အေထြအေထြဗဟုသုတ
ထိုင်းသွားမယ့်သူတိုင်း သိထားရမယ့် အချက် (၅) ချက်
ထိုင်းသွားမယ့်သူတိုင်း သိထားရမယ့် အချက် (၅) ချက်
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံကိုသွားကြတဲ့မြန်မာနိုင်ငံသားအချို့ အသွား ၊ အပြန်လေယာဉ်လက်မှတ်နဲ့အတူ သတ်မှတ်ထားတဲ့ငွေကြေးပမာဏယူဆောင်သွားသော်လည်း လေဆိပ်အတွင်းထိန်းသိမ်းခံရတာဖြစ်ပါတယ်။
အဲ့ဒီအတွက် ထိုင်းကိုလာမည့် မြန်မာတွေအနေနဲ့ အပြန်လေယာဉ်လက်မှတ်နဲ့တည်းခိုမယ့်နေရာအတိအကျစီစဉ်ပြီးမှ လာကြပါလို့ ဘန်ကောက်ရှိ မြန်မာသံရုံးကလည်း.. သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံသို့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် လေကြောင်းလိုင်းများမှတစ်ဆင့် အလည်အပတ်ခရီး လာရောက်ပါက မဖြစ်မနေလုပ်ဆောင်သွားရမယ့် အချက်တွေကတော့
၁။ အပြန်ခရီးစဉ် လေယာဉ်လက်မှတ်
၂။ လူပုဂ္ဂိုလ် တစ်ဦးအတွက် ဘတ် ၁၀၀၀၀ နှင့် ညီမျှသော အမေရိကန်ဒေါ်လာ
၃။ မိသားစုတစ်စုအတွက် ဘတ် ၂၀၀၀၀ နှင့် ညီမျှသော အမေရိကန်ဒေါ်လာ
၄။ ထိုင်းနိုင်ငံမှာတည်းခိုမည့် ဟိုတယ်စီစဉ်ထားမှုအထောက်အထား၊
၅။ ထိုင်းနိုင်ငံအတွင်း မိတ်ဆွေ၏ နေအိမ်၌ တည်းခိုမည်ဆိုပါက မိတ်ဆွေမှဖိတ်ကြားထားသောစာ
(ဤစာတွင် ဖိတ်ကြားသည့် မိတ်ဆွေ၏ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ် ဖော်ပြထားရမည်၊ လေဆိပ် လဝကမှ လိုအပ်၍ အိမ်ရှင်ထံ ဖုန်းဆက်မေးမြန်းပါကမှန်ကန်စွာဖြေဆိုနိုင်ရမည်) စတဲ့ အချက်တွေဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ရမည့်သူများ ၊ လိုရာခရီးအဆင်ပြေချောမွေ့စွာ သွားရောက်နိုင်ကြစေဖို့ အသိပေးလိုက်ပါတယ်။
credit
credit