ေဆာင္းရာသီမွာ ေရခ်ိဳးေနာက္က်တတ္သူေတြ သတိျပဳရမည့္အခ်က္မ်ား..
ေဆာင္းဥတုတြင္ ဒကၡိဏေခၚ ေတာင္ဝင္႐ိုးစြန္းမွ ေနထြက္သည္ ကမာၻႏွင့္ေဝးကြာလွသျဖင့္ ေနထြက္ခ်ိန္ ေနာက္က်လွသည္။
ေနႏွင့္ေဝးသျဖင့္ ေတေဇာဓာတ္အရနည္းသည္။
ထိုအခါ ေတေဇာဓာတ္ကို ေၾကာက္႐ြံ႕ေသာ အဖ်ားပိုးတို႔ ထႂကြၾကေလသည္။ေရာဂါပိုး အေတာ္မ်ားမ်ားသည္ ေနေရာင္ျခည္ကို ေၾကာက္ၾကသည္။
ေနေရာင္ျခည္တြင္ ေသၾကသည္။ပူမႈေအးမႈ ေတေဇာျပဳသည္ ေတေဇာယုတ္က ေရာဂါရသည္ ေတေဇာသည္ သက္ေစာင့္ဓာတ္ျဖစ္သည္။
သင္ေနထိုင္ေသာ အိမ္သည္ နံနက္ခင္း ေနေရာင္ျခည္ မရရွိလွ်င္ သင္၏အိမ္သားမ်ားသည္ မၾကာခန ဖ်ားနာၾကလိမ့္မည္ ေနေရာင္ျခည္က
သင့္အိမ္သို႔ မလာလွ်င္ သင္သည္ ေနေရာင္ျခည္ရွိရာသို႔ သြားရေပလိမ့္မည္။
မနက္ခင္း ေနေရာင္ျခည္ကို နာရီဝက္ခန႔္ ခံယူလိုက္ယုံျဖင့္ သင့္အတြက္တစ္ ေန႔တာလုံ ေလာက္ေသာ ေတေဇာဓာတ္ကို ရရွိၿပီးျဖစ္ေပသည္။
ေငြမကုန္ေသာေဆးတစ္ပါးမွာ ေနေရာင္ျခည္ပင္ ျဖစ္ေပသည္။
မနက္ခင္းတြင္ ေရကူးကန္စသည္ တြင္ ေနေရာင္ျခည္ခံ၍ ေရခ်ိဳးရျခင္းသည္ အထူးက်န္းမာေစသည္။ေဆာင္းတြင္မနက္(၁၁)နာရီခန႔္အတြင္း
ေရခ်ိဳးျခင္းသည္ အေကာင္းဆုံး ျဖစ္သည္။က်န္းမာသူလူငယ္မ်ားအတြက္ မနက္ေစာေစာကပင္ ေရခ်ိဳး
ႏိုင္ေသာ္လည္း အသက္ႀကီးပိုင္း လူႀကီးမ်ားမွာ ေရခ်ိဳး ဆင္ျခင္ရမည္ ေႏြ ကိုး၊မိုးတစ္ဆယ္၊ေဆာင္းတစ္ဆယ့္တစ္ ဆိုေသာ စာခ်ိဳးအတိုင္းသာ
ေရခ်ိဳးသင့္ည္ေႏြ၉မိုး၁ဝေဆာင္း၁၁ လူႀကီးမ်ားအတြက္ ေရခ်ိဳးခ်ိန္ျဖစ္ၾကသည္။
မိမိကိုယ္မိမိ က်န္းမာသည္ဟု ညေန(၆)နာရီအလုပ္မွ ျပန္လာၿပီး ေရခ်ိဳးသူလူငယ္ ကုပၼဏီဝန္ထမ္းတစ္ဦးမွာ လြန္ခဲ့ေသာရက္ပိုင္းက ဖ်ားလာၿပီး
အနားမယူခြင့္မရသျဖင့္ အလုပ္သြားခဲ့ၿပီး ေနာက္ရက္တြင္ ကိုဗစ္ႏိုင္တီး ကူးစက္မႈခံရသည္ဟု သိရွိရသည္။
သူ႔အိမ္ရွိ လူႀကီးမ်ားမိသားစုမ်ားပါ ေနအိမ္အျပင္ ထြက္ခြင့္မရ ေစာင့္ၾကည့္ျခင္း ခံၾကရသည္။ညေနဖက္ ေနဝင္ခ်ိန္ေရခ်ိဳးျခင္းကို
ေရွးဆရာႀကီးမ်ားကကန႔္ကြက္ ၾကသည္။က်န္းမာ ေရးအတြက္ ခြင့္မျပဳၾကေပ။
ေရခ်ိဳးမွားသည္ဆိုျခင္းမွာ ညေနႏွင့္ ညပိုင္းေရခ်ိဳးသူမ်ားတြင္ အျဖစ္မ်ားသည္ကို ေတြ႕ရေသာေၾကာင့္ ျဖစ္သည္။ေရခ်ိဳးဆင္ျခင္ျခင္းသည္
မမွားေသာအရာျဖစ္သည္ ညေနဖက္ ေရမခ်ိဳးျခင္းသည္ အေကာင္းဆုံး ျဖစ္မည္ထင္ပါသည္။မလြဲမေရွာင္သာ၍ ခ်ိဳးရမည္ဆိုလွ်င္လည္း လွ်င္ျမန္စြာခ်ိဳးပါ။
ေရေႏြးစပ္ၿပီးခ်ိဳးပါ။ ေရခ်ိဳးၿပီးလွ်င္ ေတေဇာဓာတ္ရေစရန္ ခ်င္းျပဳပ္ရည္ ပူပူေလး၊သို႔မဟုတ္ ခ်င္းတက္ကို ပါးပါးလွီး ေရေႏြးမတ္ခြက္တစ္လုံးမွာ
စိမ္ထားၿပီး အုပ္ထားၿပီးေကာ္ဖီတစ္ခြက္စာခန႔္ ေသာက္ေပးပါ
ရာသီဥတုဆိုးေသာ အခ်ိန္ အဖ်ားအနာထူေသာအခ်ိန္မ်ားတြင္ ခ်င္း၊ထန္းလ်က္ျပဳပ္ရည္ သို႔မဟုတ္ ကြမ္း႐ြက္ျပဳပ္ရည္ကို
မိသားစုလိုက္ ေသာက္သုံးျခင္းျဖင့္အဖ်ားေရာဂါမ်ား ကူးစက္ျခင္းေဘးမွ ကာကြယ္ႏိုင္ေၾကာင္း တင္ျပလိုက္ရပါသည္။ၾကည္လြင္ျမင့္(မုျဒာ)
Unicode;
ဆောင်းရာသီမှာ ရေချိုးနောက်ကျတတ်သူတွေ သတိပြုရမည့်အချက်များ
ဆောင်းဥတုတွင် ဒက္ခိဏခေါ် တောင်ဝင်ရိုးစွန်းမှ နေထွက်သည် ကမ္ဘာနှင့်ဝေးကွာလှသဖြင့် နေထွက်ချိန် နောက်ကျလှသည်။
နေနှင့်ဝေးသဖြင့် တေဇောဓာတ်အရနည်းသည်။
ထိုအခါ တေဇောဓာတ်ကို ကြောက်ရွံ့သော အဖျားပိုးတို့ ထကြွကြလေသည်။ရောဂါပိုး အတော်များများသည် နေရောင်ခြည်ကို ကြောက်ကြသည်။
နေရောင်ခြည်တွင် သေကြသည်။ပူမှုအေးမှု တေဇောပြုသည် တေဇောယုတ်က ရောဂါရသည် တေဇောသည် သက်စောင့်ဓာတ်ဖြစ်သည်။
သင်နေထိုင်သော အိမ်သည် နံနက်ခင်း နေရောင်ခြည် မရရှိလျှင် သင်၏အိမ်သားများသည် မကြာခန ဖျားနာကြလိမ့်မည် နေရောင်ခြည်က
သင့်အိမ်သို့ မလာလျှင် သင်သည် နေရောင်ခြည်ရှိရာသို့ သွားရပေလိမ့်မည်။
မနက်ခင်း နေရောင်ခြည်ကို နာရီဝက်ခန့် ခံယူလိုက်ယုံဖြင့် သင့်အတွက်တစ် နေ့တာလုံ လောက်သော တေဇောဓာတ်ကို ရရှိပြီးဖြစ်ပေသည်။
ငွေမကုန်သောဆေးတစ်ပါးမှာ နေရောင်ခြည်ပင် ဖြစ်ပေသည်။
မနက်ခင်းတွင် ရေကူးကန်စသည် တွင် နေရောင်ခြည်ခံ၍ ရေချိုးရခြင်းသည် အထူးကျန်းမာစေသည်။ဆောင်းတွင်မနက်(၁၁)နာရီခန့်အတွင်း
ရေချိုးခြင်းသည် အကောင်းဆုံး ဖြစ်သည်။ကျန်းမာသူလူငယ်များအတွက် မနက်စောစောကပင် ရေချိုး
နိုင်သော်လည်း အသက်ကြီးပိုင်း လူကြီးများမှာ ရေချိုး ဆင်ခြင်ရမည် နွေ ကိုး၊မိုးတစ်ဆယ်၊ဆောင်းတစ်ဆယ့်တစ် ဆိုသော စာချိုးအတိုင်းသာ
ရေချိုးသင့်ည်နွေ၉မိုး၁ဝဆောင်း၁၁ လူကြီးများအတွက် ရေချိုးချိန်ဖြစ်ကြသည်။
မိမိကိုယ်မိမိ ကျန်းမာသည်ဟု ညနေ(၆)နာရီအလုပ်မှ ပြန်လာပြီး ရေချိုးသူလူငယ် ကုပ္မဏီဝန်ထမ်းတစ်ဦးမှာ လွန်ခဲ့သောရက်ပိုင်းက ဖျားလာပြီး
အနားမယူခွင့်မရသဖြင့် အလုပ်သွားခဲ့ပြီး နောက်ရက်တွင် ကိုဗစ်နိုင်တီး ကူးစက်မှုခံရသည်ဟု သိရှိရသည်။
သူ့အိမ်ရှိ လူကြီးများမိသားစုများပါ နေအိမ်အပြင် ထွက်ခွင့်မရ စောင့်ကြည့်ခြင်း ခံကြရသည်။ညနေဖက် နေဝင်ချိန်ရေချိုးခြင်းကို
ရှေးဆရာကြီးများကကန့်ကွက် ကြသည်။ကျန်းမာ ရေးအတွက် ခွင့်မပြုကြပေ။
ရေချိုးမှားသည်ဆိုခြင်းမှာ ညနေနှင့် ညပိုင်းရေချိုးသူများတွင် အဖြစ်များသည်ကို တွေ့ရသောကြောင့် ဖြစ်သည်။ရေချိုးဆင်ခြင်ခြင်းသည်
မမှားသောအရာဖြစ်သည် ညနေဖက် ရေမချိုးခြင်းသည် အကောင်းဆုံး ဖြစ်မည်ထင်ပါသည်။မလွဲမရှောင်သာ၍ ချိုးရမည်ဆိုလျှင်လည်း လျှင်မြန်စွာချိုးပါ။
ရေနွေးစပ်ပြီးချိုးပါ။ ရေချိုးပြီးလျှင်..တေဇောဓာတ်ရစေရန် ချင်းပြုပ်ရည် ပူပူလေး၊သို့မဟုတ် ချင်းတက်ကို ပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာ
စိမ်ထားပြီး အုပ်ထားပြီးကော်ဖီတစ်ခွက်စာခန့် သောက်ပေးပါ
ရာသီဥတုဆိုးသော အချိန် အဖျားအနာထူသောအချိန်များတွင် ချင်း၊ထန်းလျက်ပြုပ်ရည် သို့မဟုတ် ကွမ်းရွက်ပြုပ်ရည်ကို
မိသားစုလိုက် သောက်သုံးခြင်းဖြင့်အဖျားရောဂါများ ကူးစက်ခြင်းဘေးမှ ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။ကြည်လွင်မြင့်(မုဒြာ)crd