အေထြအေထြဗဟုသုတ

သင္ကိုယ္တိုင္ ေန႔စဥ္သတိမထားမိပဲ ျပဳလုပ္ေနမိတဲ့ ေခြၽးေပါက္ပိတ္ဆို႔မႈကို ျဖစ္ေစတဲ့ အမွား ၅ ခု

ကြၽန္မတို႔အသားအေရဟာ ေန႔စဥ္ ဖုန္မႈန္႔ေတြ၊ အညစ္အေၾကးေတြနဲ႔ ထိေတြ႕ေနရတာျဖစ္လို႔..ေခြၽးေပါက္ပိတ္တာက ေရွာင္လို႔မရတဲ့ ျပႆနာတစ္ခုပါ။ ဒါ့အျပင္ ကြၽန္မတို႔ရဲ႕ေန႔စဥ္အေလ့အထေတြကလည္း ေခြၽးေပါက္ပိတ္ဆို႔ႏိုင္ေခ် မ်ားပါတယ္။ ေခြၽးေပါက္ပိတ္ျခင္းက ဝက္ၿခံေတြကို ျဖစ္ေစၿပီး အသားအေရကို ေရွရွည္မွာ ထိခိုက္ေစႏိုင္တာေၾကာင့္ ေခြၽးေပါက္ပိတ္ေစတဲ့အေလ့အထေလးေတြကို ေရွာင္လို႔ရေအာင္ မွ်ေဝေပးလိုက္ပါတယ္။

၁။ ဖုန္းကို မ်က္ႏွာနဲ႔ နီးကပ္စြာ ကိုင္ျခင္း
ဆဲလ္ဖုန္းေတြက အိမ္သာခုံေတြထက္ ဘက္တီးရီးယား ၁၀ဆပိုမ်ားပါတယ္..။ ဖုန္းေတြဟာ ဘက္တီးရီးယားေတြအတြက္ သံလိုက္ေတြျဖစ္ၿပီး တစ္ေန႔လုံးလိမ္းထားတဲ့ မိတ္ကပ္၊ အေရျပားကထြက္တဲ့ဆီေတြ၊ ပတ္ဝန္းက်င္အဆိပ္အေတာက္ေတြက ဖုန္းဖန္သားျပင္ေပၚမွာ စုပုံေနတတ္ပါတယ္..ကြၽန္မတို႔ရဲ႕ မ်က္ႏွာနားမွာ ဖုန္းကိုကိုင္ထားတဲ့အခါတိုင္း ဒီေရာဂါပိုးေတြက ကြၽန္မတို႔ရဲ႕ အေရျပားေပၚကို သယ္ေဆာင္လာပါတယ္။ ဒါက ေခြၽးေပါက္ပိတ္ဆို႔တာ၊ ဝက္ၿခံထြက္တာကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၂။ ေနေရာင္နဲ႔ ထိေတြ႕ျခင္း
ေနေရာင္က သင့္အသားအေရကို ေျခာက္ေသြ႕ေစၿပီး..အဆီဂလင္းကို အခ်ိန္ပို အလုပ္လုပ္ေစပါတယ္..။ ေနေလာင္ခံျခင္းက ေခြၽးေပါက္ေတြကို ယာယီသာဖုံးကြယ္ထားႏိုင္ပါတယ္၊ ေရရွည္မွာေတာ့ ေခြၽးေပါက္ေတြ က်ယ္လာၿပီး အေရျပားကို ျဖည့္တင္းလာေစတဲ့ အဆီပိုေတြက blackheads ေတြကို ပိုဆိုး႐ြားေစပါလိမ့္မယ္။ ေခြၽးေပါက္က်ယ္တာကို တားဆီးဖို႔ ေန႔စဥ္ ေနေရာင္ကာလိမ္းေဆးကို သုံးရပါမယ္။

၃။ မိတ္ကပ္လိမ္းတဲ့ပစၥည္းေတြကို မသန္႔ရွင္းျခင္း
Skin care ကိုေန႔စဥ္လုပ္ေနရင္ေတာင္ သင့္ရဲ႕ပ်င္းရိတဲ့အေလ့အထအခ်ိဳ႕က ေခြၽးေပါက္ေတြကို ပိတ္ဆို႔ဆဲ ျဖစ္ေပၚေစႏိုင္ပါတယ္..။ မိတ္ကပ္ဘရပ္ႏွင့္ ေရျမႇဳပ္ေတြကို အသုံးျပဳတဲ့အခါတိုင္း သူတို႔က ဆီ၊ဖုန္၊ dead skin ႏွင့္ က်န္မိတ္ကပ္ေတြကို စုေဆာင္းပါတယ္။ သူတို႔ကို ပုံမွန္မသန္႔ရွင္းပါက အဲ့ဒီအညစ္အေၾကးေတြ သင့္မ်က္ႏွာေပၚ ျပန္ေရာက္ႏိုင္ပါတယ္။ အလွအပဆိုင္ရာကိရိယာေတြကို စနစ္တက် သန္႔ရွင္းျခင္းက ဘက္တီးရီးယားကူးစက္မႈနည္းၿပီး ဝက္ၿခံထြက္တာကို တားဆီးႏိုင္ပါတယ္။

၄။ အဆီပါတဲ့ ဆံပင္အလွကုန္ေတြကို သုံးျခင္း
ဆံပင္အလွကုန္ပစၥည္းေတြမွာ ဆီပါဝင္တဲ့အခါ ၎က သင့္အသားအေရဆီကို ေရာက္ရွိလာၿပီး ေခြၽးေပါက္ပိတ္တာေတြ ျဖစ္ေပၚေစပါတယ္။ အမ်ားအားျဖင့္ ဆံပင္နဲ႔ ထိေတြတ့တဲ့ ဆံစပ္၊ နဖူး၊ မ်က္ႏွာႏွစ္ဖက္နဲ႔ လည္ပင္းေတြမွာ ျဖစ္ပါတယ္။ သင့္အသားအေရဟာ ဝက္ၿခံျဖစ္ေလ့မရွိရင္ေတာင္ ဆံပင္အလွကုန္ေတြက ဝက္ၿခံထြက္ေစပါတယ္။

၅။ ေရစိုခံမိတ္္ကပ္ လိမ္းျခင္း
ေရစိုခံေဖာ္ျမဴလာေတြမွာ မ်ားေသာအားျဖင့္ ဆီလီကြန္ေတြပါဝင္ပါတယ္..။ ဒီပါဝင္ပစၥည္းက သင့္အသားအေရကို ပိတ္ဆို႔ေစၿပီး..ေခြၽးေပါက္ေတြကို ပိတ္ေစႏိုင္ပါတယ္။ ေရစိုမိတ္ကပ္ကို ေန႔စဥ္သုံးျခင္းက ဝက္ၿခံေပါက္တဲ့အေရျပားကို ပိုဆိုး႐ြားေစၿပီး ဖယ္ရွားဖို႔ ပိုခက္ခဲေစတာေၾကာင့္ ေန႔စဥ္မသုံးဖို႔ အႀကံျပဳပါတယ္။

Credit;

ကျွန်မတို့အသားအရေဟာ နေ့စဉ် ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ထိတွေ့နေရတာဖြစ်လို့..ချွေးပေါက်ပိတ်တာက ရှောင်လို့မရတဲ့ ပြဿနာတစ်ခုပါ။ ဒါ့အပြင် ကျွန်မတို့ရဲ့နေ့စဉ်အလေ့အထတွေကလည်း ချွေးပေါက်ပိတ်ဆို့နိုင်ချေ များပါတယ်..။ ချွေးပေါက်ပိတ်ခြင်းက ဝက်ခြံတွေကို ဖြစ်စေပြီး အသားအရေကို ရှေရှည်မှာ ထိခိုက်စေနိုင်တာကြောင့် ချွေးပေါက်ပိတ်စေတဲ့အလေ့အထလေးတွေကို ရှောင်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

၁။ ဖုန်းကို မျက်နှာနဲ့ နီးကပ်စွာ ကိုင်ခြင်း
ဆဲလ်ဖုန်းတွေက အိမ်သာခုံတွေထက် ဘက်တီးရီးယား ၁၀ဆပိုများပါတယ်..။ ဖုန်းတွေဟာ ဘက်တီးရီးယားတွေအတွက် သံလိုက်တွေဖြစ်ပြီး တစ်နေ့လုံးလိမ်းထားတဲ့ မိတ်ကပ်၊ အရေပြားကထွက်တဲ့ဆီတွေ၊ ပတ်ဝန်းကျင်အဆိပ်အတောက်တွေက ဖုန်းဖန်သားပြင်ပေါ်မှာ စုပုံနေတတ်ပါတယ်..ကျွန်မတို့ရဲ့ မျက်နှာနားမှာ ဖုန်းကိုကိုင်ထားတဲ့အခါတိုင်း ဒီရောဂါပိုးတွေက ကျွန်မတို့ရဲ့ အရေပြားပေါ်ကို သယ်ဆောင်လာပါတယ်။ ဒါက ချွေးပေါက်ပိတ်ဆို့တာ၊ ဝက်ခြံထွက်တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ နေရောင်နဲ့ ထိတွေ့ခြင်း
နေရောင်က သင့်အသားအရေကို ခြောက်သွေ့စေပြီး..အဆီဂလင်းကို အချိန်ပို အလုပ်လုပ်စေပါတယ်..။ နေလောင်ခံခြင်းက ချွေးပေါက်တွေကို ယာယီသာဖုံးကွယ်ထားနိုင်ပါတယ်၊ ရေရှည်မှာတော့ ချွေးပေါက်တွေ ကျယ်လာပြီး အရေပြားကို ဖြည့်တင်းလာစေတဲ့ အဆီပိုတွေက blackheads တွေကို ပိုဆိုးရွားစေပါလိမ့်မယ်။ ချွေးပေါက်ကျယ်တာကို တားဆီးဖို့ နေ့စဉ် နေရောင်ကာလိမ်းဆေးကို သုံးရပါမယ်။

၃။ မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေကို မသန့်ရှင်းခြင်း
Skin care ကိုနေ့စဉ်လုပ်နေရင်တောင် သင့်ရဲ့ပျင်းရိတဲ့အလေ့အထအချို့က ချွေးပေါက်တွေကို ပိတ်ဆို့ဆဲ ဖြစ်ပေါ်စေနိုင်ပါတယ်..။ မိတ်ကပ်ဘရပ်နှင့် ရေမြှုပ်တွေကို အသုံးပြုတဲ့အခါတိုင်း သူတို့က ဆီ၊ဖုန်၊ dead skin နှင့် ကျန်မိတ်ကပ်တွေကို စုဆောင်းပါတယ်။ သူတို့ကို ပုံမှန်မသန့်ရှင်းပါက အဲ့ဒီအညစ်အကြေးတွေ သင့်မျက်နှာပေါ် ပြန်ရောက်နိုင်ပါတယ်။ အလှအပဆိုင်ရာကိရိယာတွေကို စနစ်တကျ သန့်ရှင်းခြင်းက ဘက်တီးရီးယားကူးစက်မှုနည်းပြီး ဝက်ခြံထွက်တာကို တားဆီးနိုင်ပါတယ်။

၄။ အဆီပါတဲ့ ဆံပင်အလှကုန်တွေကို သုံးခြင်း
ဆံပင်အလှကုန်ပစ္စည်းတွေမှာ ဆီပါဝင်တဲ့အခါ ၎င်းက သင့်အသားအရေဆီကို ရောက်ရှိလာပြီး ချွေးပေါက်ပိတ်တာတွေ ဖြစ်ပေါ်စေပါတယ်။ အများအားဖြင့် ဆံပင်နဲ့ ထိတွေတ့တဲ့ ဆံစပ်၊ နဖူး၊ မျက်နှာနှစ်ဖက်နဲ့ လည်ပင်းတွေမှာ ဖြစ်ပါတယ်..။ သင့်အသားအရေဟာ ဝက်ခြံဖြစ်လေ့မရှိရင်တောင် ဆံပင်အလှကုန်တွေက ဝက်ခြံထွက်စေပါတယ်။

၅။ ရေစိုခံမိတ်ကပ် လိမ်းခြင်း
ရေစိုခံဖော်မြူလာတွေမှာ များသောအားဖြင့် ဆီလီကွန်တွေပါဝင်ပါတယ်..။ ဒီပါဝင်ပစ္စည်းက သင့်အသားအရေကို ပိတ်ဆို့စေပြီး..ချွေးပေါက်တွေကို ပိတ်စေနိုင်ပါတယ်။ ရေစိုမိတ်ကပ်ကို နေ့စဉ်သုံးခြင်းက ဝက်ခြံပေါက်တဲ့အရေပြားကို ပိုဆိုးရွားစေပြီး ဖယ်ရှားဖို့ ပိုခက်ခဲစေတာကြောင့် နေ့စဉ်မသုံးဖို့ အကြံပြုပါတယ်။

Credit;