ဆိုင္ကိုသြားစရာမလိုပဲ အိမ္မွာကိုယ္တိုင္ ေ႐ႊ၊ ေငြလက္ဝတ္ရတနာမ်ားကို အေရာင္တင္နည္း
သြားတိုက္ေဆးနဲ႔ မေဆးရဘူးေနာ္။အေရာင္က်သြားလိမ့္မယ္..။ ေ႐ႊဆိုတာ အဖိုးတန္ပါတယ္။
အျမတ္တႏိုးနဲ႔လည္းဝတ္ဆင္ၾကတယ္၊စုေဆာင္းသိမ္းဆည္းၾကတယ္။ဝတ္တာမ်ားလာတဲ့အခါ ေ႐ႊထည္ ေတြကအေရာင္မွိန္သြားေရာ။
ဆိုင္သြားၿပီး ေဆးခိုင္းမွ ျပန္ဝင္းလက္လာတယ္ေလ။ဆိုင္ မသြားခ်င္ဘူးဆိုရင္အိမ္မွာပဲ ေ႐ႊထည္ ေတြသန႔္စင္ေဆးေၾကာလို႔ ရပါတယ္။
လြယ္လြယ္ေလး။ ဘာမွမခက္ဘူး။ ေျပာျပမယ္။ေရေ ႏြး ထဲကို ပန္းကန္ေဆး ဆပ္ျပာ ဆီ အနည္းငယ္ထည့္ပါ။
ေဆးမယ့္ ေ႐ႊထည္ကို ဆပ္ျပာရည္ထဲ ၁၅မိနစ္စိမ္ေပးထားလိုက္ရပါမယ္။၁၅ မိနစ္ ျပည့္ေတာ့မွသြားတိုက္တံအႏုေလးနဲ႔ ျဖည္းျဖည္းခ်င္းပြတ္တိုက္သန႔္စင္ေပးပါ။
ေရကို ေႏြးေအာင္ထားထားၿပီးဘုံဘိုင္ေခါင္းေအာက္မွာ ေ႐ႊထည္ကို ျပန္ေဆးေပးရပါမယ္။
ေရထဲ မစိမ္ပါနဲ႔။ကပ္ေနတဲ့ ေၾကးေတြ ေရ နဲ႔အတူေမ်ာသြားေအာင္ဘုံဘိုင္ေခါင္းကိုဖြင့္ထားရတာျဖစ္ပါတယ္။
ဇကာထဲကို ေ႐ႊထည္ပစၥည္း ထည့္ၿပီး ေဆးရင္ ျပဳတ္မက်ေတာ့ဘူးေပါ့။ဆပ္ျပာရည္ ေတြနဲ႔ ေၾကး(ဂ်ီး) ေတြ ေျပာင္စင္သြားၿပီဆိုေတာ့မွ ႏူးညံ့တဲ့အဝတ္ေျခာက္ ေလးနဲ႔အသာ အယာပြတ္တိုက္ၿပီး ေရေတြေျခာက္သြားလိုက္ လုပ္လိုက္ရမွာ ျဖစ္ပါတယ္။
ဒါဆိုရင္ ဆိုင္ကို တကူးတက သြားစရာ မလိုဘဲနဲ႔ ေ႐ႊထည္ ပစၥည္းေလးက ဝယ္ခါစတုန္းကလို အေရာင္ျပန္တက္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္။
ဒါေပမယ့္ ဒီနည္းေတြကို ေ႐ႊရည္စိ မ္အထည္ေတြမွာ မေဆးသင့္ပါဘူး အေရာင္ကြၽတ္ႏိုင္လို႔ပါ။
စာဖတ္သူမိဘျပည္သူမ်ားအေနျဖင့္ကြၽန္ေတာ္တို႔တင္ျပေပးထားသည္ကိုဖတ္၍ ဗဟုသုတအျဖစ္မွတ္သားစရာတစ္ခုခုက်န္ခဲ့မယ္ဆိုရင္ အလြန္ဝမ္းေျမာက္မိမွာပါ။
အျခားသူမ်ားလည္းသိေစရန္ျပန္လည္မွ်ေဝေပးၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။crd
Unicode
ဆိုင်ကိုသွားစရာမလိုပဲ အိမ်မှာကိုယ်တိုင် ရွှေ၊ ငွေလက်ဝတ်ရတနာများကို အရောင်တင်နည်း
သွားတိုက်ဆေးနဲ့ မဆေးရဘူးနော်။အရောင်ကျသွားလိမ့်မယ်..။ ရွှေဆိုတာ အဖိုးတန်ပါတယ်။
အမြတ်တနိုးနဲ့လည်းဝတ်ဆင်ကြတယ်၊စုဆောင်းသိမ်းဆည်းကြတယ်။ဝတ်တာများလာတဲ့အခါ ရွှေထည် တွေကအရောင်မှိန်သွားရော။
ဆိုင်သွားပြီး ဆေးခိုင်းမှ ပြန်ဝင်းလက်လာတယ်လေ။ဆိုင် မသွားချင်ဘူးဆိုရင်အိမ်မှာပဲ ရွှေထည် တွေသန့်စင်ဆေးကြောလို့ ရပါတယ်။
လွယ်လွယ်လေး။ ဘာမှမခက်ဘူး။ ပြောပြမယ်။ရေေ နွး ထဲကို ပန်းကန်ဆေး ဆပ်ပြာ ဆီ အနည်းငယ်ထည့်ပါ။
ဆေးမယ့် ရွှေထည်ကို ဆပ်ပြာရည်ထဲ ၁၅မိနစ်စိမ်ပေးထားလိုက်ရပါမယ်။၁၅ မိနစ် ပြည့်တော့မှသွားတိုက်တံအနုလေးနဲ့ ဖြည်းဖြည်းချင်းပွတ်တိုက်သန့်စင်ပေးပါ။
ရေကို နွေးအောင်ထားထားပြီးဘုံဘိုင်ခေါင်းအောက်မှာ ရွှေထည်ကို ပြန်ဆေးပေးရပါမယ်။
ရေထဲ မစိမ်ပါနဲ့။ကပ်နေတဲ့ ကြေးတွေ ရေ နဲ့အတူမျောသွားအောင်ဘုံဘိုင်ခေါင်းကိုဖွင့်ထားရတာဖြစ်ပါတယ်။
ဇကာထဲကို ရွှေထည်ပစ္စည်း ထည့်ပြီး ဆေးရင် ပြုတ်မကျတော့ဘူးပေါ့။ဆပ်ပြာရည် တွေနဲ့ ကြေး(ဂျီး) တွေ ပြောင်စင်သွားပြီဆိုတော့မှ နူးညံ့တဲ့အဝတ်ခြောက် လေးနဲ့အသာ အယာပွတ်တိုက်ပြီး ရေတွေခြောက်သွားလိုက် လုပ်လိုက်ရမှာ ဖြစ်ပါတယ်။
ဒါဆိုရင် ဆိုင်ကို တကူးတက သွားစရာ မလိုဘဲနဲ့ ရွှေထည် ပစ္စည်းလေးက ဝယ်ခါစတုန်းကလို အရောင်ပြန်တက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီနည်းတွေကို.. ရွှေရည်စိ မ်အထည်တွေမှာ မဆေးသင့်ပါဘူး အရောင်ကျွတ်နိုင်လို့ပါ။
စာဖတ်သူမိဘပြည်သူများအနေဖြင့်ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။crd