်ကြပါတယ်။
– ထို့အတွက် အဖြေကတော့ သောက်ရေသန့် အမှတ်တံဆိပ်တွေမှာ Chlorineကို အသုံးပြုထားခြင်းမရှိပါဘူး။
(3) Alkali နဲ့ Alkaline ရေ ဆိုတာ ဘာလဲ?
အပြတ်သားဆုံးပြောရမယ်ဆိုရင် Alkali ဖြစ်ပြီးရင် Alkaline ဖြစ်တယ်ဆိုတာ လုံးဝကို သက်ဆိုင်ခြင်း မရှိပါဘူး။Alkali ဆိုတာ( Noun Form )ပါ၊Alkaline ဆိုတ
(Adjective Form)ပါ။သောက်ရေသန့် ပညာအရ သင့်တော်အောင်ဘာသာပြန်ရမယ်ဆိုလျှင် “Alkali” ကို “အဖန်ဓာတ်ရှိသော သတ္တု” / “Alkaline” ဆိုတာ “အဖန်ဓာတ်ပါဝင်သော” အဲ့လိုပြန်ရမှာပါပဲ ဖြစ်ပါတယ်။
ထို့အတွက်အဖြေကတော့ Alkali ဖြစ်ပြီး Alkaline ဖြစ်တယ်ဆိုတာ လုံးဝ(လုံးဝ)ကို မသက်ဆိုင်ပါဘူး။
Dr Sai Aung ThantZin
ေသာက္ေရသန႔္ေတြကို ေရေႏြးက်ိဳခ်က္ေသာက္ရင္ ကင္ဆာျဖစ္ေစနိုင္လား……..?
အခုတစ္ေလာ Facebook လူမႈကြန္ယက္စာမ်က္ႏွာမွာ ေသာက္ေရသန႔္ကို ေရေႏြးက်ိဳခ်က္ရာမွာသုံးေသာ၊ထမင္းဟင္းခ်က္ရာမွာသုံးေသာ သူေတြကို ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေစခဲ့တဲ့ ပိုစ့္တစ္ခု အေၾကာင္း လက္လွမ္းမွီသေလာက္ေလး ရွင္းျပပါရေစ။
အဆိုပါ ပိုစ့္ေခါင္းစဥ္ကေတာ့ ေသာက္ေရသန႔္ေတြကို အပူေပးလိုက္တဲ့အခါ ကင္ဆာျဖစ္ေစနိုင္တယ္ ဆိုတာပါပဲ။
ပ်ံ႕ႏွံ့ေနတဲ့ပို႔စ္မွာ ပါဝင္တဲ့ အခ်က္အလက္ေတြကို ဦးစြာေျပာျပရလၽွင္ –
” ေရသန႔္ကို ေရေႏြးက်ိဳေသာက္တာ မဟုတ္ပဲ ေနပူထဲခ်ထားရင္ေတာင္ကင္ဆာျဖစ္ပါတယ္။ ေရသန႔္ျဖစ္ဖို႔ကလိုရင္းေဆးခပ္ရပါတယ္။
ေရသန႔္ထဲမွာထည့္ထားတဲ့ ကလိုရင္းဓာတ္က အပူနဲ႔ထိေတြ႕တဲ့အခါ ကလိုရိုေဖာင္းဓာတ္အျဖစ္ေျပာင္းလဲသြားၿပီး ၾကာရွည္အပူေပးသုံးစြဲလာတဲ့အခါ
မအီမသာျဖစ္ျခင္း ေခါင္းကိုက္ျခင္း ပ်ိဳ႕အန္ျခင္း အမည္မေဖာ္နိုင္တဲ့ေရာဂါေတြျဖစ္လာျခင္းမ်ားျဖစ္ေပၚလာၿပီး ကင္ဆာဘက္ကိုႏြယ္လာနိုင္တာမ်ိဳးျဖစ္နိုင္ေခ်မ်ားပါတယ္။
pH 7ကို ထပ္ၿပီးသန႔္စင္လၽွင္ Alkali ေရသန႔္ျဖစ္သြားမယ္၊ Alkali ေရသန႔္က က်န္းမာေရးအတြက္ ပိုၿပီး အဆင္ေျပတယ္၊Alkaline အထိလည္း ထပ္ေျပာင္းလဲလို႔ ရတယ္။ ”
ထိုအေၾကာင္းအရာကို လူမႈကြန္ယက္စာမ်က္ႏွာမွာလည္း ျပန္လည္မၽွေဝသူမ်ားျပားလြန္းသည္က တစ္ေၾကာင္း မွားယြင္းေသာ ယူဆခ်က္ေတြကို လူအမ်ား အမွန္လို႔ ေကာက္ခ်က္ခ်မိမွာစိုးေသာေၾကာင့္
တစ္ေၾကာင္း စတဲ့ အေၾကာင္းမ်ားေၾကာင့္သာ လက္လွမ္းမွီသေလာက္ Knowledgeမ်ားကို Shareေပးျခင္းသာ ျဖစ္ပါတယ္။မည္သူတစ္ဦးတစ္ေယာက္ကိုမွ ရည္ညႊန္းၿပီး ထိခိုက္လိုစိတ္၊ပ်က္စီးေစလိုစိတ္နဲ႔ ေရးတာ မဟုတ္ေၾကာင္း ဦးစြာေျပာပါရေစ။
အၾကမ္းအားျဖင့္ဆိုရေသာ္ ေသာက္ေရသန႔္ဆိုတာ သာမာန္ေရ(တြင္းေရ၊ကန္ေရ၊မိုးေရ၊ေခ်ာင္းေရ၊အဝီစိေရ)စတဲ့ ထုတ္လုပ္မႈကုန္ၾကမ္းရဲ့ အရည္အေသြးကို စစ္ေဆးၿပီး
အနည္ႏွင့္ပိုးမႊားေတြကို စက္ကိရိယာအဆင့္ဆင့္ႏွင့္ စစ္ထုတ္ေပး႐ုံ သာမက အဆိုပါေရႏွင့္အတူ ေပ်ာ္ဝင္ေနတဲ့📝 ဓာတုပစၥည္းမ်ားကိုလည္း လိုအပ္ခ်က္ထက္ပိုၿပီး မပါဝင္နိုင္ေစဖို႔ စနစ္တက် လိုတိုး/ပိုေလ်ာ့ လုပ္ထားေသာေရကို ဆိုလိုပါတယ္။
ပ်ဳံ႕ႏွံ့ေနတဲ့ ပိုစ့္မွာ ပါဝင္တဲ့ အခ်က္ေတြကို ျပန္ၿပီး ရွင္းျပရလၽွင္ –
(1) ေသာက္ေရသန႔္ဘူးေတြကို ေနပူထဲထားရင္ ဘာ့ေၾကာင့္ ကင္ဆာျဖစ္ေစနိုင္တာလဲ?
တကယ္ေတာ့ ကၽြန္ေတာ္မၾကာခဏေျပာဖူးသလိုပဲ ေရရဲ့ အထူးျခားဆုံးဂုဏ္သတၱိက သူကိုယ္တိုင္ အဆိပ္အေတာက္ေတြကို မျဖစ္ေပၚေစနိုင္ပါဘူး။
ထို႔အတြက္ ေသာက္ေရသန႔္ဘူးေတြကို ေနပူထဲ ၾကာရွည္ထားရင္(သို႔မဟုတ္) ေနေရာင္ျခည္ႏွင့္ တိုက္ရိုက္ထိေတြ႕ေသာေနရာမွာထားရင္ေတာင္ ေသာက္ေရသန႔္က ကိုယ္တိုင္ ဓာတုဓာတ္ျပဳမႈ၊ ညစ္ညမ္းမႈကို မျဖစ္ေစနိုင္ပါဘူး
။သို႔ေပမယ့္ ေသာက္ေရသန႔္ကို ထည့္သြင္းျဖန႔္ျဖဴးေရာင္းခ်ေနတဲ့ ပလပ္စတစ္ ေရသန႔္ဘူးကေတာ့ ေနေရာင္ျခည္နဲ႔ အခ်ိန္အေတာ္ၾကာ တိုက္ရိုက္ထိေတြ႕တဲ့အခါ(သို႔မဟုတ္) ေနပူႀကီးမွာ ေသာက္ေရသန႔္ဘူးေတြကို
အမိုးအကာမပါပဲ လွည့္လည္ေရာင္းခ်တဲ့အခါမွာ Bisphenol A (BPA)လို႔ေခၚတဲ့ အဆိပ္ေငြ႕ထြက္လာေစနိုင္ၿပီး အဆိုပါအဆိပ္မွ ေရႏွင့္အတူေရာေႏွာေပ်ာ္ဝင္သြားေသာအခါ
အဆိုပါေရက ဓာတုဓာတ္ျပဳမႈေတြ ျဖစ္ေပၚေစနိုင္ၿပီး ေသာက္သုံးမိပါက ကင္ဆာကဲ့သို႔ ဆိုးဝါးေသာေရာဂါမ်ားကို ခံစားရေစနိုင္ပါတယ္။
– ထို႔အတြက္ အေျဖကေတာ့ ေနေရာင္ျခည္ႏွင့္တိုက္ရိုက္ထိေတြ႕မႈအနည္းဆုံးျဖစ္ေသာ ေသာက္ေရသန႔္ကို ေရေႏြးက်ိဳေသာက္တဲ့အခါမွာေတာ့ သင့္ခႏၲာကိုယ္အတြက္ မည္သည့္ဆိုးက်ိဳးမွ မျဖစ္ေပၚေစနိုင္ပါဘူး။
(2) ေသာက္ေရသန႔္အမွတ္တံဆိပ္ေတြက ေရကို သန႔္စင္ဖို႔အတြက္ Chlorine ကို အသုံးျပဳၾကလား?
ေရကို စနစ္တက် သန႔္စင္ၿပီး ထုတ္လုပ္ျဖန႔္ခ်ီေရာင္းခ်ေပးေနတဲ့ ေသာက္ေရသန႔္အမွတ္တံဆိပ္မွန္သမၽွ ေရသန႔္ဘူးခြံေတြေပၚမွာ “Free Chlorine” ဆိုၿပီး အပါမခံပါဘူး။
ပါခဲ့ရင္လည္း အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲမႈ ဦးစီးဌာန (FDA)ကလည္း ေထာက္ခံခ်က္ ထုတ္ေပးမွာ မဟုတ္ပါဘူး။ တကယ္ေတာ့ Chlorineကို ဘယ္ေနရာေတြမွာအဓိကသုံးလဲဆိုရင္
ေရကူးကန္ေတြ၊ၿမိဳ႕ျပေရေပးေဝေရးစီမံကိန္းေတြ၊အေရးေပၚေသာက္ေရသန႔္ လိုအပ္လ်က္ရွိေသာ အေျခအေနမ်ိဳးေတြ စတာေတြမွာ ကန္အတြင္း ပိုးမႊားေပါက္ဖြားမႈမရွိေစဖို႔အတြက္ Free Chlorineကို doseအနည္းငယ္ထည့္ေပးထားတတ္ၾကပါတယ္။
– ထို႔အတြက္ အေျဖကေတာ့ ေသာက္ေရသန႔္ အမွတ္တံဆိပ္ေတြမွာ Chlorineကို အသုံးျပဳထားျခင္းမရွိပါဘူး။
(3) Alkali နဲ႔ Alkaline ေရ ဆိုတာ ဘာလဲ..?
အျပတ္သားဆုံးေျပာရမယ္ဆိုရင္ Alkali ျဖစ္ၿပီးရင္ Alkaline ျဖစ္တယ္ဆိုတာ လုံးဝကို သက္ဆိုင္ျခင္း မရွိပါဘူး။Alkali ဆိုတာ( Noun Form )ပါ၊Alkaline ဆိုတ
(Adjective Form)ပါ။ေသာက္ေရသန႔္ ပညာအရ သင့္ေတာ္ေအာင္ဘာသာျပန္ရမယ္ဆိုလၽွင္ “Alkali” ကို “အဖန္ဓာတ္ရွိေသာ သတၱဳ” / “Alkaline” ဆိုတာ “အဖန္ဓာတ္ပါဝင္ေသာ” အဲ့လိုျပန္ရမွာပါပဲ ျဖစ္ပါတယ္။
ထို႔အတြက္အေျဖကေတာ့ Alkali ျဖစ္ၿပီး Alkaline ျဖစ္တယ္ဆိုတာ လုံးဝ(လုံးဝ)ကို မသက္ဆိုင္ပါဘူး။
Dr Sai Aung ThantZin