သေတတ်သည် သတိထားပါ
ညနေကတောင်ဖြစ်သေးတယ
တံတွေးခန်းပြီး လူက မိုက်ကနဲပဲ ရေပြေးသောက်လိုက်မှ သက်သာတယ်..”
အယ်နီညိုမှာဒီရောဂါကြောင့်အများ ကြီးသေနိင်ပါတယ် ။
Heat Stroke အပူလျှပ်တဲ့ရောဂါပေါ့။ ကျွန်တော်ဖြစ်ဖူးပါတယ်။ ကားစီးနေရင်းခန္ဓာကိုယ်တစ်ခုလုံးပူလာပါတယ်။
ပါးစပ်နှာခေါင်း မျက်စိတွေကအစပေါ့။ ပြီးတော့ဒီလောက်ပူနေတာချွေးမထွက်ဘူး။ ခေါင်းတွေမူးခြေတွေလက်တွေတုန်လာတယ်။
ဖြစ်တာကဥက္ကံမြို့အကျော်ဖလုံရွာနားမှာ။ Expressပေါ်မှာနာရီတွက်ကြည့်မိတယ်။
နောက်မိနစ်၂၀မှတိုက်ကြီးရောက်မယ် ။ရေသန့်ဗူးကိုသောက်ပါတယ်။ မရ။
သောက်ပြီးတာနဲ့ပါးစပ်ထဲမှာတံတွေးမရှိတော့ပါ။ခြောက်ကပ်သွားပါတယ်။ရေလဲကုန်ပြီ။ပေလို့မရတော့။ ကားစပါယ်ယာခေါ်ပြီးဓါတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုင်္ပြီးအကူအညီတောင်းပါတယ်။ဓါတ်ဆားနှစ်ထုပ်ရပါတယ်။
ရေဗူးတွေလည်းရပါတယ်။သောက်လိုက်တော့ပါးစပ်မှာတံတွေးပြန်ထွက်လာပါတယ်။
မူးတာမပျောက်နှလုံးခုန်မြန်တာနဲနဲသက်သာပါတယ်။ မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပါ။
တိုက်ကြီးမှာဆင်းပြီးအနီးဆုံးဆေးခန်းကိုကျွန်တော်ပြေးပါတယ်။ ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပါတယ်။
သွေးချိန်တော့၅၀/၄၀ကိုကျသွားပါပြီ။ဆရာဝန် မလေးကချက်ချင်းဒရစ်ချိတ်ဆယ်လူပေးပြီပေါ့..။
ရှင့်ဆုံးဖြတ်ချက်မှန်တယ်။ မဟုတ်ရင်အသက်အန္တရာယ်နီးတယ်တဲ့။ ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။ သတိရှိလို့ပါ။ ပေရင်သေပါတယ်။
ဒါကြောင့်ချွေးမထွက်ပ ဲတကိုယ်လုံးပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။ မရှက်ပါနဲ့။ ရေဖျော်ရည်ဓါတ်ဆားရေသောက်ပါ။ အ
ချိန်မဆွဲပါနဲ့။ ရောက်တဲ့နေရာက ကျန်းမာရေးဌာနာမှာ ဒရစ်ချိတ်ပါ။ ဓါတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။ ချက်ချင်းသောက်ပါလို့ဖြစ်ဖူးတာကိုတင်ပြပါတယ်။
အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာမသိရင်ဒုက္ခနဲ့လှလှတွေ့မှာပါ။ သတိထားပေးကြပါ။
ပေလို့မရပါ။ ၁၅မိနစ်အတောအတွင်း Body heat ကို ၄၀အောက်ပြန်မချနိင်ရင် ဆိုးရွားသွားနိင်ပါတယ်။ ရေဖျော်ရည်ဓါတ်ဆားအဓိကပါ။
မဟုတ်တဲ့ ဆေးတွေလျှောက်တိုက်ရင်အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာမဟုတ်ပါ။
ဒါကြောင့်အပူလျှပ်တာကိုဖျားတာ နဲ့ရောမှာစိုးလို့ပါ။ ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ ။
နီးစပ်ရာလည်းသတိပေးပါ။ လာမှာနော်အယ်နီညိုနဲ့ အတူ
Heat Stroke တဲ့
K o M y a t O o (ထပ်ဆင့်ဖြန့်ဝေပါ ) #crd