မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့
အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခင်ဝင့်ဝါဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ အပြင်
တကယ့်ကို မွန်မြတ်ပြီး လူအများ တွက် အကျိုးရှိစေတဲ့ ပရဟိတ လုပ်ငန်းတွေကို ကုသိုလ်ပြု လုပ်ကိုင်နေတာ တွေ့ရပါတယ်။
အလှူရှင်ထည့်ဝင်လှူဒါန်းပေးတာတွေအပြင် သူမရဲ့ အနုပညာကြေးတွေနဲ့ ရပ်နီးရပ်ဝေးက အမှန်တကယ် လိုအပ်နေတဲ့
သူတွေအတွက် တတ်နိုင်တဲ့ဘက်က စားသောက်စရာများ၊ အလှူငွေများကို တတ်စွမ်းသလောက် ကိုယ်တိုင်ကိုယ်ကျ
ကူညီထောက်ပံ့ ကုသိုလ်ပြုပေးနေတာ ဖြစ်ပါတယ်။ သူမပြုလုပ်ခဲ့တဲ့ ကုသိုလ်အလှူလေးတွေကလည်း မြင်ရသူတိုင်း ကြည်နူးပီတိဖြစ်စေခဲ့ပါတယ်။
ယခုမှာလည်း မင်းသမီးချောလေး ခင်ဝင့်ဝါက နောက်ထပ် လေးစားကြည်နူးရတဲ့ လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါ
တယ်။ ဒါကတော့ တစ်ယောက်တည်း ခက်ခဲတဲ့ ဘဝကို ဖြတ်သန်းနေရတဲ့ တစ်ချိန်က လူကြမ်းသရုပ်ဆောင်ကြီး ဦးအာနိုးကို တတ်နိုင်သလောက်
ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ခင်ဝင့်ဝါကတော့ သူမရဲ့ လူမှုကွန်ယက်မှာ ဦးအာနိုးအား
တစ်ဖက်တစ်လမ်းကနေ ကုသိုလ်ပြုခဲ့တာလေး အပြင် ပါဝင်ကုသိုလ်ယူပေးကြတဲ့ အလှူရှင်တွေနဲ့..
ကူညီလှူဒါန်းနိုင်အောင် လိုက်လံပို့ဆောင်ပေးသူတို့ကို ကျေးဇူးတင်ရှိကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။
Credit
ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ခင္ဝင့္ဝါ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကို အခိုင္အမာရရွိထားတဲ့
အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခင္ဝင့္ဝါဟာ လက္ရွိမွာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနတဲ့ အျပင္
တကယ့္ကို မြန္ျမတ္ၿပီး လူအမ်ား တြက္ အက်ိဳးရွိေစတဲ့ ပရဟိတ လုပ္ငန္းေတြကို ကုသိုလ္ျပဳ လုပ္ကိုင္ေနတာ ေတြ႕ရပါတယ္။
အလႉရွင္ထည့္ဝင္လႉဒါန္းေပးတာေတြအျပင္ သူမရဲ႕ အႏုပညာေၾကးေတြနဲ႔ ရပ္နီးရပ္ေဝးက အမွန္တကယ္ လိုအပ္ေနတဲ့
သူေတြအတြက္ တတ္ႏိုင္တဲ့ဘက္က စားေသာက္စရာမ်ား၊ အလႉေငြမ်ားကို တတ္စြမ္းသေလာက္ ကိုယ္တိုင္ကိုယ္က်
ကူညီေထာက္ပံ့ ကုသိုလ္ျပဳေပးေနတာ ျဖစ္ပါတယ္။ သူမျပဳလုပ္ခဲ့တဲ့ ကုသိုလ္အလႉေလးေတြကလည္း ျမင္ရသူတိုင္း ၾကည္ႏူးပီတိျဖစ္ေစခဲ့ပါတယ္။
ယခုမွာလည္း မင္းသမီးေခ်ာေလး ခင္ဝင့္ဝါက ေနာက္ထပ္ ေလးစားၾကည္ႏူးရတဲ့ လႉဒါန္းမႈတစ္ခုကို ျပဳလုပ္ခဲ့ပါ
တယ္။ ဒါကေတာ့ တစ္ေယာက္တည္း ခက္ခဲတဲ့ ဘဝကို ျဖတ္သန္းေနရတဲ့ တစ္ခ်ိန္က လူၾကမ္းသ႐ုပ္ေဆာင္ႀကီး ဦးအာႏိုးကို တတ္ႏိုင္သေလာက္
ကိုယ္တိုင္ကိုယ္က် သြားေရာက္လႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။ ခင္ဝင့္ဝါကေတာ့ သူမရဲ႕ လူမႈကြန္ယက္မွာ ဦးအာႏိုးအား
တစ္ဖက္တစ္လမ္းကေန ကုသိုလ္ျပဳခဲ့တာေလး အျပင္ ပါဝင္ကုသိုလ္ယူေပးၾကတဲ့ အလႉရွင္ေတြနဲ႔..
ကူညီလႉဒါန္းႏိုင္ေအာင္ လိုက္လံပို႔ေဆာင္ေပးသူတို႔ကို ေက်းဇူးတင္ရွိေၾကာင္း ေရးသားေဖာ္ျပထားခဲ့ပါတယ္။
Credit