ယောက်ျားကြီးများပင် မျက်ရည်ကျလောက်အောင်.. နာကျင်တဲ့ သွားကိုက်ပြီးသွားဖုံးရောင်နေခြင်းကို ချက်ချင်းသက်သာစေတဲ့ ပုဏ္ဏရိပ်ပင် အစွမ်း
ယောက်ျားကြီး တစ်ဦးသွားကိုက်ပြီးသွားဖုံးရောင်ကာ မျက်ရည်ပင်ကျနေခြင်းဖြစ်သည်။ ဘယ်လောက်ပင်နာကျင်ကိုက်ခဲနေသနည်း။
ဆေးနည်းပေးတော့ထိုသူကဆိုသေးသည် “မင်းဟာဟုတ်ရဲ့လားကွာတဲ့ ̏ဟုတ်မဟုတ်ခင်ဗျား.. ယုံကြည်စွာစမ်းကြည့် ကျုပ်သွားနာတုန်းက ဆရာတော်ပေးခဲ့တဲ့နည်းပဲ˝။
ကိုယ်တွေ့ကြုံဖူးသောဆေးမြီတိုလေးတစ်ခုပေးလိုက် သည်။ပုဏ္ဏရိပ်ရွက် အရွက်(၂၀)ကိုခူးပြီး ရေစင်အောင်ဆေးကာရေနှင့်ပြုတ်ပြီး ထိုရည်နွေးနွေးလေးအား ဆားအနည်းငယ်ဖြင့်ငုံ၍ထွေးစေခြင်းသာဖြစ်သည်။
ထိုနည်းဖြင့် သွားကိုက်ရောဂါပျောက်ကင်းခဲ့ပါသည်။ အခြားဆေးဝါးအကူမပါ၀င်ခဲ့ပါ။
ပုံဏ္ဏရိပ်ပင်
အလှပန်းပင်အဖြစ် ခြံစည်းရိုးများ၊ပန်းဥယျဉ်များတွင် အလှစိုက်ကြသည်။ငယ်စဉ်ကလေးဘ၀ ပုံဏ္ဏရိပ်ပန်းသီးများခူး၍ ချိုဖန်သောအရသာကိုခံစားဖူးပါသည်။
အသီးမှည့် လေးများတွေ့ရင် ပျော်ကြသည်။ကလေးဘဝြဖတ်သန်းကြဖူးသူအများစုမှာ ပုံဏ္ဏရိပ်နှင့်သူအသီးကို မမေ့နိုင်ကြပါ။
နေရာဒေသအလိုက်အမျိုးမျိုးခေါ်ကြသည်။ရွှေတ ဆုပ်၊ခြံစည်းရိုးပန်း၊ပုံဏ္ဏရိပ်၊စသည်ဖြင့်ဖြစ်လေသည်။အချို့က အကြော်မှုန့်ဖြင့်အပွင့်ကိုကြော်စားသည် လည်းရှိကြသည်။
အရှင်နာဂသိန်ပုံပြဆေးကျမ်း
(၁)အပွင့်ဝါ၊နီရှိလေသည်။
(၂)ခါးသည်။ဖန်သည်။နူးညံ့စွာ၀မ်းသက်သည်။
(၃)အူများကိုပိတ်ဆို့ခြင်း၊ရေဖျဉ်းရောဂါ၊ဥတုသွေး လာစဉ်ကိုက်ခဲခြင်းကိုပြေပျောက်သည်။
(၄)သွားကိုက်၊သွားဖုံးရောင်၊အာခေါင်တွင်အပူ အိတ်များရှိပါ၍ သွားဖုံးအတွင်းနာကျင်ကိုက်ခဲပါမူ အရွက်အား ဆားအနည်းငယ်ထည့်ပြီး ရေနွေး ဆူဆူတွင်ချ၍ ခပ်နွေးနွေးလေးနုတ်ငုံ ဆေးပါ ကသွား ကိုက်၊သွားနာပျောက်ကင်းသည် ဆိုထားသည်။
ဆေးဆရာကြီး အဘသိန်းနည်း
ပုံဏ္ဏရိပ်ရွက်များကို အရိပ်တွင်အခြောက်လှန်းပြီးပြာ ချ၍ဆားနှင့်ရောသွားတိုက်ပေးပါက.. သွားကိုက်၊ သွားနာရောဂါများ ပျောက်သည်ဟုဆိုပါသည်။ပုံဏ္ဏရိပ်သည်ဆေးဖက်၀င်ပါသည်။
အခြားသော ဆေးအသုံး၊ နေရာဒေသလိုကအခေါ်လေးများ နှင့်စားဖူးခဲ့ပါသလားကွန့်မင့်ရေးပေးကြပါရန်။(သွားရောဂါအတွက် လိုသူတို့အသုံးချနိုင်ကြပါစေ)
ဆေးပညာရှင်ကြီးများအားအစဉ်လေးစားလျှက်
မေတ္တာဖြင့် CREDIT_ရဲမျိုးသူ(ဗောဓိမြိုင်)
ေယာက္်ားႀကီးမ်ားပင္ မ်က္ရည္က်ေလာက္ေအာင္ နာက်င္တဲ့ သြားကိုက္ၿပီးသြားဖုံးေရာင္ေနျခင္းကို ခ်က္ခ်င္းသက္သာေစတဲ့ ပုဏၰရိပ္ပင္ အစြမ္း
ေယာက္်ားႀကီး တစ္ဦးသြားကိုက္ၿပီးသြားဖုံးေရာင္ကာ မ်က္ရည္ပင္က်ေနျခင္းျဖစ္သည္။ ဘယ္ေလာက္ပင္နာက်င္ကိုက္ခဲေနသနည္း။
ေဆးနည္းေပးေတာ့ထိုသူကဆိုေသးသည္ “မင္းဟာဟုတ္ရဲ့လားကြာတဲ့ ̏ဟုတ္မဟုတ္ခင္ဗ်ား ယုံၾကည္စြာစမ္းၾကည့္ က်ဳပ္သြားနာတုန္းက ဆရာေတာ္ေပးခဲ့တဲ့နည္းပဲ˝။
ကိုယ္ေတြ႕ၾကဳံဖူးေသာေဆးၿမီတိုေလးတစ္ခုေပးလိုက္ သည္။ပုဏၰရိပ္ရြက္ အရြက္(၂၀)ကိုခူးၿပီး ေရစင္ေအာင္ေဆးကာေရႏွင့္ျပဳတ္ၿပီး ထိုရည္ေႏြးေႏြးေလးအား ဆားအနည္းငယ္ျဖင့္ငုံ၍ေထြးေစျခင္းသာျဖစ္သည္။
ထိုနည္းျဖင့္ သြားကိုက္ေရာဂါေပ်ာက္ကင္းခဲ့ပါသည္။ အျခားေဆးဝါးအကူမပါ၀င္ခဲ့ပါ။
ပုံဏၰရိပ္ပင္
အလွပန္းပင္အျဖစ္ ၿခံစည္းရိုးမ်ား၊ပန္းဥယ်ဥ္မ်ားတြင္ အလွစိုက္ၾကသည္။ငယ္စဥ္ကေလးဘ၀ ပုံဏၰရိပ္ပန္းသီးမ်ားခူး၍ ခ်ိဳဖန္ေသာအရသာကိုခံစားဖူးပါသည္။
အသီးမွည့္ ေလးမ်ားေတြ႕ရင္ ေပ်ာ္ၾကသည္။ကေလးဘျဝဖတ္သန္းၾကဖူးသူအမ်ားစုမွာ ပုံဏၰရိပ္ႏွင့္သူအသီးကို မေမ့နိုင္ၾကပါ။
ေနရာေဒသအလိုက္အမ်ိဳးမ်ိဳးေခၚၾကသည္။ေရႊတ ဆုပ္၊ၿခံစည္းရိုးပန္း၊ပုံဏၰရိပ္၊စသည္ျဖင့္ျဖစ္ေလသည္။အခ်ိဳ႕က အေၾကာ္မႈန္႔ျဖင့္အပြင့္ကိုေၾကာ္စားသည္ လည္းရွိၾကသည္။
အရွင္နာဂသိန္ပုံျပေဆးက်မ္း
(၁)အပြင့္ဝါ၊နီရွိေလသည္။
(၂)ခါးသည္။ဖန္သည္။ႏူးညံ့စြာ၀မ္းသက္သည္။
(၃)အူမ်ားကိုပိတ္ဆို႔ျခင္း၊ေရဖ်ဥ္းေရာဂါ၊ဥတုေသြး လာစဥ္ကိုက္ခဲျခင္းကိုေျပေပ်ာက္သည္။
(၄)သြားကိုက္၊သြားဖုံးေရာင္၊အာေခါင္တြင္အပူ အိတ္မ်ားရွိပါ၍ သြားဖုံးအတြင္းနာက်င္ကိုက္ခဲပါမူ အရြက္အား ဆားအနည္းငယ္ထည့္ၿပီး ေရေႏြး ဆူဆူတြင္ခ်၍ ခပ္ေႏြးေႏြးေလးႏုတ္ငုံ ေဆးပါ ကသြား ကိုက္၊သြားနာေပ်ာက္ကင္းသည္ ဆိုထားသည္။
ေဆးဆရာႀကီး အဘသိန္းနည္း..
ပုံဏၰရိပ္ရြက္မ်ားကို အရိပ္တြင္အေျခာက္လွန္းၿပီးျပာ ခ်၍ဆားႏွင့္ေရာသြားတိုက္ေပးပါက.. သြားကိုက္၊ သြားနာေရာဂါမ်ား ေပ်ာက္သည္ဟုဆိုပါသည္။ပုံဏၰရိပ္သည္ေဆးဖက္၀င္ပါသည္။
အျခားေသာ ေဆးအသုံး၊ ေနရာေဒသလိုကအေခၚေလးမ်ား ႏွင့္စားဖူးခဲ့ပါသလားကြန္႔မင့္ေရးေပးၾကပါရန္..။(သြားေရာဂါအတြက္ လိုသူတို႔အသုံးခ်နိုင္ၾကပါေစ)
ေဆးပညာရွင္ႀကီးမ်ားအားအစဥ္ေလးစားလၽွက္
ေမတၱာျဖင့္ CREDIT_ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)