အေထြအေထြဗဟုသုတ
တစ်ပတ်တာ ပြည်တွင်းရွှေဈေးကွက် သုံးသပ်ချက်နဲ့ ရှေ့အလားအလာ
မင်္ဂလာပါခင်ဗျ 6.11.2022(တနင်္ဂနွေနေ့) ပုံမှန် မြန်မာ့ရွှေဈေး၊ကမ္ဘာ့ရွှေဈေး ကွက်ပိတ်ရက်ပါခင်ဗျ။
တချို့ရွှေဆိုင်များကတော့ တစ်ပတ်တာအပိတ်ဈေးနဲ့ ဒီလို့နေ့မှာ ဝယ်ရောင်းကျသလို၊ ဝယ်လိုအား ရောင်းလိုအားနဲ့ ယှဉ်ပြီးရောင်းပါတယ်ခင်ဗျ။
တစ်ပတ်တာအတွင်းမှာ ကမ္ဘာ့ရွှေဈေးအမြင့်ဈေးနဲ့ပိတ်ခဲ့ပါတယ်။ ဒေါ်လာနဲ့ပတ်သတ်တဲ့ သတင်းတွေကလည်း အတက်ဘက် ကိုပိုပြီး အားသာတာကိုတွေ့ရပါတယ်။
မြန်မာကျပ်ငွေကတော့ နဂိုထဲက ဖောင်းပွနေတာကြောင့် ဒေါ်လာဈေး အကျဘက်တော့ မလာနိုင်သေးပါဘူးခင်ဗျ။ မြန်မာ့ရွှေဈေးလည်း ဒေါ်လာလိုမျိုးပါပဲခင်ဗျ။
တစ်ပတ်တာအတွင်းအလှုပ်အခတ်နည်းနည်းရှိလာခဲ့ပါတယ်။ ဒေါ်လာအပြောင်းအလဲ ဖြစ်လာရင်တော့ မြန်မာ့ရွှေဈေးလည်း ပြောင်းနိုင်ပါတယ်ခင်ဗျ။အတက်ဖက်ကိုတော့ စောင့်ကြည့်ရပါမယ်။
ဝယ်ဈေး၊ရောင်းဈေး ခွာမှုတွေလည်း ယခင်လို ပုံမှန်မဖြစ်သေးတာမို့ ဈေးတက်နေတယ်ဆိုပြီး အမြတ်ရလို့ မရောင်းစေချင်ပါဘူးခင်ဗျ။ လိုအပ်မှသာ ရောင်းထုတ်ပေးပါ။ ဝယ်လိုသူတွေကတော့ ဈေးနည်းနည်းလှုပ်လာပြီမို့ လက်ဝယ် ကိုင်ထားတာ မရှိမှသာဝယ်ပါ။ ကိုယ်ဝယ်ပြီး ဈေးကနောက်တစ်နေ့ အဆင်းကြမ်းပြီး
အမြင့်ဈေးမှာ ပိုက်မိမှာကြောက်ကြပါတယ်။ စောင့်ရင်းလည်း ကိုယ်ထင်သလို ဈေးကမကျပဲ ပိုပို တက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရွှေကိုရေရှည်ကိုင်ထားရင် တော့အကောင်းဆုံးပါခင်ဗျ။ Writer – ကြည်စိုးဦး