Unicode
သူ့လို ဆိုင်ရှင်မျိုးကတော့ မြန်မာနိုင်ငံမှာ တော်တော်ရှားပါတယ်..တကယ်ကို လေးစားအားကျဖို့ကောင်းပါတယ်”
ဒီနေ့ တင်ပြပေးချင်တာကတော့ ဝန်ထမ်းတွေအပေါ် အရမ်းကောင်းလွန်းတဲ့ ရတနာဆိုင် တစ်ဆိုင်အကြောင်း တင်ပြပေးမှာ ဖြစ်ပါတယ်
“လှမြတ်သူစိန်ရတနာဆိုင် ”ဆိုတဲ့ဆိုင်ကဆိုင်ပိုင်ရှင်ကတင်ထားလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်
သူက ခုလိုတင်ထားပါတယ်
“လကုန်တော့မယ်ဆိုတော့ ဝန်ထမ်းတွေလစာပေးချိန်ရောက်ပါပီ..ဝန်ထမ်းဆိုတာ ကျွန်မအတွက် ဒုတိယမိသားစုမို့ ဒီဘက်နှစ်ထဲ..
စရိတ်စကတွေတော်တော်မြင့်မားလာတယ်ဆိုတော့လည်း..သူတို့လစာလေးတွေလည်း တိုးမှဖြစ်တော့မှာပေါ့ လေ..
ဒါကြောင့်ဒီနေ့ဝန်ထမ်းတွေကို တစ်ဦးချင်းစီအတွက် 20% တိုးပေးပါတော့မယ်….
အခြေခံကုန်ဈေးနူန်းတွေတအားတက်လာတော့ဆိုင်ကဝန်ထမ်း..လေးတွကလမ်းစရိတ်ကအစမြင့်တက်လာတော့ အရာရာအဆင်ပြေစေချင်တဲ့ စေတနာလေးနဲ့ပါ …. Covid အပြီးအလုပ်ကိုပြန်ထူထောင်ရပေမဲ့
ကျွန်မတို့အဆင်ပြေသလို သူတို့လေးတွေအဆင်ပြေဖို့လည်း လိုအပ်တာမို့..အခုလိုဆုံးဖြတ်ပြီး လစာတိုးပေးလိုက်တာပါ အဆင်ပြေကြပါစေ တပည့်လေးတို့ရေ
အမကတော့လေ ..ဝန်ထမ်းတွေဆိုတာဆိုင်တဆိုင်ရဲ့အရေးကြီးဆုံးလို့သတ်မှတ်ထားပါတယ် အဲ့တာကြောင့် သူတို့လိုအပ်တာလေးတွေဖြည့်ဆည်းပေးထားရင်း
1. နေ့စဉ်နေ့တိုင်း လစာအပြင်+ နေ့တိုင်း ၅၀၀၀ ကျပ်bonus ပေးပါတယ်
2. ဝန်ထမ်းတွေနေထိုင်ရန် condo လေးမှာ Air con အပါနဲ့ ထမင်းစားစရိတ်ငြိမ်းထားပေးထားပါတယ်
3. လှမြတ်သူရဲ့ဝန်ထမ်းမှန်သမျှ စိန်ဝတ်နိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ တနှစ်တခါ စိန်ထည်လေးတွေ လက်ဆောင်ချီးမြှင့်ပေးပါတယ်
4. အလုပ်သက်တမ်းနှစ် (၂၀ ) ပြည့်တာနဲ့ဘဝအာမခံချက်အဖြစ် တိုက်ခန်း တခန်းပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်
5. လုပ်သက်တမ်း၂၅ နှစ်ပြည့်တာနဲ့ကိုယ်ပိုင်ကားတစီးပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်
6. တနှစ်တခါ နိုင်ငံခြားခရီးစဉ်တွေအလှည့်ကျပို့ပေးပါတယ်..
7. စားစရိတ်ငြိမ်းစီစဉ်ပေးထားပါတယ် ဆန် / ဆီ/ ဆား ပါမကျန်
8.ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့ ပိုင်ရှင်နဲ့ ဝန်ထမ်းတွေ ဟာ တဦးနဲ့တစ်ဦး အပြန်လှန်မှီခိုရင်းကြရင်း သားသမီးနဲ့မခြားလိုအပ်ချက်လေးတွေကိုဖြည့်စီးပေးဖြစ်ပါတယ်ရှင် ။
ဝယ်ယူအားပေးသူဧည့်သည်တော်ကြီးများအတွက်လည်း ယခုနှစ်ကုန် ကားကံစမ်းမဲဖောက်ပေးပြီး ကျေးဇူးတုံပြန်ပေးသွားပါ့မယ်ရှင့်…. ☆
ရိုသေလေးစားစွာဖြင့်..လှမြတ်သူစိန်ရတနာဆိုင်
အမှတ် (၄၃) ဗိုလ်ချုပ်ဈေး အရှေ့ဘက်တန်း
ကားထွက်ပေါက်အနီး ရန်ကုန်မြို့ ။
09985206113
09985206115″ ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်
မြနမာနိုင်ငံမှာ ကျိကျိတက် ချမ်းသာပြီး ဝင်ငွေတွေ သောက်သောက်လဲ ဝင်နေတဲ့ ဆိုင်တွေ ကုမ္ပဏီတွေ အများကြီးရှိပါတယ်..ဒါပေမယ့်
ဝန်ထမ်းတွေအပေါ် ခုလိုမျိုး အရမ်း အလေးထားတဲ့ ဆိုင်ပိုင်ရှင် ကုမ္ပဏီပိုင်ရှင်ကတော့ တော်တော် ရှားပါတယ်
ဒီလိုမျိုးဆိုင်က ဝန်းထမ်းလေးတွေကတော့ ဘဝတသက်စာ စိတ်အေးရပါပြီ..အရမ်းကံကောင်းကြပါတယ်ဒီလိုလူတွေ များများပေါ်ပေါက်လာပါစေ
Credit
Zawgyi
သူက ခုလိုတင်ထားပါတယ်
09985206113
Credit