ၾကားသိရသမွ်
သွားလေရာနေရာတိုင်းသို့ မြေးလေးကို ခြင်းတောင်းလေးမှာထည့်ပြီး ခေါ်သွားလေ့ရှိသည့် အဖိုးအိုတစ်ဦး
သွားလေရာနေရာတိုင်းသို့ မြေးလေးကို ခြင်းတောင်းလေးမှာထည့်ပြီး ခေါ်သွားလေ့ရှိသည့် အဖိုးအိုတစ်ဦး..
မိဘတို့အလုပ်ကိုယ်စီနှင့်ရှုပ်နေစဉ် သူတို့ကလေးများကို အဖိုးအဖွားဆီမှာသာ အပ်နှံထားတတ်ကြသည်။ယခုအခါတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အသက် ၇၅နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ၃နှစ်အရွယ် မြေးမလေးကို အလုပ်လုပ်ရင်း ကြည့်ရှုစောင့်ရှောက်ပေးခဲ့ရသည်။
အဖိုးအိုသည် စားဝတ်နေရေးအတွက် တောင်ယာစိုက်ပျိုးရေးလုပ်ကိုင်ပြီး..မြေးမလေးကို ခြင်းတောင်းကြီးတစ်လုံးထဲတွင် ထည့်ကာအလုပ်သွားခဲ့သည်။မြေးမလေးဧ။်မိဘနှစ်ပါးမှာ ဖခင်ဖြစ်သူကပန်းချီဆွဲပြီး မိခင်ကသူများအိမ်မှာ အိမ်ဖော်သန့်ရှင်းရေးလုပ်ကိုင်ရခြင်းကြောင့် အဖိုးအိုဆီမှာ ကလေးကိုအပ်ထားခဲ့ကြသည်။
အဖိုးအိုလည်း အခြားသူများကို ဒုက္ခမပေးလို၍ ယနေ့တိုင်ထိကို မတ်စောက်သောတောင်ပေါ်သို့ ကလေးပိုးရင်း သွားရောက်နေရပြီး မိုးရာသီတွင် လမ်းကဗွက်တွေဖြစ်ကာ မျက်စိကလည်း မှုန်ဝါးနေပြီဖြစ်၍ ခဏခဏချော်လဲခဲ့သည့်အတွက် အဖိုးအိုအား မျက်စိပြန်လည်ကောင်းမွန်လာအောင် ကုသပေးရန် လူမှုကွန်ယက်တွင် မျှဝေကာ အကူအညီတောင်းခဲ့သည်။
Zawgyi
Credit