ခေါင်းအုံးမပါဘဲ အိပ်တာက အစမှာတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခေါင်းအုံးမပါဘဲ အိပ်တာက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိစေမှာပါ။
၁။ အရေးအကြောင်းတွေ နည်းပါးလာခြင်း
အသက်ကြီးတဲ့အခါမှာ မျက်နှာမှာ အရေးအကြောင်းတွေဖြစ်ပေါ်လာပါတယ်။ အရေးအကြောင်းတွေဖြစ်ပေါ်ရတဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ခေါင်းအုံးစွပ်ပါ။
ချည်သားခေါင်းအုံးစွပ်တွေက အိပ်ရတာအဆင်ပြေပေမယ့်..အရေးအကြောင်းတွေ ဖြစ်လာစေပါတယ်။ ခေါင်းအုံးမပါဘဲ အိပ်တဲ့အခါ အသားအရေမှာ အရေးအကြောင်းတွေ နည်းပါးသွားမှာပါ။
၂။ အသားအရေ ချောမွေ့လာခြင်း
အသားအရေလှဖို့အတွက် အဓိကလိုအပ်တာကတော့ ရေဓာတ်ပြည့်ဝနေဖို့ပါ..။ ချည်သားခေါင်းအုံးစွပ်တွေက မျက်နှာက ရေဓာတ်နဲ့သဘာဝအဆီတွေကို စုပ်ယူပါတယ်။ ခေါင်းအုံးမပါဘဲ အိပ်ကြည့်တဲ့အခါမှာ အသားအရေက အရင်ကနဲ့မတူဘဲ စိုစိုပြေပြေနဲ့ ချောမွေ့နေမှာပါ။
၃။ အရေပြားပြဿနာတွေ နည်းပါးသွားစေခြင်း
ထိလွယ်ရှလွယ်တဲ့အသားအရေတွေမှာ ဝက်ခြံပေါက်လွယ်ပါတယ်။ ချည်သားခေါင်းအုံးစွပ်က အသားအရေအတွက်ဆိုရင် ကြမ်းတမ်းတာကြောင့် ပွတ်တိုက်မှုဖြစ်ပေါ်စေပါတယ်။
ခေါင်းအုံးမှာ ဘက်တီးရီးယားတွေ အများကြီး ပွားနေပါတယ်။ အဲဒါကြောင့် ခဏလောက်ခေါင်းအုံးမပါဘဲ အိပ်ကြည့်တဲ့အခါ အရေပြားပြဿနာတွေ နည်းပါးသွားမှာပါ။
၄။ အသားအရေကို လျင်လျင်မြန်မြန် ကောင်းမွန်လာစေခြင်း
ခေါင်းအုံးမှာ မိတ်ကပ်အကြွင်းအကျန်တွေ၊ ဘက်တီးရီးယားတွေ၊ ဆဲလ်သေတွေ၊ အဆီတွေ စုနေပါတယ်။ အဲဒီလိုအရေပြားပြဿနာတွေကိုအလျင်မြန်ဆုံးဖြေရှင်းဖို့ ခေါင်းအုံးစွပ်ကို ပုံမှန်လျှော်ပေးတာ သို့မဟုတ် ခေါင်းအုံးမပါဘဲ အိပ်တာတို့ ပြုလုပ်နိုင်ပါတယ်။
၅။ အသားအရေကို ဝင်းလာစေခြင်း
ခေါင်းအုံးနဲ့အိပ်တာက ဦးခေါင်းထဲကို သွေးစီးဆင်းမှု နည်းသွားစေပါတယ်။ အဲဒါကြောင့် လည်ပင်းနာတာ၊ ခေါင်းကိုက်တာ၊ အသားအရေမွဲခြောက်တာတို့ ဖြစ်လာစေပါတယ်။
သွေးလည်ပတ်မှုမကောင်းတာက အရေပြားပြဿနာနဲ့..အသားအရေဖြူဖျော့လာတာတို့ ကြုံတွေ့ရစေပါတယ်။ ခေါင်းအုံးမပါဘဲ အိပ်တာက ဒီပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်စေပါတယ်။
၆။ မျက်လုံးဘေးမှာ အရေးအကြောင်းတွေ ဖြစ်လာစေခြင်း
ဘေးစောင်းအိပ်တဲ့အခါမှာ မျက်လုံးဘေးမှာ အရေးအကြောင်းတွေ ထပ်လာပါတယ်။ မျက်လုံးဘေးက အရေးအကြောင်းတွေကြောင့် သင့်ကို ပိုပြီး အိုမင်းတယ်လို့ ထင်ရစေပါတယ်။ ခေါင်းအုံးမပါဘဲ အိပ်ကြည့်တဲ့နောက် မျက်လုံးဘေးက အရေးအကြောင်းတွေက သိသိသာသာ နည်းပါးသွားမှာပါ။
အသားအရေကို အကျိုးပြုတဲ့ခေါင်းအုံးစွပ်များ-
ခေါင်းအုံးမပါဘဲ အိပ်ဖို့ အဆင်မပြေတဲ့အခါမှာ ခေါင်းအုံးစွပ်ကို ပြောင်းလဲသုံးလိုက်လို့ရပါတယ်။
ပိုးသားခေါင်းအုံးစွပ်က အသားအရေတွေဆီက အစိုဓာတ်ကိုမစုပ်ယူတာကြောင့် ရွေးချယ်သင့်ပါတယ်။
လျှော်ရလွယ်တဲ့ Deja ခေါင်းအုံးစွပ်ကလည်း..အသားအရေအတွက် ကောင်းကျိုးပြုပါတယ်။
(lovemedia)