ၾကားသိရသမွ်

အသုဘပို့တဲ့နေ့မှာ အိုးခွဲခြင်းနှင့် သွားလေသူကို မျက်စိလည်အောင် လုပ်တဲ့ မြန်မာတို့ရဲ့ ဓလေ့..

အသုဘပို့တဲ့နေ့မှာ အိုးခွဲခြင်းနှင့် သွားလေသူကို မျက်စိလည်အောင် လုပ်တဲ့ မြန်မာတို့ရဲ့ ဓလေ့..

ကာသီတိုင်း၊ အဿက ဘုရင်မှာ အင်မတန်လှပတဲ့ ဥပရီအမည်ရှိတဲ့ မိဖုရားကြီးရှိတယ်၊ မိဖုရားဟာ အလှအပနဲ့ပဲ အချိန်ကုန်လေ့ရှိပြီး၊ ဥယာဉ်တော်ထဲလှည့်လည်စဉ် အမှတ်မထင် ဆုံးပါးသွားခဲ့တယ်။ ဘုရင်ကြီး ဖြေမဆည်နိုင်တာကြောင့် မိဖုရားကို မမြုပ်ပဲ ဆေးစိမ်ပြီး ကျကျနန သိမ်းထားခဲ့တယ်။

ထမင်းစားချိန် ရုပ်အလောင်းဘေးနားမှာ ထမင်းစားတယ်။ ရေဆာရင်သောက်ဖို့ ရေအိုးတစ်လုံးပါ အနားမှာထားစေတယ်။ ဘုရင်ဟာ တိုင်းရေးပြည်ရာတွေမှာ စိတ်မဝင်စားတော့ပဲ မိဖုရားကြီး ရုပ်အလောင်းနားသာ ရောက်ရောက်လာပြီး အလွမ်းဖြေနေလေ့ရှိတယ်။

အဲ့ချိန်မှာ ဘုရားလောင်းရသေ့က ဘုရင့်ဥယာဉ်တော်မှာ လာသီတင်းသုံးပြီး၊ “ဥပရီမိဖုရားကြီးနဲ့ တွေ့ချင်ရင် ငါ့ဆီလာခဲ့ဖို့ မင်းတို့ဘုရင်ကို သွားလျောက်ချေ” လို့ ဥယာဉ်မှုးကို ခိုင်းပါတယ်။

ဘုရင်ရောက်တယ်ဆိုရင်ပဲ ဥပရီမိဖုရားကို ဖိတ်ပါတယ်၊ မကြာပါဘူး ချေးပိုးထိုး နှစ်ကောင်ထွက်လာတယ်၊ ရှေ့ကထွက်လာတာ ဥပရီမိဖုရားကြီးဆိုတာကို ဘုရင်လက်မခံနိုင်ပါဘူး၊ ရသေ့ကြီးက မာဂတ စကားနားလည်အောင် လုပ်ပေးပြီး အမေးအဖြေလုပ်ပါတယ်။

“ကျွန်မဟာ အရင်ဘဝက ဥပရီမိဘုရားကြီးပါ အလှအပနဲ့အချိန်တွေကုန်ပြီး ကုသိုလ်မပြုခဲ့တာကြောင့် ဒီဘဝမှာ ချီးပိုးထိုးဖြစ်ရတာပါဘုရား”

“နောက်ကပါလာတာ ဘယ်သူတုန်း”

“တပည့်တော်မရဲ့ ယခုဘဝလင်ပါဘုရား”

“အတိတ်ဘဝက အဿကဘုရင်နဲ့ ဒီဘဝလင် ဘယ်သူ့ပိုချစ်လဲ”

“အတိတ်မှာ မည်သို့ပင်ကောင်းစားစေခဲ့ကာမူ ပစ္စုပ္ပန်ချမ်းသာကို မမှီပါဘူးဘုရား၊ ယခုဘဝလင်ကို ဘယ်လောက်ချစ်သလဲဆိုရင် အတိတ်ဘဝလင် အဿကဘုရင်ရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးပေးချင်ပါတယ်..”

ဒီလောက်နဲ့တင် အဿကဘုရင်ဟာ မိဖုရားထားတဲ့နေရာကို ပြန်ပြေးပြီး အလောင်းကိုမြေမြုပ်၊ အလောင်းထားတဲ့နေရာ ရေဆေးချ၊ ရေအိုးကို သူကိုယ်တိုင်မ တံစက်မြိတ်ကိုထွက်ပြီး၊ ဒီနေ့ကစလို့မင်းနဲ့ငါ ပြတ်ပြီဟေ့လို့ ကြွေးကြော်ပြီး ပေါက်ခွဲပြစ်လိုက်တယ်။

အလောင်းထားတဲ့ နေရာမှာရှိတဲ့ ကြမ်း ၇ ချောင်းကိုလဲ ခွာစေတယ်။ရေအိုးခွဲတဲ့ ဓလေ့ကို ယခုတိုင် ကျင့်သုံးနေကြပေမဲ့ ကြမ်းခွာတဲ့ ဓလေ့တော့ပျောက်သွားပြီ၊ သစ်စျေးကြီးလို့ တင်ပါတယ်လေ။

နောက်ပိုင်း အိုးခွဲတဲ့ အဓိပ္ပါယ်က သေသူကိုအစွဲ ကင်းကင်းနဲ့ သွားလိုရာသွားနိုင်စေရန်ဖြစ်ပါတယ်။ ငါတို့နဲ့မင်း ပြတ်ပြီ သွားလိုရာသွားနိုင်ပြီဆိုတဲ့ သဘောပေါ့။ဒီခေတ် လွဲမှားစွာကျင့်သုံးနေတာက မင်းနဲ့ငါကိစ္စပြတ်ပြီဆိုပြီး ရေအိုးခွဲတယ်၊

ပြီးတော့ ဝိညာဉ်ပြန်ခေါ်တဲ့အနေနဲ့ ပန်းတစ်ပွင့် ပြန်ယူလာတယ်။ သေသူကို မျက်စိလယ်အောင်လုပ်တဲ့အဖြစ်ပါ၊ ခုနကပဲ ငါ့ကိုပြတ်ပြီဆိုပြီးအိုးခွဲတယ် ခုအိမ်ပြန်လိုက်ခဲ့ဖို့ပြန်ခေါ်တယ်၊ စိတ်ကြီးတဲ့သူဆိုရင် ပြန်လိုက်မှာ မဟုတ်ဘူး.. ဗဟုသုတ အနေဖြင့်သာ..

လေးစားစွာဖြင့် မူရင်းရေးသူကို.. နော်ဂဲလယ်ထူး (စာပေပရဟိတ)

ZAWGYI

အသုဘပို႔တဲ့ေန႔မွာ အိုးခြဲျခင္းႏွင့္ သြားေလသူကို မ်က္စိလည္ေအာင္ လုပ္တဲ့ ျမန္မာတို႔ရဲ့ ဓေလ့..

ကာသီတိုင္း၊ အႆက ဘုရင္မွာ အင္မတန္လွပတဲ့ ဥပရီအမည္ရွိတဲ့ မိဖုရားႀကီးရွိတယ္၊ မိဖုရားဟာ အလွအပနဲ႔ပဲ အခ်ိန္ကုန္ေလ့ရွိၿပီး၊ ဥယာဥ္ေတာ္ထဲလွည့္လည္စဥ္ အမွတ္မထင္ ဆုံးပါးသြားခဲ့တယ္။ ဘုရင္ႀကီး ေျဖမဆည္နိုင္တာေၾကာင့္ မိဖုရားကို မျမဳပ္ပဲ ေဆးစိမ္ၿပီး က်က်နန သိမ္းထားခဲ့တယ္။

ထမင္းစားခ်ိန္ ႐ုပ္အေလာင္းေဘးနားမွာ ထမင္းစားတယ္။ ေရဆာရင္ေသာက္ဖို႔ ေရအိုးတစ္လုံးပါ အနားမွာထားေစတယ္။ ဘုရင္ဟာ တိုင္းေရးျပည္ရာေတြမွာ စိတ္မဝင္စားေတာ့ပဲ မိဖုရားႀကီး ႐ုပ္အေလာင္းနားသာ ေရာက္ေရာက္လာၿပီး အလြမ္းေျဖေနေလ့ရွိတယ္။

အဲ့ခ်ိန္မွာ ဘုရားေလာင္းရေသ့က ဘုရင့္ဥယာဥ္ေတာ္မွာ လာသီတင္းသုံးၿပီး၊ “ဥပရီမိဖုရားႀကီးနဲ႔ ေတြ႕ခ်င္ရင္ ငါ့ဆီလာခဲ့ဖို႔ မင္းတို႔ဘုရင္ကို သြားေလ်ာက္ေခ်” လို႔ ဥယာဥ္မႈးကို ခိုင္းပါတယ္။

ဘုရင္ေရာက္တယ္ဆိုရင္ပဲ ဥပရီမိဖုရားကို ဖိတ္ပါတယ္၊ မၾကာပါဘူး ေခ်းပိုးထိုး ႏွစ္ေကာင္ထြက္လာတယ္၊ ေရွ႕ကထြက္လာတာ ဥပရီမိဖုရားႀကီးဆိုတာကို ဘုရင္လက္မခံနိုင္ပါဘူး၊ ရေသ့ႀကီးက မာဂတ စကားနားလည္ေအာင္ လုပ္ေပးၿပီး အေမးအေျဖလုပ္ပါတယ္။

“ကၽြန္မဟာ အရင္ဘဝက ဥပရီမိဘုရားႀကီးပါ အလွအပနဲ႔အခ်ိန္ေတြကုန္ၿပီး ကုသိုလ္မျပဳခဲ့တာေၾကာင့္ ဒီဘဝမွာ ခ်ီးပိုးထိုးျဖစ္ရတာပါဘုရား”

“ေနာက္ကပါလာတာ ဘယ္သူတုန္း”

“တပည့္ေတာ္မရဲ့ ယခုဘဝလင္ပါဘုရား”

“အတိတ္ဘဝက အႆကဘုရင္နဲ႔ ဒီဘဝလင္ ဘယ္သူ႔ပိုခ်စ္လဲ”

“အတိတ္မွာ မည္သို႔ပင္ေကာင္းစားေစခဲ့ကာမူ ပစၥဳပၸန္ခ်မ္းသာကို မမွီပါဘူးဘုရား၊ ယခုဘဝလင္ကို ဘယ္ေလာက္ခ်စ္သလဲဆိုရင္ အတိတ္ဘဝလင္ အႆကဘုရင္ရဲ့ လည္ေခ်ာင္းေသြးနဲ႔ ေျခေဆးေပးခ်င္ပါတယ္..”

ဒီေလာက္နဲ႔တင္ အႆကဘုရင္ဟာ မိဖုရားထားတဲ့ေနရာကို ျပန္ေျပးၿပီး အေလာင္းကိုေျမျမဳပ္၊ အေလာင္းထားတဲ့ေနရာ ေရေဆးခ်၊ ေရအိုးကို သူကိုယ္တိုင္မ တံစက္ၿမိတ္ကိုထြက္ၿပီး၊ ဒီေန႔ကစလို႔မင္းနဲ႔ငါ ျပတ္ၿပီေဟ့လို႔ ေႂကြးေၾကာ္ၿပီး ေပါက္ခြဲျပစ္လိုက္တယ္။

အေလာင္းထားတဲ့ ေနရာမွာရွိတဲ့ ၾကမ္း ၇ ေခ်ာင္းကိုလဲ ခြာေစတယ္။ေရအိုးခြဲတဲ့ ဓေလ့ကို ယခုတိုင္ က်င့္သုံးေနၾကေပမဲ့ ၾကမ္းခြာတဲ့ ဓေလ့ေတာ့ေပ်ာက္သြားၿပီ၊ သစ္ေစ်းႀကီးလို႔ တင္ပါတယ္ေလ။

ေနာက္ပိုင္း အိုးခြဲတဲ့ အဓိပၸါယ္က ေသသူကိုအစြဲ ကင္းကင္းနဲ႔ သြားလိုရာသြားနိုင္ေစရန္ျဖစ္ပါတယ္။ ငါတို႔နဲ႔မင္း ျပတ္ၿပီ သြားလိုရာသြားနိုင္ၿပီဆိုတဲ့ သေဘာေပါ့။ဒီေခတ္ လြဲမွားစြာက်င့္သုံးေနတာက မင္းနဲ႔ငါကိစၥျပတ္ၿပီဆိုၿပီး ေရအိုးခြဲတယ္၊

ၿပီးေတာ့ ဝိညာဥ္ျပန္ေခၚတဲ့အေနနဲ႔ ပန္းတစ္ပြင့္ ျပန္ယူလာတယ္။ ေသသူကို မ်က္စိလယ္ေအာင္လုပ္တဲ့အျဖစ္ပါ၊ ခုနကပဲ ငါ့ကိုျပတ္ၿပီဆိုၿပီးအိုးခြဲတယ္ ခုအိမ္ျပန္လိုက္ခဲ့ဖို႔ျပန္ေခၚတယ္၊ စိတ္ႀကီးတဲ့သူဆိုရင္ ျပန္လိုက္မွာ မဟုတ္ဘူး.. ဗဟုသုတ အေနျဖင့္သာ..

ေလးစားစြာျဖင့္ မူရင္းေရးသူကို.. ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)