Bသွေးပိုင်ရှင်လေးတွေရဲ့ အမူအကျင့်တချို့..
(၁)..bသွေးပိုင်ရှင်လေးတွေဟာအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ကြတယ် စိတ်ညစ်စရာတွေရှိ့ရင်တောင်မိမိရဲ့မိသားစု သူငယ်ချင်း ချစ်ရသူတွေကိုတောင် အပူမကပ်စေပဲ…အများရှေ့မှာအပြုံးတုလေးတတ်ပြီသိုဝှက်စွာဟန်ဆောင်နေတတ်ကျတယ်…
(၂)…bသွေးပိုင်ရှင်လေးတွေဆီမှာ အရမ်းချစ်ဖို့ကောင်းတဲ့ အကျင့်လေးတစ်ခုရှိတယ် အဲ့ဒါကတော့ ဘယ်သူဘယ်ဝါပဲဖြစ်စေ အကူအညီလိုအပ်ပါက ကိုယ်စွမ်းနိုင်သလောက် ကူညီပေးတတ်တယ်….အဲ့ဒါကြောင့်လည်းသူတို့လေးတွေက လူချစ်လူခင်ပေါတယ်…ဘယ်နေရာဘယ်ဒေသရောက်ရောက်ပေါ့
(၃)ကိုယ်ပိုင်စည်းကမ်းလေးတွေလဲသူတို့မှာ အမြဲတမ်းမပျောက်မပျက်ရှိတယ်..(ဥပမာ-မိမိရဲ့ဘယ်ပစ္စည်းကိုမဆို တန်ဖိုးရှ့သည်ဖြစ်စေ မရှိ့သည်ဖြစ်စေ ရိုရိုသေသေကိုင်တွယ်သိမ်းစည်းတတ်ကြတယ်)
(၄)သီချင်းအရမ်းကြိုက်ကြတယ်အဲ..သူအရမ်းကြိုက်သွားတဲ့ သီချင်းဆိုရင်တော့ ထပ်တလဲလဲ လူမြင်ကပ်အောင်နားထောင်နေရောပဲ
(၅)သူတို့လေးတွေဟာ လူတစ်ယောက်ကိုမုန်းခဲတယ် အရမ်းလည်းအနွံနာခံပေးတတ်ကြတယ် အေသူမုန်းပြီဆိုရင်တော့..အဲ့ဒီလူကို ဘယ်တော့မှပြန်လှဲ့မကြည့်တတ်ကြဘူး
(၆)bသွေးပိုင်ရှင်လေးတွေမှာ သိအ်ချစ်ဖို့ကောင်းတဲ့ အရမ်းလည်းသနားစရာကောင်းတာလေးတစ်ခုရှိ့တယ် မိမိချစ်ရသူနဲ့ ပျက်ဆဲသွားလည်း ဘေးလူတွေလို သူစိမ်းမဆန်ပဲသူငယ်ချင်းကောင်းတသ်ယောက်အဖြစ် ပြန်လည်ခက်တွယ်လို့ရတယ်အကူအညီလိုလဲ သူအမြဲပေးတတ်တဲ့ စိတ်ထားလေးပဲ
(၇)…ဘယ်ကိစ္စပဲဖြစ်ဖြစ် သူမမှားလို့ကတော့ ဘယ်အရာကိုမှဂရုမသိုက်တတ်ဘူး ကတ်ကတ်လန်အောင်ပြန်ပြောတတ်တယ် သူမှားရင်တော့ထိုင်ပဲကန်တော့ရကန်တော့ရ သူတောင်းပန်လို့မဆုံးတော့ဘူးဗျာ
(၈)သူတို့လေးတွေမှာ မကောင်းတဲ့အကျင့်ဆိုးကြီးတစ်ခုက အမြဲတွယ်ကပ်နေတယ် အဲ့ဒါကတော့သာမန်ထက်လူတစ်ဖတ်သားကိုအရမ်းအားနာတတ်ခြင်းပဲအဲ့ဒီအကျင့်ကြောင့်လဲ သူခံရပေါင်းများပြီ သိသိရဲ့နဲ့လည်း အဲ့အကျင်ကိုမပြင်ဘူးဗျာ (ဥပမာပြောရရင် ပိတ်စဖြူဖြူပေါ်က ဖျက်မရတဲ့အစွန်းလိုပေါ့)
(၉)လူတစ်ယောက်ကိုချစ်မိပြီဆိုရင် သူရဲ့အကြောင်းကိုအမြဲတွေးနေတတ်တယ် သူပြန်ချစ်ချစ်မချစ်ချစ်သူချစ်ရသူနဲ့နှစ်ယောက်တစ်ဘဝကအဆုံးထိ စိတ်ကူးယဉ်ပစ်ရောဗျာ
(၁၀)သေလောက်အောင်လည်းချစ်သေးတယ် အားနာလို့/ခင်မင်မှုပျက်မှာစိုး၍/မပြောရဲတတ်ကြဘူး
(၁၁)စိတ်ခံစားချက်အရမ်းလွယ်တယ်အရမ်းလည်းစိတ်ကူးယဉ်တတ်တယ်
(၁၂)သူအရမ်းချစ်ခင်သူဆို ဘေးလူတွေနဲ့မတူဘူးဗျာ အရမ်းစနောက်နေရောပဲအချိန်တိုင်းကို ဒါပေမယ့်တစ်ဖက်လူ ကခံနိုင်မလားမခံနိုင်လားသူမစဉ်းစားဘူး စနေရောပဲ
(၁၃)တစ်ခါတစ်လေ ဘယ်သူနဲ့မှမရောနှောပဲ တစ်ယောက်ထဲ အေးအေးဆေးဆေးနေတတ်တယ်
(၁၄)ပစ္စည်းတစ်ခုကိုသူအရမ်းလိုချင်ပြီဆိုဈေးများသည်နည်းူည်သူမသိနောင်လာရင်နောက်ကိစ္စ ဇွတ်ကိုချက်ချင်းဝယ်ပစ်ရောဗျာ..။
(၁၅)ဘယ်ကိစ္စကိုမဆို သူလုပ်ပါကကောင်းသည်ပဲဖြစ်စေမကောင်းသည်ပဲဖြစ်စေ အလွယ်တကူမလုပ်တတ်ဘူး လုပ်ပြီးသွားရင် ပြန်လည်သုံးသတ်တတ်တယ် မှားသွားရင်လည်းသူစိတ်တိုင်းကျလုပ်ထားတာမို့နောင်တဘယ်တော့မှမရတတ်ဘူး
(၁၆)သူတို့နှလုံးသားရေးကတော့သနားစရာအလွန်ကောင်းတယ်ဗျာချစ်ရသူပေါ် ပေးဆပ်မှုနဲ့ ပြန်ရတဲ့ရလဒ်က အမြဲကွဲးလွဲနေတယ်အချစ်ကြီးချစ်သမျှက အပစ်ကြီးပစ်ခွာခံရခြင်းပဲ ။
“Bသွေးပိုင်ရှင်တို့ရဲ့ ချစ်ခြင်း”
(၁)bေlသွးပိုင်ရှင်လေးတွေဟာ တစ်ပါးသူရဲ့အချစ်ကိုမလိမ်ညာတတ်ဘူး..မာယာမသုံးတတ်ဘူးသူချစ်ရင် သူအမှန်တကယ်ချစ်ရသူကိုမှသာချစ်တတ်တယ် အဲ့ဒါဘာကြောင့်လည်းဆိုတော့ ကိုယ့်ကြောင့်တစ်ဖက်သား စိတ်ဆင်းရဲမှာမလိုလားတာနဲ့သူကိုယ်တိုင်လည်း အသဲကွဲးရမှာကိုသေမလောက်ကြောက်လို့ပါပဲ….
(၂)သူတို့ချစ်ခြင်းခံရသူတွေဟာ အလွန်ပင်ကံကောင်းသူတွေပါ ဘာလို့လည်းဆိုတော့.. အမြဲတမ်းသူချစ်ရသူကိုအရိပ်တကြည့်ကြည့်နဲ့ ချစ်ရသူဘာလိုအပ်နေလဲ လိုအပ်တာလေးတွေရှိ့ရင်သူတတ်စွမ်းနိုင်တာမှန်သမျှဆိုအလိုက်တသိဖြည့်စည်းပေးတတ်ကြတယ်
(၃)တစ်ခါတစ်လေးကြရင် ချစ်ရသူနဲ့စိတ်ဆိုးစိတ်ကောက်ကြချိန်လေးတွေဆို သူဘယ်လောက်စိတ်ဆိုးနေပါစေ ချစ်ရသူက ပြုံးပြလိုက်ရင် ချက်ချင်းပဲမှုရတဲ့မျက်နှာထားနဲ့အရူးတစ်ယောက်လိုပါပဲ
(၄)ခလေးတစ်ယောက်နဲ့တူသလိုလူကြီးတစ်ယောက်နဲ့လည်းတူတယ်သူတို့ချစ်ရသူတွေအပေါ်မှာပေါ့..
(၅)ချစ်ရသူအပေါ် နားလည်မှုပေးတဲ့နေရာမှာတော့ ဘေးလူတွေနဲ့မတူ တမူထူးခြားတဲ့သူတွေပါ
(၆)ချစ်သူရဲ့ဂရုစိုက်မှု အလေးအနက်ထားမှု မြတ်နိုးမှု ကြင်နာမှုအနမ်းလေးတွေကို သူတို့အရမ်းလိုချင်တတ်ကြသူတွေပါ ဒါပေမယ့် သူချစ်ရသူကို အဲ့အရာလေးတွေလိုချင်တယ် ငါ့ကိုဂရုစိုက်ပေးပါ အလေးအနက်ထားပေးပါလို့
ဘယ်တော့မှမတောင်းဆိုဘူးပြောချင်ရင်တောင် ဘယ်တော့မှမပြောပဲ သူ့တို့ရဲ့နှလုံးသားထဲမှာ မရမကဖုံးဖိထားတတ်ပြီးသူတို့ချစ်ရသူက အလိုက်တသိလေးပေးတာကိုပဲ သူတို့လိုချင်ကြလို့ပါမြတ်နိုးကြလို့ပါ
(၇)သူဘယ်သွားသွား ရောက်တဲ့နေရာတိုင်းမှာ ချစ်သူတွက်လက်ဆောင်လေးတွေဖြစ်စေ ချစ်ရသူကြိုက်တဲ့အစားအစာလေးတွေပဲဖြစ်စေအမြဲလိုလိုဝယ်လာပေးတတ်တယ်
(၈)ဒါကတော့ bသွေးပိုင်ရှင်တို့ရဲ့လေးစားစရာတစ်ခုပဲဗျ ဘာလဲဆိုတော့ သူချစ်ရသူကို စချစ်မိချိန်ကစပြီးချစ်ခရီးလန်းတစ်လျှောက်လုံး အမှတ်တရနေ့လေးတွေဆို ဘယ်နေ့ဘယ်ရက် ဘယ်နေရာဘယ်အချိန်ဘယ်စက္ကန့်ကဆိုပြီး တိတိကျကျသူတို့နှလုံးသားမှာစွဲမှတ်ထားတတ်တာပါပဲ
(၉)ကိုယ်ချစ်ရသူက ဘေးတစ်ယောက်နဲ့ဖောက်ပြန်နေရင်တောင်မိမိချစ်သလို မိမိတန်ဖိုးထားသလိုမိမိသစ္စာရှိ့သလို ပြန်မချစ်တဲ့ချစ်ကိုမုန်းဖို့ဆိုတာထက် ရင်နာနာနဲမသိချင်ယောင်ဆောင်ပြီးတွယ်ကပ်နေတတ်တယ်
ဒါပေမယ့်တစ်ခုတော့ရှိ့တယ်ဗျ သူမခံစားနိုင်တဲ့အဆုံးပေါက်ကွဲခဲရင်တော့.. အဲ့ဒီသူချစ်ရတဲ့သူ့ချစ်သူဟာ ဒီဘဝတင်မကဘူးနောင်ဘဝရောက်ရင်တောင် သူ့ရဲ့အချစ်ကိုရမယ်မထင်ဘူးဗျ
(၁၀)အချစ်စစ်အချစ်မှန်ကို အလေးအနက်ထားသူ ရိုးသားစွာချစ်တတ်သူလေးတွေမို့ တကယ်ပဲအရမ်းသနားစရာကောင်းတယ်ဗျာ လိမ်ညာမှုချစ်နွံထဲမှာအမြဲနစ်ခံကြသူလေးတွေပါပဲ
(၁၁)သူတို့လေးတွေဟာ ခံစားချက်လေးတွေဆို အမြဲလူသူမသိအောင် ဖွတ်ထားတတ်ပြီးအပြုံးတုနဲ့ ရင်ကွဲမတတ်ငိုငြီးတတ်သူလေးတွေပါ
(၁၂)အစွဲအလန်းအရမ်းကြီးသူတွေဖြစ်ပြီး ကိုယ်ကသာအချစ်ရေးကံခေနေပေမယ့် သူငယ်ချင်းအပေါင်းအသင်းအလည်မှာတော့မြှားနတ်မောင်ကြီးပဲဗျကိုယ့်အတွက်သာ ပစ်မှတ်တွေကလွဲချော်နေပေမယ့် ဘေးသူအတွက်တော့မြှားပစ်အရမ်းတော်တဲ့သူဗျာဒါကြောင့်မို့လည်းသူငယ်ချင်းတွေရဲ့အကြံအဉာဏ်တောင်းခြင်းအမြဲခံရသူ အားကိုယ်းရတဲ့ သူလေးပေါ့ဗျာ..။
Credit – jojo