အိမ်ရောင်းပြီး သမီးဖြစ်သူတွေကို ပညာဆက်သင်ဖို့ ပြည်ပကို လွတ်လိုက်ပေမဲ့ ၁၀နှစ် ကြာတောင်ပြန်မလာတဲ့အခါ
အသက် ၆၉နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အမျိုးသမီးကွယ်လွန်သွားပြီး ကတည်းက သမီး၂ယောက်နဲ့ အတူ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့လေးမှာ နေထိုင်ခဲ့ပါတယ်။ ဇနီးသည်မရှိတော့တဲ့အတွက် သမီး၂ယောက်ကို အဖေတစ်သူဖြစ်ယောက်တည်းကပဲ ထိန်းကျောင်းပြီး ပညာရေးကိုလည်း လိုလားသူဖြစ်တာကြောင့် ပညာရေးဆုံးခမ်းတိုင်အောင် ထားပေးခဲ့ပါတယ်။
ဘွဲ့ရပြီးတဲ့အခါ သမီး၂ယောက်ကို ပြည်ပတက္ကသိုလ်မှာ ပညာဆက်သင်ဖို့ သူတို့နေတဲ့ အိမ်လေးကို ရောင်းချခဲ့ပါတယ်။ အဲ့ဒီနောက် ဈေးသက်သက်သာသာနဲ့ရတဲ့ အိမ်သေးလေးတစ်လုံးဆီ ပြောင်းရွေ့နေထိုင်ခဲ့ပြီး လမ်းပေါ်မှာ ကော်ဖီရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာ သမီးဖြစ်သူက အဖေဖြစ်သူကို ထားခဲ့ပြီး အမေရိကန်မှာ ကျောင်းဆက်တက်ဖို့ ထွက်လာခဲ့ပါတယ်။
အဖေဖြစ်သူရဲ့ မျှော်လင့်ချက်ကတော့ သူရဲ့ သမီးနှစ်ယောက်ဟာ ပြည်ပမှာ ပညာတွေသင်ပြီး အလုပ်အကိုင်ကောင်းကောင်းနဲ့ ..သူဆီကို ပြန်လာခဲ့မယ်လို့ ထင်ထားခဲ့မိပါတယ်။ အခုဆိုရင် သူ့ရဲ့ သမီးတွေဟာ ဒေါက်တာတွေ၊ ပါမောက္ခတွေ အသီးသီးဖြစ်နေပါပြီ။ ဒါပေမဲ့ ဒေါက်တာတွေ၊ ပါမောက္ခတွေဖြစ်နေတယ်ဆိုတဲ့ သတင်းကို သာကြားသိရပြီး တစ်ယောက်မှ သူ့ဆီကို ပြန်မလာခဲ့ပါဘူး။ ဒါ့ကြောင့် အဖေဖြစ်သူက သူ့ရဲ့ သမီးတွေရှိတဲ့ အမေရိကန် ကို လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Duyen အဖြစ် လူသိများတဲ့ ဖိခင်ဖြစ်သူဟာ သမီးတွေဆီသွားဖို့ လေယာဉ်လက်မှတ်ဖိုး ကုန်ကျစရိတ်အတွက်လမ်းမပေါ်မှာဆိုင်ကယ်တစ်စီးနဲ့ကော်ဖီရောင်းပြီး ငွေစုနေပါတယ်။ သူ့ရဲ့ ဆိုင်ကယ်မှာလည်း မတ်လ ၅ရက်နေ့ကနေ ဧပြီလ ၂၁ရက်နေ့အထိ ၄၈ရက်တိတိ ဆိုင်ပိတ်တယ်ဆိုတဲ့ ဆိုင်းဘုတ်လေးကိုလည်း ဆိုင်ကယ်မှာ ချိတ်ဆွဲထားသေးတယ်။ အမေရိကန်ကို သွားဖို့ ကြီးကြီးမားမားလက်ဆောင် တွေတော့မပါပါဘူး။ သူရောင်းနေတဲ့ ကော်ဖီစေ့ ၃ကီလိုဂရမ်တော့ ယူသွားမယ်လို့လည်းဆိုပါတယ်။
Duyen ကတော့ သားသမီးတွေ ၁၀ကြာတာတောင် သူဆီပြန်မလာပေမဲ့ သူကတော့ စိတ်မဆိုးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ သားသမီးတွေဟာ သူ့အတွက်တော့.. အကြီးမားဆုံး ရတနာလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။ အခု Duyen သွားတဲ့ခရီးမှာ သူ့ရဲ့ သားသမီးတွေက ကြည်ကြည်ဖြူဖြူနဲ့ ကြိုဆိုပြီး သားဖတွေအတူ ပေါင်းဖက်နိုင်ပါစေလို့ Duyen ရဲ့ ကော်ဖီကို အားပေးတဲ့ ဖောက်သည်တွေက ဆန္ဒပြုပေးကြပါတယ်။
crd