အလိမ္အညာမခံရေစဖို႔ ေျမကြက္ဝယ္ယူမည္ဆိုသူတိုင္း မျဖစ္မေနသိထားရမည့္အခ်က္မ်ား..
ေျမတစ္ကြက္ဝယ္ရင္ ဘယ္လိုလုပ္ရမွာလဲ၊ ဘာေတြလိုအပ္သလဲဆိုတာ ေျမကြက္ဝယ္လိုသူတိုင္း သိထားသင့္တာမို႔ ဗဟုသုတအျဖစ္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
(၁)ဝယ္ယူမည့္ေျမကြက္၏ ဂရံ၊ ပါမစ္၊ စလစ္ စတာေတြကိုအရင္စစ္ရပါမည္။၎တို႔ကိုထုတ္ေပးသည္ ဌာနမ်ားျဖစ္သည့္ ေနျပည္ေတာ္၊ရန္ကုန္၊မႏၲေလးတို႔တြင္ဆိုက စည္ပင္သာယာေရးေကာ္မတီ၊ၿမိဳ႕ျပႏွင့္ေျမယာစီမံခန႔္ခြဲမႈဌာနတြင္လည္းေကာင္း
အျခားတိုင္းေဒသႀကီးႏွင့္ျပည္နယ္တို႔တြင္ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔တြင္လည္းေကာင္းသြားေရာက္စစ္ေဆးရပါသည္။ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနတို႔တြင္သြားေရာက္စစ္ေဆးရန္ျဖစ္သည္။
(၂)ထိုသို႔စစ္ေဆးရာ ေရာင္းခ်မည့္သူအမည္ေပါက္ေျမကြက္မွန္ကန္ေၾကာင္းေတြ႕ရွိရပါက အဆိုပါေျမကြက္ကိုဝယ္ယူမည္ျဖစ္၍ကန႔္ကြက္ရန္ ရွိ မရွိ သတင္းစာတြင္ေၾကာ္ျငာရပါမည္။
(၃)ကန႔္ကြက္သူမရွိပါက စရံေပးစာခ်ဳပ္ခ်ဳပ္ဆိုရန္ျဖစ္ပါသည္။ဥပမာ က်ပ္သိန္းတစ္ေထာင္တန္ေသာေျမကြက္ျဖစ္ပါက က်ပ္သိန္းတစ္ရာကိုေပး၍ စာခ်ဳပ္ရန္ျဖစ္သည္။
(၄)ဝယ္ယူမည့္ေျမကြက္ေပၚတြင္က်ဴးေက်ာ္သူမရွိေစရပါ။ (ဥပမာ ဂိုေဒါင္ေစာင့္လင္မယားေနတာမ်ိဳး) အဆိုပါေနထိုင္သူမ်ိဳးကိုဖယ္ေပးရန္အတြက္ေျမရွင္ကိုေျပာရပါမည္။
(ေျမရွင္က သုံးလေလာက္ေတာ့ေနထိုင္ခြင့္ေပးပါဟုဆိုလွ်င္ ဒါဆိုရင္ကြၽန္ေတာ္တို႔လည္း အေစာင့္လင္မယားဖယ္ၿပီးမွက်န္ေငြကိုေခ်ေတာ့မယ္ဟုေျပာပါ။ ဒါဆိုရင္ေတာ့ေျမရွင္ဟာက်န္ေငြက်ပ္သိန္း(၉၀၀) ကိုလိုခ်င္သူမို႔ဖယ္ေပးပါလိမ့္မယ္။
(၅)က်ဴးေက်ာ္ေနထိုင္သူေတြဖယ္ၿပီးပါကေငြက်န္ေခ်ၿပီးရင္ ေျမကြက္နဲ႔သက္ဆိုင္တဲ့စာ႐ြက္စာတမ္းအကုန္ေပးရမယ္ေနာ္ဟုေျပာရပါမယ္။ (ဥပမာ- အဝိစိတြင္းတူးပါမစ္၊ ပါဝါမီတာစတာမ်ိဳးေတြျဖစ္ပါတယ္။စာ႐ြက္စာတမ္းမူရင္းစာတမ္းအားလုံးကိုေတာင္းယူရန္ျဖစ္သည္။)
(၆)၎ေနာက္ေျမရွင္က အက္စ္ပီ(အထူးကိုယ္စားလွယ္လႊဲစာ)ေပးရမည္ဟုေျပာပါ၊ကိုယ္စားလွယ္လႊဲစာတြင္ဝယ္ယူမည့္ေျမကြက္ႏွင့္ပတ္သက္၍ အကုန္လႊဲအပ္သည့္အေၾကာင္းပါရွိရပါမည္။
(၇)ဝယ္ယူမည့္ေျမကြက္ေျမပုံ(အမ်ားေျပာေနၾကတဲ့ ၁၀၅၊ ၁၀၆ ကို)ကိုပိုင္ရွင္ကထုတ္ထားေပးပါဟုေျပာရပါမည္။
(၈)၎ေနာက္ေငြအေၾကေခ်သည့္စာခ်ဳပ္ပါ၊၊အထက္ကေျပာခဲ့သည့္စာ႐ြက္စာတမ္းမ်ားအားလုံးကိုရယူပါ။ ေျမကြက္ကိုလက္ေရာက္ရယူပါ။
(၉)မၿပီးေသးပါ၊မိမိဝယ္ယူမည့္အိမ္ၿခံေျမတည္ရွိရာၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး႐ုံးတြင္ သတ္မွတ္စံႏႈန္းမ်ားအားေၾကာ္ျငာသင္ပုန္းတြင္ေဖာ္ျပထားပါသည္။
ရပ္ကြက္အလိုက္၊လမ္းအလိုက္စံႏႈန္းမ်ား၊အေဆာက္ အအုံမ်ားပါရွိပါက အေဆာက္အအုံအမ်ိဳးအစားအလိုက္သတ္မွတ္သည့္ စံႏႈန္းမ်ား(တစ္ေပလွ်င္မည္မွ် ကုန္က်မည့္တြက္ခ်က္သည့္ PAE ႏႈန္း)တို႔ကိုဖတ္ရႈၿပီးတြက္ခ်က္ႏိုင္ပါသည္။
(၁၀)ကာလတန္ဖိုးစိစစ္သတ္မွတ္ႏိုင္ရန္ အထက္ေဖာ္ျပပါစာ႐ြက္စာတမ္းအေထာက္အထားမ်ားကိုအိမ္ၿခံေျမတည္ရွိရာတိုင္းေဒသႀကီး ကာလတန္ဖိုးစိစစ္သတ္မွတ္ေရးအဖြဲ႕႐ုံး သို႔မဟုတ္ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး႐ုံးတြင္သာတင္ျပရမည္ျဖစ္ပါသည္။
ၿမိဳ႕နယ္႐ုံးကမိမိတန္ဖိုးသတ္မွတ္ထားသည့္ႏႈန္းထားျဖင့္ အေရာင္းအဝယ္စာခ်ဳပ္ကိုၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး႐ုံးတြင္တင္ျပပါကသူကအထက္အဆင့္ဆင့္႐ုံးမ်ားသို႔ဆက္လက္တင္ျပသြားမည္ျဖစ္ပါသည္။
(၁၁)က်သင့္ေငြတံဆိပ္ေခါင္းခြန္ေပးေဆာင္ျခင္း။ အိမ္ၿခံေျမဝယ္ယူသူအေနျဖင့္ကာလတန္ဖိုးစိစစ္သတ္မွတ္ေရးအဖြဲ႕ကသတ္မွတ္သည့္ဝယ္ယူသည့္တန္ဖိုးအေပၚ မိမိတင္ျပႏိုင္သည့္ဝင္ေငြရလမ္းအေထာက္အထားမ်ားတင္ျပၿပီး ဝင္ေငြခြန္စိစစ္မႈကို ခံယူရန္လိုအပ္ပါသည္။
စည္းၾကပ္မႈလႊတ္ကင္းေနေသာ ဝင္ေငြေပၚေပါက္ပါက ႏွစ္စဥ္ျပဌာန္းသည့္ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒပါႏႈန္းထားအတိုင္းေပးေဆာင္ရမည္ျဖစ္ပါသည္။
(၁၂)ျမန္မာႏိုင္ငံတစ္ွမ္းလုံးရွိ မည္သည့္ၿမိဳ႕နယ္တြင္တည္ရွိသည့္အိမ္ၿခံေျမကိုဝယ္ယူသည္ျဖစ္ေစ၊ေပးကမ္းသည္ျဖစ္ေစ၊သတ္မွတ္သည့္ကာလတန္ဖိုးအေပၚတြင္တံဆိပ္ေခါင္းခြန္ ၂ ရာခိုင္ႏႈန္းအျပင္ အပိုတံဆိပ္ေခါင္းခြန္ ၂ ရာခိုင္ႏႈန္း၊(စုစုေပါင္း ၄ ရာခိုင္ႏႈန္း)ကိုထမ္းေဆာင္ရပါမည္။
(၁၃)ၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး႐ုံးကတြက္ခ်က္ေပးထားသည့္ ဝင္ေငြခြန္ႏွင့္တံဆိပ္ေခါင္းခြန္ေငြသြင္းခ်လံတို႔ျဖင့္သက္ဆိုင္ရာၿမိဳ႕နယ္ရွိျမန္မာ့စီးပြားေရးဘဏ္တြင္ေပးေဆာင္ရပါမည္။
(ေမတၱာျဖင့္ေပးကမ္းျခင္းျဖစ္ပါကဝင္ေငြခြန္ေပးေဆာင္ရန္မလိုဘဲတံဆိပ္ေခါင္းခြန္သာထမ္းေဆာင္ရမည္ျဖစ္ပါသည္။)
(၁၄)ေငြသြင္းၿပီးသည့္ဝင္ေငြခြန္ႏွင့္တံဆိပ္ေခါင္းခြန္ေငြသြင္းခ်လံ မူရင္း/ မိတၱဴတို႔ကို ၿမိဳ႕နယ္အခြန္ဦးစီးဌာန႐ုံးတြင္ျပသ၍ စာခ်ဳပ္ခ်ဳပ္ဆိုရန္တံဆိပ္ေခါင္းထုတ္ယူရပါမည္။
(၁၅)အိမ္ၿခံေျမဝယ္ယူသူအေနျဖင့္ဝင္ေငြခြန္ဥပေဒပုဒ္မ ၅၃ အရဝင္ေငြခြန္ေတာင္းခံလႊာ ပုံစံ ပတခ (ဝင) ၈ ႏွင့္အတူျမန္မာ့စီးပြားေရးဘဏ္တြင္ေပးေဆာင္ၿပီးသည့္ က်သင့္ဝင္ေငြခြန္ႏွင့္တံဆိပ္ေခါင္းခြန္ခ်လံျဖတ္ပိုင္းမူရင္းမ်ား၊
တံဆိပ္ေခါင္းခြန္အျပည့္အဝကပ္ႏွိပ္ထမ္းေဆာင္ထားသည့္စာခ်ဳပ္စာတမ္းမူရင္းမ်ားႏွင့္ရန္ကုန္တိုင္းေဒသႀကီးႏွင့္မႏၲေလးတိုင္းေဒသႀကီးစည္ပင္သာယာေရးနယ္နိမိတ္အတြင္းရွိၿမိဳ႕နယ္မ်ားျဖစ္ပါက စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးသို႔လည္းေကာင္း၊
ျပည္ေထာင္စုနယ္ေျမႏွင့္က်န္တိုင္းေဒသႀကီး/ ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားျဖစ္ပါကၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနမႉး႐ုံးမ်ားသို႔ သြားေရာက္၍စာခ်ဳပ္စာတမ္းမ်ားကို မွတ္ပုံတင္ၾကရပါမည္။
အထက္ေဖာ္ျပပါလုပ္ငန္းစဥ္မ်ားကိုေဆာင္႐ြက္သြားရန္ျဖစ္ပါသည္။ေနာက္မွအမည္ေပါက္ေျပာင္းတာ ဘာညာေတြကိုလုပ္စရာရွိပါေသးသည္။ဤမွ်ေလာက္ဆိုလွ်င္အေတာ္အသင့္သိသင့္ၿပီဟုထင္ပါသည္။
အတုအေယာင္ အလိမ္အညာေတြေပါမ်ားတဲ့ ယေန႔ခ်ိန္ခါမွာ ေရာင္းမွား ဝယ္မွားမျဖစ္ၾကေစဖို႔ရည္႐ြယ္ၿပီး မွ်ေဝေပးလိုက္ပါတယ္။
ေရးသူ − ဆရာႀကီးမိုးထက္
ကိုးကား-ကြယ္လြန္သူ အိမ္ၿခံေျမအက်ိဳးေဆာင္ ဆရာႀကီးဦးၾကည္စိုး( အိုင္စီ) ၏သင္ၾကားပို႔ခ်မႈမ်ား..
crd
Unicode
အလိမ်အညာမခံရစေဖို့ မြေကွက်ဝယ်ယူမည်ဆိုသူတိုင်း မဖြစ်မနေသိထားရမည့်အချက်များ
မြေတစ်ကွက်ဝယ်ရင် ဘယ်လိုလုပ်ရမှာလဲ၊ ဘာတွေလိုအပ်သလဲဆိုတာ မြေကွက်ဝယ်လိုသူတိုင်း သိထားသင့်တာမို့ ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁)ဝယ်ယူမည့်မြေကွက်၏ ဂရံ၊ ပါမစ်၊ စလစ် စတာတွေကိုအရင်စစ်ရပါမည်။၎င်းတို့ကိုထုတ်ပေးသည် ဌာနများဖြစ်သည့် နေပြည်တော်၊ရန်ကုန်၊မန္တလေးတို့တွင်ဆိုက စည်ပင်သာယာရေးကော်မတီ၊မြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာနတွင်လည်းကောင်း
အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင်လည်းကောင်းသွားရောက်စစ်ဆေးရပါသည်။မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့တွင်သွားရောက်စစ်ဆေးရန်ဖြစ်သည်။
(၂)ထိုသို့စစ်ဆေးရာ ရောင်းချမည့်သူအမည်ပေါက်မြေကွက်မှန်ကန်ကြောင်းတွေ့ရှိရပါက အဆိုပါမြေကွက်ကိုဝယ်ယူမည်ဖြစ်၍ကန့်ကွက်ရန် ရှိ မရှိ သတင်းစာတွင်ကြော်ငြာရပါမည်။
(၃)ကန့်ကွက်သူမရှိပါက စရံပေးစာချုပ်ချုပ်ဆိုရန်ဖြစ်ပါသည်။ဥပမာ ကျပ်သိန်းတစ်ထောင်တန်သောမြေကွက်ဖြစ်ပါက ကျပ်သိန်းတစ်ရာကိုပေး၍ စာချုပ်ရန်ဖြစ်သည်။
(၄)ဝယ်ယူမည့်မြေကွက်ပေါ်တွင်ကျူးကျော်သူမရှိစေရပါ။ (ဥပမာ ဂိုဒေါင်စောင့်လင်မယားနေတာမျိုး) အဆိုပါနေထိုင်သူမျိုးကိုဖယ်ပေးရန်အတွက်မြေရှင်ကိုပြောရပါမည်။
(မြေရှင်က သုံးလလောက်တော့နေထိုင်ခွင့်ပေးပါဟုဆိုလျှင် ဒါဆိုရင်ကျွန်တော်တို့လည်း အစောင့်လင်မယားဖယ်ပြီးမှကျန်ငွေကိုချေတော့မယ်ဟုပြောပါ။ ဒါဆိုရင်တော့မြေရှင်ဟာကျန်ငွေကျပ်သိန်း(၉၀၀) ကိုလိုချင်သူမို့ဖယ်ပေးပါလိမ့်မယ်။
(၅)ကျူးကျော်နေထိုင်သူတွေဖယ်ပြီးပါကငွေကျန်ချေပြီးရင် မြေကွက်နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းအကုန်ပေးရမယ်နော်ဟုပြောရပါမယ်။ (ဥပမာ- အဝိစိတွင်းတူးပါမစ်၊ ပါဝါမီတာစတာမျိုးတွေဖြစ်ပါတယ်။စာရွက်စာတမ်းမူရင်းစာတမ်းအားလုံးကိုတောင်းယူရန်ဖြစ်သည်။)
(၆)၎င်းနောက်မြေရှင်က အက်စ်ပီ(အထူးကိုယ်စားလှယ်လွှဲစာ)ပေးရမည်ဟုပြောပါ၊ကိုယ်စားလှယ်လွှဲစာတွင်ဝယ်ယူမည့်မြေကွက်နှင့်ပတ်သက်၍ အကုန်လွှဲအပ်သည့်အကြောင်းပါရှိရပါမည်။
(၇)ဝယ်ယူမည့်မြေကွက်မြေပုံ(အများပြောနေကြတဲ့ ၁၀၅၊ ၁၀၆ ကို)ကိုပိုင်ရှင်ကထုတ်ထားပေးပါဟုပြောရပါမည်။
(၈)၎င်းနောက်ငွေအကြေချေသည့်စာချုပ်ပါ၊၊အထက်ကပြောခဲ့သည့်စာရွက်စာတမ်းများအားလုံးကိုရယူပါ။ မြေကွက်ကိုလက်ရောက်ရယူပါ။
(၉)မပြီးသေးပါ၊မိမိဝယ်ယူမည့်အိမ်ခြံမြေတည်ရှိရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် သတ်မှတ်စံနှုန်းများအားကြော်ငြာသင်ပုန်းတွင်ဖော်ပြထားပါသည်။
ရပ်ကွက်အလိုက်၊လမ်းအလိုက်စံနှုန်းများ၊အဆောက် အအုံများပါရှိပါက အဆောက်အအုံအမျိုးအစားအလိုက်သတ်မှတ်သည့် စံနှုန်းများ(တစ်ပေလျှင်မည်မျှ ကုန်ကျမည့်တွက်ချက်သည့် PAE နှုန်း)တို့ကိုဖတ်ရှုပြီးတွက်ချက်နိုင်ပါသည်။
(၁၀)ကာလတန်ဖိုးစိစစ်သတ်မှတ်နိုင်ရန် အထက်ဖော်ပြပါစာရွက်စာတမ်းအထောက်အထားများကိုအိမ်ခြံမြေတည်ရှိရာတိုင်းဒေသကြီး ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင်သာတင်ပြရမည်ဖြစ်ပါသည်။
မြို့နယ်ရုံးကမိမိတန်ဖိုးသတ်မှတ်ထားသည့်နှုန်းထားဖြင့် အရောင်းအဝယ်စာချုပ်ကိုမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင်တင်ပြပါကသူကအထက်အဆင့်ဆင့်ရုံးများသို့ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။
(၁၁)ကျသင့်ငွေတံဆိပ်ခေါင်းခွန်ပေးဆောင်ခြင်း။ အိမ်ခြံမြေဝယ်ယူသူအနေဖြင့်ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်သည့်ဝယ်ယူသည့်တန်ဖိုးအပေါ် မိမိတင်ပြနိုင်သည့်ဝင်ငွေရလမ်းအထောက်အထားများတင်ပြပြီး ဝင်ငွေခွန်စိစစ်မှုကို ခံယူရန်လိုအပ်ပါသည်။
စည်းကြပ်မှုလွှတ်ကင်းနေသော ဝင်ငွေပေါ်ပေါက်ပါက နှစ်စဉ်ပြဌာန်းသည့်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါနှုန်းထားအတိုင်းပေးဆောင်ရမည်ဖြစ်ပါသည်။
(၁၂)မြန်မာနိုင်ငံတစ်ှမ်းလုံးရှိ မည်သည့်မြို့နယ်တွင်တည်ရှိသည့်အိမ်ခြံမြေကိုဝယ်ယူသည်ဖြစ်စေ၊ပေးကမ်းသည်ဖြစ်စေ၊သတ်မှတ်သည့်ကာလတန်ဖိုးအပေါ်တွင်တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်းအပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း၊(စုစုပေါင်း ၄ ရာခိုင်နှုန်း)ကိုထမ်းဆောင်ရပါမည်။
(၁၃)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးကတွက်ချက်ပေးထားသည့်..ဝင်ငွေခွန်နှင့်တံဆိပ်ခေါင်းခွန်ငွေသွင်းချလံတို့ဖြင့်သက်ဆိုင်ရာမြို့နယ်ရှိမြန်မာ့စီးပွားရေးဘဏ်တွင်ပေးဆောင်ရပါမည်။
(မေတ္တာဖြင့်ပေးကမ်းခြင်းဖြစ်ပါကဝင်ငွေခွန်ပေးဆောင်ရန်မလိုဘဲတံဆိပ်ခေါင်းခွန်သာထမ်းဆောင်ရမည်ဖြစ်ပါသည်။)
(၁၄)ငွေသွင်းပြီးသည့်ဝင်ငွေခွန်နှင့်တံဆိပ်ခေါင်းခွန်ငွေသွင်းချလံ မူရင်း/ မိတ္တူတို့ကို မြို့နယ်အခွန်ဦးစီးဌာနရုံးတွင်ပြသ၍ စာချုပ်ချုပ်ဆိုရန်တံဆိပ်ခေါင်းထုတ်ယူရပါမည်။
(၁၅)အိမ်ခြံမြေဝယ်ယူသူအနေဖြင့်ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ အရဝင်ငွေခွန်တောင်းခံလွှာ ပုံစံ ပတခ (ဝင) ၈ နှင့်အတူမြန်မာ့စီးပွားရေးဘဏ်တွင်ပေးဆောင်ပြီးသည့် ကျသင့်ဝင်ငွေခွန်နှင့်တံဆိပ်ခေါင်းခွန်ချလံဖြတ်ပိုင်းမူရင်းများ၊
တံဆိပ်ခေါင်းခွန်အပြည့်အဝကပ်နှိပ်ထမ်းဆောင်ထားသည့်စာချုပ်စာတမ်းမူရင်းများနှင့်ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိမြို့နယ်များဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့လည်းကောင်း၊
ပြည်ထောင်စုနယ်မြေနှင့်ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်ပါကမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူးရုံးများသို့ သွားရောက်၍စာချုပ်စာတမ်းများကို မှတ်ပုံတင်ကြရပါမည်။
အထက်ဖော်ပြပါလုပ်ငန်းစဉ်များကိုဆောင်ရွက်သွားရန်ဖြစ်ပါသည်။နောက်မှအမည်ပေါက်ပြောင်းတာ..ဘာညာတွေကိုလုပ်စရာရှိပါသေးသည်။ဤမျှလောက်ဆိုလျှင်အတော်အသင့်သိသင့်ပြီဟုထင်ပါသည်။
အတုအယောင် အလိမ်အညာတွေပေါများတဲ့ ယနေ့ချိန်ခါမှာ ရောင်းမှား ဝယ်မှားမဖြစ်ကြစေဖို့ရည်ရွယ်ပြီး မျှဝေပေးလိုက်ပါတယ်။
ရေးသူ − ဆရာကြီးမိုးထက်
ကိုးကား-ကွယ်လွန်သူ အိမ်ခြံမြေအကျိုးဆောင် ဆရာကြီးဦးကြည်စိုး( အိုင်စီ) ၏သင်ကြားပို့ချမှုများ..
crd