နေအိမ်တွင်မိရိုးဖလာ(အိမ်တွင်းနတ်အုန်း)ဆွဲး ခြင်းနှင့်လွဲ ချော်နေတဲ့အယူအစများ..
မိရိုးဖလာအိမ်တွင်းနတ်အုန်းနှင့်ထေရဝါဒဗုဒ္ဓဘာသာဗဟုသတအိမ်တွင်းနတ်နဲ့ပတ်သက်ပြီးစာဖတ်ပရိသတ်တစ်ဦးကဖော်ပြပါအတိုင်းမေးလာပါတယ်တပည့်တော်ရိုသေစွာလျှောက်ထားအပ်ပါသည်တပည့်တော်ငယ်ငယ်တုန်းက
အိမ်တွင်းအုန်းကိုအိမ်မှာတင်ပါတယ်တပည့်တော်အမေကဗုဒ္ဓဘာသာကိုယုံကြည်လာခဲ့တဲ့အချိန်အိမ်တွင်းမထားတော့ပါဘူးတပည့်တော်တို့အိမ်မှာအခုဘုရားစင်တစ်ခုပဲရှိပါသည်တပည့်တော်မင်္ဂလာဆောင်တော့မယ်ဆိုတော့တပည့်တော်
ယောက္ခမကသူ့တို့သားကသားအကြီးဆုံးမို့အိမ်တွင်းကိုးကွယ်ရမယ်လို့ ပြောပါတယ်။ ယောက္ခမတွေက ညွန်ချုပ်တို့ဆရာဝန်တို့ပါသူတို့ကပညာတတ်တွေပါဒါပေမဲ့ ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်မဟုတ်တော့တပည့်တော်တို့ကို
အတင်းတိုက်တွန်းပါတယ်။တပည့်တော်ကလည်းဆရာဝန်တစ်ယောက်ပါဗုဒ္ဓဘာသာကိုယုံကြည်ပါတယ်နတ်စင်ကိုအိမ်မှာမထားချင်ပါဘုရားနတ်စင်မထားသင့်တဲ့အကြောင်းကိုဆောင်းပါးလေးတစ်ပုဒ်လောက် ရေးပေးတော်မူပါလားလို့
အသနားခံ၍ တောင်းပန်လျှေက်ထားပါသည်။တပည့်တော်အပြင်တခြားသူတွေကိုလည်းသိစေချင်လို့ပါဘုရားဟုတ်ပါတယ်အိမ်တွင်းနတ်၊အိမ်တွင်းအုန်းဆွဲတာနဲ့ပတ်သက်ပြီးဘုန်းဘုန်းကိုယ်တိုင်လည်းမိဘတွေအိမ်မှာအတော်ပြန်ဖြုတ်
ယူရပါတယ်အရင်တုန်းကတည်းကဆွဲခဲ့တဲ့မိရိုးဖလာပူဇော်ပသမှုကိုဖယ်ဖို့ဆိုတော့အချိန်ယူခဲ့ရပါတယ်ပထမဖြုတ်မယ်လို့စဉ်းစားချိန်မှာခမည်းတော်ကြီးကကျန်းမာရေးဖောက်ပြီးအရေးပေါ် ရောက်လာလို့မဖြုတ်ဖြစ်ခဲ့ပါဘူး
တကယ်လို့အဲဒီအချိန်မှာ အိမ်တွင်းနတ်အုန်းဖယ်တာနဲ့ကြုံရင်ဒါဖြုတ်လို့ဆိုတဲ့အစွဲတွေဝင်သွားမှာအသေအချာပါပဲ။နောက်တစ်ခါ ဖြုတ်မယ်ဆိုတော့လည်းညီမတစ်ယောက်ကဆိုင်ကယ်မှောက်ပြီး ခြေကျိုးပါတယ်အဲဒီအချိန်နတ်အုန်း
ဖြုတ်တာနဲ့ကြုံရင်ဒါကြောင့်ဆိုတာမျိုးအစွဲတွေဖြစ်မှာအမှန်ပါအိမ်မှာဘယ်သူဘာမှမဖြစ်တဲ့အချိန်ကျမှနတ်အုန်းဖယ်ခဲ့တာခုတော့အိမ်မှာအိမ်တွင်းနတ်နဲ့အိမ်တွင်းအုန်းဆွဲတာတွေမရှိတော့ပါဘူးအိမ်တွင်းအုန်းဖယ်လိုက်တဲ့အတွက်
ဘယ်သူဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ပါဘူးဖြစ်ဖို့ကံပါလာရင်တော့အိမ်တွင်းနတ်အုန်းဆွဲဆွဲမဆွဲဆွဲ ဖြစ်မှာပါပဲ။ပြောချင်တာကမိရိုးဖလာယုံကြည်မှုတွေရဲ့အစွဲအလန်းတွေဟာ ထေရဝါဒဗုဒ္ဓဘာသာအရတော့အားပေးစရာမရှိပါဘူး
ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ရဲ့ယုံကြည်မှုဟာဘုရားတရားသံဃာ ရတနာသုံးပါးနဲ့ကံကံ၏အကျိုးကိုယုံကြည်မှုသက်သက်ဆိုရင်လုံလောက်ပါပြီကျန်တဲ့အယူဝါဒတွေဆိုတာဟာမှန်ကန်တဲ့ယုံကြည်မှုမျိုးမဖြစ်နိုင်ပါဘူး
ဒါပေမယ့်ကိုးကွယ်ခြင်းနဲ့ပူဇော်ပသခြင်းဆိုတာမျိုးကိုခွဲခြားထားတယ်ဆိုရင်တော့အထူးပြောစရာမရှိပါဘူး။ ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ရဲ့ကိုးကွယ်မှုဟာရတနာသုံးပါးပါပဲပူဇော်ပသတာကတော့မိရိုးဖလာသဘောမျိုးလုပ်လို့ရပါတယ်
ပူဇော်ပသရမှာကိုကိုးကွယ်တဲ့အဆင့်ရောက်သွားတာမျိုးကိုးကွယ်ရာရတနာသုံးပါးကိုပူဇော်ပသရုံလောက် ဖြစ်သွားတာမျိုးကတော့လမ်းလွဲသွားစေတော့တာ ဖြစ်ပါတယ်။သေချာတာကတော့အိမ်တွင်းနတ်အုန်းမဆွဲတဲ့အတွက်
ကြောင့်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာမျိုးမရှိပါဘူး။ ဖြစ်လာခဲ့ရင်လည်းဒါဟာတိုက်ဆိုင်မှုပါကိုယ့်ရဲ့အတိတ်ကံပစ္စုပ္ပန်ကံတွေရဲ့အကျိုးပေးချိန်နဲ့အခါအခွင့်သင့်မှုကြောင့်ပဲ ကောင်းတာဆိုးတာဖြစ်လာတတ်တာပါအိမ်စောင့်နတ်
ကျောင်းစောင့်နတ် စတာတွေ မရှိဘူးမဟုတ်ဘူး။ ရှိပါတယ်။ ရှိတယ်ဆိုတဲ့အတွက် တခမ်းတနား ကိုးကွယ်ထားဖို့တော့ မဟုတ်ပါဘူး။ အဲဒီနတ်တွေ ကိုယ်တိုင်လည်း ဒီလိုခမ်းနားကြီးကျယ်စွာ ကိုးကွယ်တာထက် သူတို့ကို မေတ္တာပို့ပေး..
ပြုသမျှကုသိုလ်အဖို့ကိုအမျှဝေပေးတာမျိုးကိုလိုလားတာဖြစ်ပါတယ်တကယ်တော့အိမ်စောင့်နတ်ဆိုတာအိမ်ရှိလို့ ရောက်လာတာကျောင်းစောင့်နတ်ဆိုတာကျောင်းရှိလို့ရောက်လာတာပါသူတို့ကိုယ်တိုင်ကအမှီပြုနေရတဲ့ဘဝဆိုတော့
သူများကိုမစဖို့ဆိုတာမလွယ်လှပေဘူးသူတို့ရဲ့ကူညီစောင့်ရှောက်မှုကိုရချင်ရင် ခုနပြောခဲ့သလို၊ မေတ္တာပို့၊အမျှဝေပေးပေါ့ဒီလောက်လုပ်ပေးရင်ကိုအိမ်စောင့်နတ်၊အိမ်တွင်းနတ်စတာတွေနဲ့ပတ်သက်ပြီးကိုယ့်ဘက်က
လုပ်ဆောင်ပေးချက်ဟာလုံလောက်သွားပါပြီသူတို့ဆန္ဒနဲ့လည်းတစ်ထပ်တည်းကျသွားပါပြီပေါ့ဒါကြောင့်အိမ်တွင်းအုန်းဆွဲခြင်းမဆွဲခြင်းဟာထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အတွက်အဓိကကျတဲ့ကိုးကွယ်ယုံကြည်မှုမဟုတ်တဲ့အတွက်
မဆွဲလည်းဘာမှမဖြစ်ပါဘူးရတနာသုံးပါးထက်ပိုပြီးယုံကြည်ကိုးကွယ်တာမျိုးမဟုတ်ဘဲမိရိုးဖလာပူဇော်ပသတဲ့အနေနဲ့နတ်အုန်းချိတ်ဆွဲတာဆိုရင်လည်းအထူးပြောစရာ မရှိပါဘူးအရေးကြီးဆုံးကကိုးကွယ်ရာနဲ့ပူဇော်ပသရာ
ကွဲပြားစွာခွဲခြားတတ်ဖို့နဲ့ပူဇော်ပသတာတွေကိုပယ်စွန့်ပြီးရတနာသုံးပါး ကံကံ၏အကျိုးသက်သက်ကိုသာအသက်နဲ့အမျှယုံကြည်ကိုးကွယ်ကြမယ်ဆိုရင်တော့ဗုဒ္ဓအလိုကျ ထေရဝါဒဗုဒ္ဓဘာသာတွေ ဖြစ်နေမှာအမှန်ပဲမဟုတ်လား ။
မေတ္တာဖြင့်မနာပဒါယီအရှင်ဝိစိတ
Zawgyi
ေနအိမ္တြင္မိ႐ိုးဖလာ(အိမ္တြင္းနတ္အုန္း)ဆြဲး ျခင္းႏွင့္လြဲ ေခ်ာ္ေနတဲ့အယူအစမ်ား..
မိ႐ိုးဖလာအိမ္တြင္းနတ္အုန္းႏွင့္ေထရဝါဒဗုဒၶဘာသာဗဟုသတအိမ္တြင္းနတ္နဲ႔ပတ္သက္ၿပီးစာဖတ္ပရိသတ္တစ္ဦးကေဖာ္ျပပါအတိုင္းေမးလာပါတယ္တပည့္ေတာ္႐ိုေသစြာေလွ်ာက္ထားအပ္ပါသည္တပည့္ေတာ္ငယ္ငယ္တုန္းက
အိမ္တြင္းအုန္းကိုအိမ္မွာတင္ပါတယ္တပည့္ေတာ္အေမကဗုဒၶဘာသာကိုယုံၾကည္လာခဲ့တဲ့အခ်ိန္အိမ္တြင္းမထားေတာ့ပါဘူးတပည့္ေတာ္တို႔အိမ္မွာအခုဘုရားစင္တစ္ခုပဲရွိပါသည္တပည့္ေတာ္မဂၤလာေဆာင္ေတာ့မယ္ဆိုေတာ့တပည့္ေတာ္
ေယာကၡမကသူ႔တို႔သားကသားအႀကီးဆုံးမို႔အိမ္တြင္းကိုးကြယ္ရမယ္လို႔ ေျပာပါတယ္။ ေယာကၡမေတြက ၫြန္ခ်ဳပ္တို႔ဆရာဝန္တို႔ပါသူတို႔ကပညာတတ္ေတြပါဒါေပမဲ့ ေထရဝါဒဗုဒၶဘာသာစစ္စစ္မဟုတ္ေတာ့တပည့္ေတာ္တို႔ကို
အတင္းတိုက္တြန္းပါတယ္။တပည့္ေတာ္ကလည္းဆရာဝန္တစ္ေယာက္ပါဗုဒၶဘာသာကိုယုံၾကည္ပါတယ္နတ္စင္ကိုအိမ္မွာမထားခ်င္ပါဘုရားနတ္စင္မထားသင့္တဲ့အေၾကာင္းကိုေဆာင္းပါးေလးတစ္ပုဒ္ေလာက္ ေရးေပးေတာ္မူပါလားလို႔
အသနားခံ၍ ေတာင္းပန္ေလွ်က္ထားပါသည္။တပည့္ေတာ္အျပင္တျခားသူေတြကိုလည္းသိေစခ်င္လို႔ပါဘုရား..ဟုတ္ပါတယ္အိမ္တြင္းနတ္၊အိမ္တြင္းအုန္းဆြဲတာနဲ႔ပတ္သက္ၿပီးဘုန္းဘုန္းကိုယ္တိုင္လည္းမိဘေတြအိမ္မွာအေတာ္ျပန္ျဖဳတ္
ယူရပါတယ္အရင္တုန္းကတည္းကဆြဲခဲ့တဲ့မိ႐ိုးဖလာပူေဇာ္ပသမႈကိုဖယ္ဖို႔ဆိုေတာ့အခ်ိန္ယူခဲ့ရပါတယ္ပထမျဖဳတ္မယ္လို႔စဥ္းစားခ်ိန္မွာခမည္းေတာ္ႀကီးကက်န္းမာေရးေဖာက္ၿပီးအေရးေပၚ ေရာက္လာလို႔မျဖဳတ္ျဖစ္ခဲ့ပါဘူး..
တကယ္လို႔အဲဒီအခ်ိန္မွာ အိမ္တြင္းနတ္အုန္းဖယ္တာနဲ႔ႀကဳံရင္ဒါျဖဳတ္လို႔ဆိုတဲ့အစြဲေတြဝင္သြားမွာအေသအခ်ာပါပဲ။ေနာက္တစ္ခါ ျဖဳတ္မယ္ဆိုေတာ့လည္းညီမတစ္ေယာက္ကဆိုင္ကယ္ေမွာက္ၿပီး ေျခက်ိဳးပါတယ္အဲဒီအခ်ိန္နတ္အုန္း
ျဖဳတ္တာနဲ႔ႀကဳံရင္ဒါေၾကာင့္ဆိုတာမ်ိဳးအစြဲေတြျဖစ္မွာအမွန္ပါအိမ္မွာဘယ္သူဘာမွမျဖစ္တဲ့အခ်ိန္က်မွနတ္အုန္းဖယ္ခဲ့တာခုေတာ့အိမ္မွာအိမ္တြင္းနတ္နဲ႔အိမ္တြင္းအုန္းဆြဲတာေတြမရွိေတာ့ပါဘူးအိမ္တြင္းအုန္းဖယ္လိုက္တဲ့အတြက္
ဘယ္သူဘာျဖစ္လဲဆိုေတာ့ဘာမွမျဖစ္ပါဘူးျဖစ္ဖို႔ကံပါလာရင္ေတာ့အိမ္တြင္းနတ္အုန္းဆြဲဆြဲမဆြဲဆြဲ ျဖစ္မွာပါပဲ။ေျပာခ်င္တာကမိ႐ိုးဖလာယုံၾကည္မႈေတြရဲ႕အစြဲအလန္းေတြဟာ ေထရဝါဒဗုဒၶဘာသာအရေတာ့အားေပးစရာမရွိပါဘူး
ေထရဝါဒဗုဒၶဘာသာစစ္စစ္တစ္ေယာက္ရဲ႕ယုံၾကည္မႈဟာဘုရားတရားသံဃာ ရတနာသုံးပါးနဲ႔ကံကံ၏အက်ိဳးကိုယုံၾကည္မႈသက္သက္ဆိုရင္လုံေလာက္ပါၿပီက်န္တဲ့အယူဝါဒေတြဆိုတာဟာမွန္ကန္တဲ့ယုံၾကည္မႈမ်ိဳးမျဖစ္ႏိုင္ပါဘူး
ဒါေပမယ့္ကိုးကြယ္ျခင္းနဲ႔ပူေဇာ္ပသျခင္းဆိုတာမ်ိဳးကိုခြဲျခားထားတယ္ဆိုရင္ေတာ့အထူးေျပာစရာမရွိပါဘူး..။ ေထရဝါဒဗုဒၶဘာသာစစ္စစ္ရဲ႕ကိုးကြယ္မႈဟာရတနာသုံးပါးပါပဲပူေဇာ္ပသတာကေတာ့မိ႐ိုးဖလာသေဘာမ်ိဳးလုပ္လို႔ရပါတယ္
ပူေဇာ္ပသရမွာကိုကိုးကြယ္တဲ့အဆင့္ေရာက္သြားတာမ်ိဳးကိုးကြယ္ရာရတနာသုံးပါးကိုပူေဇာ္ပသ႐ုံေလာက္ ျဖစ္သြားတာမ်ိဳးကေတာ့လမ္းလြဲသြားေစေတာ့တာ ျဖစ္ပါတယ္။ေသခ်ာတာကေတာ့အိမ္တြင္းနတ္အုန္းမဆြဲတဲ့အတြက္
ေၾကာင့္ဘာျဖစ္တယ္ညာျဖစ္တယ္ဆိုတာမ်ိဳးမရွိပါဘူး။ ျဖစ္လာခဲ့ရင္လည္းဒါဟာတိုက္ဆိုင္မႈပါကိုယ့္ရဲ႕အတိတ္ကံပစၥဳပၸန္ကံေတြရဲ႕အက်ိဳးေပးခ်ိန္နဲ႔အခါအခြင့္သင့္မႈေၾကာင့္ပဲ ေကာင္းတာဆိုးတာျဖစ္လာတတ္တာပါအိမ္ေစာင့္နတ္
ေက်ာင္းေစာင့္နတ္ စတာေတြ မရွိဘူးမဟုတ္ဘူး။ ရွိပါတယ္။ ရွိတယ္ဆိုတဲ့အတြက္ တခမ္းတနား ကိုးကြယ္ထားဖို႔ေတာ့ မဟုတ္ပါဘူး။ အဲဒီနတ္ေတြ ကိုယ္တိုင္လည္း ဒီလိုခမ္းနားႀကီးက်ယ္စြာ ကိုးကြယ္တာထက္ သူတို႔ကို ေမတၱာပို႔ေပး
ျပဳသမွ်ကုသိုလ္အဖို႔ကိုအမွ်ေဝေပးတာမ်ိဳးကိုလိုလားတာျဖစ္ပါတယ္တကယ္ေတာ့အိမ္ေစာင့္နတ္ဆိုတာအိမ္ရွိလို႔ ေရာက္လာတာေက်ာင္းေစာင့္နတ္ဆိုတာေက်ာင္းရွိလို႔ေရာက္လာတာပါသူတို႔ကိုယ္တိုင္ကအမွီျပဳေနရတဲ့ဘဝဆိုေတာ့
သူမ်ားကိုမစဖို႔ဆိုတာမလြယ္လွေပဘူးသူတို႔ရဲ႕ကူညီေစာင့္ေရွာက္မႈကိုရခ်င္ရင္ ခုနေျပာခဲ့သလို၊ ေမတၱာပို႔၊အမွ်ေဝေပးေပါ့ဒီေလာက္လုပ္ေပးရင္ကိုအိမ္ေစာင့္နတ္၊အိမ္တြင္းနတ္စတာေတြနဲ႔ပတ္သက္ၿပီးကိုယ့္ဘက္က
လုပ္ေဆာင္ေပးခ်က္ဟာလုံေလာက္သြားပါၿပီသူတို႔ဆႏၵနဲ႔လည္းတစ္ထပ္တည္းက်သြားပါၿပီေပါ့ဒါေၾကာင့္အိမ္တြင္းအုန္းဆြဲျခင္းမဆြဲျခင္းဟာေထရဝါဒဗုဒၶဘာသာဝင္တစ္ေယာက္အတြက္အဓိကက်တဲ့ကိုးကြယ္ယုံၾကည္မႈမဟုတ္တဲ့အတြက္
မဆြဲလည္းဘာမွမျဖစ္ပါဘူးရတနာသုံးပါးထက္ပိုၿပီးယုံၾကည္ကိုးကြယ္တာမ်ိဳးမဟုတ္ဘဲမိ႐ိုးဖလာပူေဇာ္ပသတဲ့အေနနဲ႔နတ္အုန္းခ်ိတ္ဆြဲတာဆိုရင္လည္းအထူးေျပာစရာ မရွိပါဘူးအေရးႀကီးဆုံးကကိုးကြယ္ရာနဲ႔ပူေဇာ္ပသရာ
ကြဲျပားစြာခြဲျခားတတ္ဖို႔နဲ႔ပူေဇာ္ပသတာေတြကိုပယ္စြန႔္ၿပီးရတနာသုံးပါး ကံကံ၏အက်ိဳးသက္သက္ကိုသာအသက္နဲ႔အမွ်ယုံၾကည္ကိုးကြယ္ၾကမယ္ဆိုရင္ေတာ့ဗုဒၶအလိုက် ေထရဝါဒဗုဒၶဘာသာေတြ ျဖစ္ေနမွာအမွန္ပဲမဟုတ္လား ။
ေမတၱာျဖင့္မနာပဒါယီအရွင္ဝိစိတ