မိုးေလ၀သ

ချိန်ခါမဟုတ် မိုးရွာနိုင်သည့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ ခန့်မှန်ပေးလိုက်တဲ့ မိုးမင်းသမီးလေး


တနင်္သာရီတိုင်း

မွန်ပြည်နယ်

ကရင်ပြည်နယ်

ဧရာဝတီတိုင်း

ရန်ကုန်တိုင်း

ပဲခူးတိုင်း

ကယားပြည်နယ်














Unicode,

မိုးရွာနိုင်သည့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ..

တနင်္သာရီတိုင်း

မွန်ပြည်နယ်

ကရင်ပြည်နယ်

ဧရာဝတီတိုင်း

ရန်ကုန်တိုင်း

ပဲခူးတိုင်း

ကယားပြည်နယ်

ရှမ်းပြည်နယ်တောင်ပိုင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း

၎င်းဒေသတွေမှာမိုးရွာနိုင်သဖြင့်ရိတ်သိမ်းအခြောက်လှမ်းနေကြသူများနှင့် ဆောင်းသီးနှံစိုက်ပျိုးကြမည့်သူများ အထူးသတိထားကြပါ

တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ နိုဝင်ဘာ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်

ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်က လေနွေးတွေနဲ့..တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်း ဒေသက ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့်နဲ့

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေတာတွေကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင် တာဖြစ်တယ်လို့ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး..၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊

ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်း၊ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲမိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အချိန်အခါမဟုတ်မိုးရွာသွန်းတာနဲ့အတူ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေ တာ စတဲ့မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ

နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်တယ်လို့လည်း နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၂ နာရီက ထုတ်ပြန်ခဲ့ပါတယ်။

မင်းဂွတ်သီးလေးရဲ့ ကြိုတင်ခန့်မှန်းချက်များက တောင်သူလယ်သမားတွေအတွက်များစွာအကျိုးရှိတယ်ဆိုတာကိုသိရလို့ များစွာပိတိဖြစ်မိပါတယ်

မြန်မာပြည်သူတွေအားလုံးအတွက်အကျိုးရှိကြစေရန် ဒီထက်ပိုကြိုးစားပေးသွားပါမယ် ။