#တနင်္ဂနွေ
#တနင်္လာ
#အင်္ဂါ
#ဗုဒ္ဓဟူး/ရာဟု
#ကြာသပတေး
#သောကြာ
#စနေ
unicode
တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
အဆင်ပြေခြင်း၊ကံကောင်းခြင်းတွေရောက်လာတတ်တဲ့ကာလပါပဲ။တစ်ပါးသူတွေရဲ့အကူအညီတွေကို အထူးလက်ခံရရှိတတ်ပါတယ်။ မှောင်မိုက်နေတဲ့ ကံအနေအထားရှိနေသူများလဲ အလင်းရောင်လေးစတင်မြင်ရမဲ့ ကာလပဲဖြစ်ပါတယ်။ ငွေကံအားကောင်းသလို အကြံကောင်းတွေလဲ အထူးရလာတတ်ပါတယ်။ အိုးအိမ်ကိစ္စတွေ၊ နေရာထိုင်ခင်းကိစ္စတွေဆောင်ရွက်လို့ကောင်းပါတယ်။
စာချုပ်စာတန်းကိစ္စတွေ၊ တန်ဖိုးရှိပစ္စည်းများဝယ်ယူခြင်း တွေ၊ ရှေ့နေရှေ့ရပ်တွေနဲ့ဆောင်ရွက်ရမဲ့ကိစ္စတွေကို ဒီကာလမှာဆောင်ရွက်တာက အခက်အခဲနည်းပါးပါလိမ့်မယ်။ ကံကြမ္မာ၏မျက်နှာသာပေးခြင်းခံရတတ်သည်။ ဆွေမျိုးသား ချင်းများနှင့်ဆက်ဆံရေးအဆင်မပြေတက်ပါ။ အကြီး အကဲ များ၏ကူညီမစမှု ခံရတတ်သည်။မမျှော်လင့်သော လက်ဆောင်ငွေကြေးများရတတ်သည်။ ဝင်ငွေတိုးတက် သော်လည်းငွေကုန်ကြေးကျများနေတတ်သည်။
သားသမီးများ ၏ပညာရေးတိုး တက်မှုအားမရဖြစ်နေမယ်။ လက် အောက် ငယ်သားများကြောင့် လုပ်ငန်းများမဖွံဖြိုး၊မတိုးတက်ဖြစ်နေမည်။ မိမိကိုယ်တိုင်က ရာထူးတိုးတက်ကိန်း ရှိသည်။ အိမ်ထောင် ဘက်၏ ကျန်းမာရေးကြောင့် စိတ်ပူနေရသူများဒီကာလမှာသူကျန်းမာရေး သင့်တင့် ကောင်း မွန်မည်။အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူရဲ့အုပ်ထိန်းသူတွေနဲ့တွေ့ဆုံခြင်းများအလေးပေးဆောင်ရွက်နိုင်ပါတယ်။အကျိုးပေးဂဏန်း ၁/၉/၆အထူးဟော ကံမြင့်မားနေမယ်။ယတြာ သရက်သီးအချဉ်ပေါင်းဘုရားကပ်လှူပါ။
#တနင်္လာ
အလုပ်အကိုင်များတိုးတက်မှုရှိမည်။သားချင်းမောင်နှမများနှင့်ဆက်ဆံရေးကောင်းမွန်နေမည်။ ငွေကြေးအဆင်ပြေတိုးတက်မည်။ဘုရားဖူးခရီး များထွက်ရတတ်သည်။ ဘာသာရေးလုပ်ငန်းများ စိတ်ပါလက်ပါ လုပ်ဆောင်လို့ အောင်မြင်မည်။ အရေး ပါသောပုဂ္ဂိုလ်များ ထံမှအကူအညီရတတ်သည်။ မျှော်လင့်မထားသော ပျော်ရွှင်စရာကိစ္စတွေကြုံရတတ်ပါတယ်။ ဘိုးဘွားများ၊ဘကြီး၊ကြီးတော်များ၏ကျန်းမာရေး ချို့ယွင်းမှုရှိ တတ် သည်။
အခက်အခဲများကြားမှလုပ်ငန်းများပုံမှန်ထက်ပိုမိုတိုးတတ်လည်ပတ်နေမည်။ အနုပညာလုပ်ငန်းများမှ အကျိုးအမြတ်ဖြစ်ထွန်းတတ်သည်။အွန်လိုင်းစီးပွားများ၊Vlogger များ video content တွေပေါက်နိုင်သော ကာလ ဖြစ်သည်။ ရရန်ငွေကြေး များနှောင့်နှေး ကြန့်ကြာ ပြီးမှရတတ်သော်လည်း အပြည့်အဝနီးပါးပြန်ရ တတ်ပါ တယ်။အလုပ်ကြောင့်ရပ်ဝေးခရီးထွက်ရတတ်သည်။လူမျိုးခြားနှင့် ဆက်စပ်သော အလုပ်များလုပ်ကိုင်ရ တတ် သည်။ အိမ်ထောင်ရေးအဆင်ပြေ သာယာမှုရှိမည်။
ရန်သူအကိုက်အခံများအပေါ်အောင် မြင်မှုရတတ်သည်။ မိတ်ကောင်းဆွေကောင်းများရတတ်သည်။ကျန်းမာရေးအနည်းငယ်တော့ အညံ့များနေတတ်သည်။ဇိမ်ခံပစ္စည်း များဝင်လာပါက မိမိကျန်းမာရေးညံ့တာမို့ ချင့်ချိန်ပြီးမှဝယ်ယူတာမျိုးဆောင်ရွက်ပါ။အချစ်ရေး၊အိမ်ထောင်ရေးကံ ကတော့ ဒီကာလအညံ့မရှိသလောက်နည်းမယ်။အကျိုးပေးဂဏန်း ၃၀၉အထူးဟော ပျော်စရာကိစ္စတွေကြုံရဆုံရမယ်။ယတြာ နှင်းဆီ ၃ပွင့် ဘုရားကပ်လှူပါ။
#အင်္ဂါ
ဘုရားဖူးခရီးများသွားရတတ်သည်။ ရှယ်ယာအလုပ်များ၊အစုစပ်လုပ်ငန်းများ မလုပ်သင့်သေးပါ။ သား သမီးများအတွက် ပူပန်သောကဖြစ်ရတတ်သည်။ နေရာ ထိုင်ခင်းအပြောင်း အရွှေ့ ဖြစ်ရတတ်သည်။ ကြိုးစား အားထုတ်မှုများအရာမထင်ဖြစ်တတ်သည်။ အစစအရာရာ စိတ်တိုင်းမကျဖြစ်နေတတ်သည်။ အတိုက်အခံရန်များ သောကာလဖြစ်၏။သတိတရားလက် ကိုင်ထား၍ အစစ အရာရာသည်းခံလုပ် ကိုင် ဆောင်ရွက်သင့်သည်။
ကျန်းမာရေး ကြောင့်စိတ်သောကရောက်တတ်သည်။ မမျှော် လင့်သောငွေကြေး လက်ဆောင်ပစ္စည်းတို့ရ တတ် သည်။တန်ဖိုးကြီးမြင့်သောလက်ဆောင်တွေဖြစ်တတ်သည်။ အလုပ်အကိုင်မျာ တိုးတက်မှုနှေးကွေး၍ အလုပ် အကြွေး တွေများနေတတ်သည်။ အလုပ်တွေမှာတော့ မနိုင်ဝန်မထမ်းပါနဲ့။မလုပ်နိုင်ဘဲ အော်ဒါတွေကို လက်မခံ လိုက် ပါနဲ့။နာမည်ပျက်ရတတ်ပါတယ်။ ဆွေမျိုးသားချင်း များကျန်းမာ ရေးချို့ယွင်းနေတတ်သည်။ အိမ်ထောင်ရေး အဆင် မပြေမှုများဖြစ်တတ်သည်။
အိမ်ထောင်ဘက်နှင့်ပတ်သက်၍ စိတ် အနှောင့်အယှက်ရှိမည်။ တစ်ပတ်ရစ် ပစ္စည်းတွေရောင်းချတဲ့အလုပ်အကိုင်များ အဆင်ပြေမည်။ စာပေရေးသား ထုတ်ဝေမှုလုပ်ငန်းမှအကျိုးအမြတ်ဖြစ် ထွန်းမည်။ သူတပါး၏စွပ်စွဲမှု တွေခံရတတ်သည်။ အိပ်ယာနေရာ အပြောင်းအလဲလုပ်လိုက်ခြင်းဖြင့်ကံအညံ့တွေ လျော့ချထားနိုင်ပါလိမ့်မယ်။အကျိုးပေးဂဏန်း ၁၄၈အထူးဟော စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။ယတြာ အားသွင်းကြိုး၊မီးကြိုးအစုတ်အပြတ်တွေစွန့်ပစ်လိုက်ပါ။
#ဗုဒ္ဓဟူး/ရာဟု
မိသားစုပျော်ရွှင်ချမ်းသာယာမှုများရလိမ့်မည်။ သားသမီးများ၏ပညာရေးတိုးတက်မှုရှိသည်။ သားသမီး များ၏ ပညာရေးဂုဏ်ယူ ဖွယ်သတင်းစကားကြားသိရမည်။ ယာဉ်ကား အသစ်ဝယ်ယူရ တတ်သည်။ အိမ်ခြံမြေလုပ်ငန်းများတွင်ကျယ်မည်။ အတိုက်အခံရန်ဘက်များအပေါ် အနိုင်ရအောင် ထိစွမ်းဆောင်နိုင်သည်။ အိမ်ထောင်ဘက်၏အကူအညီဖြင့်လုပ်ငန်းများ အဆင်ပြေတိုးတက်မှုရတတ်သည်။ မိသားစုအေးချမ်းမှု ရရှိမည်။
အိမ်ထောင်ရေး သာယာ မှုရှိမည်။ ဆရာ သမားအကြီးအကဲများ၏ ကူညီ ထောက်ပံ့မှုရတတ်သည်။ လူငယ်များ အပျော်အပါးများနေတတ် သည်။အပျော် အပါးကြောင့်ပဲငွေကုန်၊လူပန်းဖြစ်ရလိမ့်မယ်။အဓိဋ္ဌာန်လုပ်ငန်း များ အဖျက်ဝင်လာပြီးပျက်တတ်သည်။ စိတ်သော က များကိုထိန်းချုပ်နိုင်မည်။ ခြေထောက်တွင်ထိခိုက်အနာတရ ဖြစ် တတ် သည်။ အာရုံကြောရောဂါဖြစ်ပွား တတ်သည်။
ပြီးပြတ်ရန် အခက် အခဲရှိနေသောလုပ်ငန်းများအလွယ် တကူဆောင်ရွက်ပြီးစီး မည်။အိပ်မက်ကောင်း များမြင်မက် တတ်သည်။ ထိုသို့မြင်မက်ပါက ထီထိုးလိုက်ပါ။ ပတ်ဝန်းကျင်အပေါ် ဩဇာ ညောင်းမည်၊အချစ်ရေးကိစ္စတွေမှာ အခက်အခဲပြဿနာရှိခဲ့ရင်တောင် ပြေလည်အောင် ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ချစ်သူမရှိသူများ ချစ်သူသစ်ရဖို့အကြောင်းဖန်လာတတ်ပါတယ်။အကျိုးပေးဂဏန်း ၂၅၈အထူးဟော ကံအကောင်းအဆိုးမျှပါတယ်။ယတြာ ငှက်ပျောကြော်တစ်ပန်းကန်ဘုရားကပ်လှူပေးပါ။
#ကြာသပတေး
ကြိုးစားအားထုတ်မှုကြောင့်လုပ်ငန်း များအဆင်ပြေတိုးတက် မည်။လုပ်ငန်းခွင်တွင်အမည်ကောင်းရ ည်။ရာထူးတိုးတက်ကိန်းရှိ သည်။အိမ်မက်ဆိုးများမက်တတ် စားခြင်းခံရတတ်သည်။ ဌာနဆိုင်ရာဝန်ထမ်းများ အထက်က ချီးမြင့်မြှောက်စားခြင်းခံ ရတတ်သည်။ ကိုယ်ပိုင်စီးပွားလုပ်ငန်းများလည်း တိုးတတ်မှု၊ချဲ့ထွင်နိုင်မှုတွေရှိ နေတတ် သည်။ပျောက်ဆုံး ပစ္စည်းများပြန်ရခြင်းနှင့်ပြန်တွေ့ခြင်းများကြုံရလိမ့်မည်။ ဩဇာအာဏာမြင့်မား လာတတ် သည်။
လူမျိုးခြားများနှင့်ဆက်သွယ်လုပ်ကိုင် ရန်အခွင့်အလမ်းများပေါ်လာ တတ် သည်။ သားသမီးများ၏ ပညာရေး အားမလိုအားမရဖြစ်တတ်သည်။ အလုပ်အကိုင်မှာ အကူအညီ များ၊ ကံကောင်း မှုများ ရှိလာတတ်သည်။ စီးပွားရေးကောင်းလာတတ်သည်။ ဘယ်သူမှ မလုပ်တဲ့အလုပ်၊ ဘယ်သူနဲ့မှ မတူတဲ့ပုံစံမျိုး လုပ်ကိုင်ရတတ်ပြီး ငွေကြေးဥစ္စာ အကျိုးအမြတ်ကောင်း … ရရှိလာတတ်ပါသည်။ ကျန်းမာရေးအနေနှင့်လည်း တစ် ခါတရံ ရောဂါဖြစ် ချင်သလို ဖြစ်တတ်ပြီး ပြန်ကောင်းသွားတတ် ပါသည်။
ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာကို နည်းမှန်လမ်းမှန်ဖြင့် ကုသပျောက်ကင်းသွားတတ်ပါသည်။ရန်နှင့်မကင်းသောလုပ်ငန်းများမှငွေဝင်တတ်သည်။ တရားမဝင်သော လုပ်ငန်း များ ကငွေရလာနိုင်တဲ့သဘော၊မဖြူစင်တဲ့ငွေ ဝင်တဲ့သဘောမျိုးတွေ့ရသည်။ အချစ်ရေးအားကောင်းအဆင်ပြေ မယ်။ အကျိုးပေးဂဏန်း ၃၆၉အထူးဟော လုပ်ငန်းစီးပွားတိုးတတ်မယ်။ယတြာ ပေါက်ဆီဘုရားကပ်ပေးပါ။
#သောကြာ
ရန်လိုဒေါသကြောင့်ပြောမှားဆိုမှားဖြစ်တတ်သည်။သား သမီးများ၏ ကျန်းမာရေးအတွက်ပူပင်သောကဖြစ် ရတတ်သည်။ လူမျိုးခြား များ အကူအညီရတတ်သည်။ရရန်ရှိကြွေး မြီများအလွယ်တကူမရတတ်ပါ။ လုပ်ငန်း များပုံမှန် လည်ပတ်နိုင်မည်။မမျှော်လင့်သောငွေ ကြေးဝင်တတ်သည်။ ဖခင်၏ကျန်းမာရေးချို့ယွင်းတတ်သည်။ ဘာသာရေးလုပ်ငန်း များ အားထည့်လုပ်ဆောင်ခွင့်ရတတ်ပါတယ်။ အလှူအတန်းပြုရတတ်သည်။မတော်တဆထိ ခိုက်မှုများကြုံရတတ်သည်။စိတ်သောကများနေတတ်သည်။
ရန်အတိုက်အခံများရှိနေ မည်။ယာဉ်၊စက်များချို့ယွင်း ပျက်စီး တတ်သည်။ ကျန်းမာရေးချချာ၍ စိတ် အနှောင့်အယှက်ဖြစ်မည်။ ကိုယ်ပိုင်လုပ်ငန်းများသင့်တင့် ကောင်းမွန် မည်။မမျှော်လင့် သော ငွေကြေးသုံးစွဲရခြင်းများရှိနေသည်။ ထိုသုံးစွဲလိုက်ရသောငွေကြေးများကတော့ အလဟဿ မဖြစ်ဘဲ အချိန်တန်ပြန်ဝင်လာပါလိမ့်မယ်။ အိမ်ထောင်ဘက်၏ ကျန်းမာရေးအနည်းငယ်အညံ့ကြုံတတ်သည်။ အိမ်ထောင်ဘက်နှင့် ခွဲခွာ နေရတတ်သည်။
ငယ်ရွယ်သူများပညာရေးတွင်တိုးတက်ဖြစ်ထွန်းမည်။ အချစ်ရေးမှာတော့ ချစ်သူလက်မဲ့ဖြစ်နေသူများ မိမိထက်များစွာအသက်ငယ်သူတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတတ်ပါတယ်။ ချစ်သူရှိသူ များ ချစ်သူထံက စက်ပစ္စည်းတစ်ခုခု လက်ဆောင်ရတတ်ပါတယ်။အကျိုးပေးဂဏန်း ၄၇၀အထူးဟော ကံအညံ့လေးတွေရောပါနေတတ်သောကာလဖြစ်ပါတယ်။ယတြာ ဆီးထန်းလျက် ရဟန်းသံဃာကို လှူတန်းလိုက်ပါ။
#စနေ
အစုစပ်လုပ်ငန်းများမလုပ်သင့်ပါ။ ငွေကြေးဆုံးရှုံးမှုများကြုံတွေ့ ရလိမ့်မည်။ အထူးသဖြင့်လူမျိုးခြားနှင့် ဆက်ဆံလုပ်ကိုင် ဆောင်ရွက်ရာတွင် ငွေကြေး နစ်နာဆုံးရှုံးမှုများဖြစ်တတ်သည်။ မိတ်ဆွေများနှင့်ပေါင်းသင်း ဆက်ဆံမှုတွင်အထင်မှားအမြင်မှားကြုံရတတ်သည်။ အိမ်ထောင်ရေးသုခရရှိ တတ်ပါတယ်။။ အိမ်ထောင်ဘက်နှင့် ဆက်ဆံရေးအဆင်ပြေမယ်။မိခင် ၊ကြီးတော်၊အဘွားစသောအမျိုးသမီးအကြီးအကဲတွေဆီက အကူအညီရတတ်ပါ တယ်။ ညီအကိုမောင်နှမဆွေမျိုးသားချင်းများအတွက်စိုးရိမ်သောကရတတ်သည်။
အန္တရာယ်ရှိသောလုပ်ငန်းခွင်တွင် လုပ်နေရသူများထိခိုက် အနာတရဖြစ်တတ်သည်။ကိုယ်ပိုင်အလုပ်များလုပ်ငန်းများတိုးတက်မှု နှေးကွေးနေမည်။ ဝန်ထမ်းလခစားများ အလုပ်လုပ်ရာတွင် ပေါတိပေါ့စလုပ်နေမိတတ်ပါတယ်။သတိကပ်ပြီး လုပ်ပါ။ဆိုင်ဖွင့်ထား သူများ ငွေကြေးလက်လွတ်စပယ်မထားပါနဲ့။ ငွေကြေး ပစ္စည်းဥစ္စာများခိုးယူခြင်းခံရတတ်သည်။ မိမိကိုယ်တိုင် ကျန်းမာရေးအနည်းငယ် ညံ့တတ်သည်။ အိမ်ထောင်ဘက်က ခရီးယာယီသွားရတတ်သည်။
အပျော်အပါးကြောင့် ဘာသာရေးလုပ် ငန်းများ လုပ်ဆောင်ရန်ပျက်ကွက်လိမ့်မည်။အရေးကြီး ကိစ္စရပ်များကိုဆုံးဖြတ်မရ ဝေခွဲမရဖြစ်နေ တတ်သည်။ အချစ်ရေးကံကတော့ထူးထူးခြားခြားအဆင်ပြေနေတတ်ပါတယ်။အကျိုးပေးဂဏန်း ၁၅၇အထူးဟော ကျန်းမာရေးဂရုစိုက်ပေးပါ။ယတြာ ဘဲဥများဝယ်ပြီး မိမိထက်နွမ်းပါးသူများကိုလှူပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695