အရမ်းကောင်း တဲ့ စာလေးမို့ပါ.. ဆာလာင်နေသူ ကို ထမင်းတစ်လုပ် ကျွေးခဲ့ခြင်းကြောင့် ပြန်ပြီး အကျိုးခံစားခဲ့ရ
ကျောင်းနှင့်အလှမ်းမဝေးလှတဲ့ ထမင်းဆိုင် သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်က ထမင်းလာမှာ စားတယ်…ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့် “ဟိုလေ သားကို ထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ။ ”
“ရပါတယ်သားရယ်” ပြောပြော ဆိုဆိုနှင့် ဆိုင်ရှင်အဒေါ်ကြီးက “ယောက်ျားရေ..ထမင်းအလွတ်တစ်ပွဲလောက် လုပ်ပေးပါဦး..အော်ဟင်းချိုနဲ့ ငါးပိရည်လည်းထည့်ပေးဖို့မမေ့နဲ့နော်” ယောက်ျားဖြစ်သူက ထမင်းအဖြူတစ်ပွဲကို ကောင်လေးထိုင်နေတဲ့ခုံမှာ သွားချပေးလိုက်တယ်။
ကောင်လေးက သူ့ကို ထပ်မှာတယ် “ဟိုလေသားအတွက် နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ် ထပ်လုပ်ပေးလို့ ရလားခင်ဗျ” ကောင်းလေး ခမျာ ပြောသာ ပြောနေရတယ်သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပါရပါတယ်။
“သားရယ်..ဒါနဲ့ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း “..”သားညနေကြရင်စားဖို့ပါ ဦး” ဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့ မျက်လုံးနှင့်ကြည့်ပြီး အင်!ကောင်လေးကြည့်ရတာ မြို့မှာသာကျောင်းလာတက်တယ်။ အိမ်က မိဘတွေ ကငွေကြေးအခက်ခဲ ရှိပုံရတယ်…
အမှန်တကယ်တော့ သူတို့လင်မယားကလည်း တစ်နေ့လုပ်တစ်နေ့စားပါ..ဒီဆိုင်နေရာလေးကို သူများငှားပေးလို့သာ ကံကောင်းပြီး ဈေးရောင်းရတဲ့ဘဝပါ… မရှိသူမို့လည်း မရှိသူကို စာနာတတ်တဲ့စိတ်က သူတို့လင်မယားမှာ ရှိပြီးသားပါလေ..
ဟင်းအိုးမှဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့ သူဖုံးဖိပြီးထည့်နေမိသည်။ဒါကို မိန်းမဖြစ်သူက မြင်တော့ “ရှင်ဘာလုပ်နေတာလည်း ” “ကာင်းလေးအတွက် ထမင်းထည့်ပေးနေတာလေ…”
“အော်…ရှင်ကလည်း တုံးလိုက်တာ ပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလား..ဒီအတိုင်းပေးလည်း ရလျှက်သားနဲ့ ဘာလဲရှင်ကကျွန်မမြင်မှာ ကြောက်လို့လား…ကြောက်စရာမဟုတ်တာ.. ရှင် ကျွန်မလည်း စာနာထောက်ထားတတ်တဲ့ မိန်းမသားတယောက်ပါ”
“ဟာ.. ဒီမိန်းမ ဘာတွေလာပြောနေတာလည်း.. ဒီအတိုင်း ဗြောင်ပေးတော့ သူ့ကို အထင်သေးရာရောက်သွားမှာပေါ့ဟ”
“ပြီးတော့လည်း သူရှက်သွားရင် နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီး လာရဲတော့မလည်း” မိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီးပီတိဖြစ်မိသည်။
အမလေး ငါ့ယောက်ျားက သနားတတ်ရုံတစ်မျိုးတည်းမဟုတ်ပဲ လူတစ်ယောက်ကို အဖက်ဖက်က စာနာစိတ်ကလည်း ကြီးမားပါလေရဲ့…ဒီလိုနဲ့ပဲ ကောင်းလေးဟာ သူတို့ဆိုင်မှာလာပြီး ကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ်။
သူတို့လင်မယားကလည်း တစ်နေ့တစ်မျိုး မရိုးလေအောင် ဟင်းအမျိုးမျိုးကို ထမင်းဖုံး၍ ပေးလေ့ ရှိခဲ့တယ်။ကျောင်းပြီးသွားတော့ ကောင်လေးက သူတို့ဆိုင်ကို၁ဝနှစ်ကြာမျှတောင် တစ်ခါမှ ရောက်မလာတော့ပါ။
တစ်နေ့တာ့ မြေပိုင်ရှင်က မြေကို ရောင်းလိုက်ပြီးဖြစ်ကြောင်း ဒီနေရာက ရွေ့ပြောင်း ရတော့မည်ဖြစ်ကြောင်း လာပြောသောအခါ လင်မယားနှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြစ်ပြီး အိမ်မှာထိုင်မိူင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့ကားတစ်စီး ကလာ၍ထိုးရပ်လာသည်။
လူတစ်ယောက်က ကားပေါ်မှဆင်းပြီး သူတို့ရှိရာ လျှောက်၍လာသည်…” ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့ မန်နေဂျာတစ်ဦးပါခင်ဗျ… ကျွန်တော့်သူဌေးက အဒေါ်တို့ လင်မယားချက်တဲ့ဟင်းကို အရမ်းကြိုက်တဲ့ သူတစ်ယောက်ပါ”
” အဲဒါကြောင့် ကျွန်တော်တို့ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါ “လင်မယားနှစ်ယောက် အံ့အားသင့်သွားသည်။ သူတို့ဆိုင် စုတ်စုတ်လေးမှာဘယ်လိုသူဌေးကများ လာပြီးစားဖူးပါလိမ့်။
ပြီးတော့လည်း သူတို့မှာရှိတာက အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား ထမင်းဆိုင်သွားဖွင့်ရမှာ ဘယ်လိုမှ မဖြစ်နိုင်လို့ သူတို့ငြင်းဆိုခဲ့တယ်။
“အဲဒီအ တွက်မပူပါနဲ့ဗျာ…ကျွန်တော့်သူဌေးက အစစအရာရာ ပြင်ဆင်ထားပြီးသားပါ သွားပြီးချက်ပြုတ်ရုံ သက်သက်ပါ”
အဲဒီသူဌေးက ဘာဖြစ်လို့ သူတို့အပေါ် ဒီလောက်ကောင်းနေရတာလည်း ဆိုတာ သူတို့နားမလည်ခဲ့ ။နောက်ဆုံးတော့သူတို့အပေါ် ကောင်းတဲ့ သူဌေးကြီးကတစ်ချိန်က သူတို့ဆီက ထမင်းတစ်ထုပ် လုပ်ကျွေးခဲ့ဖူးတဲ့ ကျောင်းသားလေးမှန်း သိရတော့သည်။
“ဦးနဲ့အဒေါ်သာ ကျွန်တော့်ကို မကူညီပေးခဲ့ရင် ကျွန်တော်ဒီလိုဘဝမျိုး ရောက်လာမည် မဟုတ်လို့…အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ ကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ…လိုတာရှိရင်ပြောပါဘာမှ အားမနာကြပါနဲ့” လင်မယားနှစ်ယောက်လုံး ဝမ်းသာပီတိ မျက်ရည်ကျမိခဲ့…။
စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူး… အဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်းထားတတ်ရမယ်…လို့သင်ခန်းစာ ရမိပါတယ်…
ယခုလို IT ခေတ်မှာ မရှိသူကို ကူညီတတ်ကြတဲ့ သူတစ်ချို့ သတိထားသင့်တယ်… သူတစ်ပါးကို ကူညီရင်း သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ထည့်တွေးတတ်ဖို့ပါ…ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူး…လူတချို့ရဲ့ စေတနာအောက်မှာ သူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေ နစ်ပျောက်သွားတတ်လို့ပါ…။
crd
Zawgyi
အရမ္းေကာင္း တဲ့ စာေလးမို႔ပါ.. ဆာလာင္ေနသူ ကို ထမင္းတစ္လုပ္ ေကၽြးခဲ့ျခင္းေၾကာင့္ ျပန္ၿပီး အက်ိဳးခံစားခဲ့ရ
ေက်ာင္းႏွင့္အလွမ္းမေဝးလွတဲ့ ထမင္းဆိုင္ ေသးေသးေလးတစ္ဆိုင္မွာ ေကာင္ေလးတစ္ေယာက္က ထမင္းလာမွာ စားတယ္…ဆိုင္ရွင္နားကပ္ၿပီး ေလသံတိုးတိုးေလးႏွင့္ “ဟိုေလ သားကို ထမင္းအလြတ္တစ္ပြဲေလာက္ ေရာင္းေပးလို႔ရလားခင္ဗ် သားပိုက္ဆံမေလာက္လို႔ပါ။ ”
“ရပါတယ္သားရယ္” ေျပာေျပာ ဆိုဆိုႏွင့္ ဆိုင္ရွင္အေဒၚႀကီးက “ေယာက္်ားေရ..ထမင္းအလြတ္တစ္ပြဲေလာက္ လုပ္ေပးပါဦး..ေအာ္ဟင္းခ်ိဳနဲ႔ ငါးပိရည္လည္းထည့္ေပးဖို႔မေမ့နဲ႔ေနာ္” ေယာက္်ားျဖစ္သူက ထမင္းအျဖဴတစ္ပြဲကို ေကာင္ေလးထိုင္ေနတဲ့ခုံမွာ သြားခ်ေပးလိုက္တယ္။
ေကာင္ေလးက သူ႔ကို ထပ္မွာတယ္ “ဟိုေလသားအတြက္ ေနာက္ထပ္ ဟင္းမပါတဲ့ ထမင္းဗလာတစ္ထုတ္ ထပ္လုပ္ေပးလို႔ ရလားခင္ဗ်” ေကာင္းေလး ခမ်ာ ေျပာသာ ေျပာေနရတယ္သူ႔မ်က္ႏွာက အေတာ္ေလး အားနာေနတဲ့ပုံပါရပါတယ္။
“သားရယ္..ဒါနဲ႔ဒီထမင္းထုတ္က မင္းဘာသြားလုပ္ဖို႔လည္း “..”သားညေနၾကရင္စားဖို႔ပါ ဦး” ဆိုင္ရွင္အဖိုးႀကီးက သူ႔ကိုဂ႐ုနာသက္တဲ့ မ်က္လုံးႏွင့္ၾကည့္ၿပီး အင္!ေကာင္ေလးၾကည့္ရတာ ၿမိဳ႕မွာသာေက်ာင္းလာတက္တယ္။ အိမ္က မိဘေတြ ကေငြေၾကးအခက္ခဲ ရွိပုံရတယ္…
အမွန္တကယ္ေတာ့ သူတို႔လင္မယားကလည္း တစ္ေန႔လုပ္တစ္ေန႔စားပါ..ဒီဆိုင္ေနရာေလးကို သူမ်ားငွားေပးလို႔သာ ကံေကာင္းၿပီး ေဈးေရာင္းရတဲ့ဘဝပါ… မရွိသူမို႔လည္း မရွိသူကို စာနာတတ္တဲ့စိတ္က သူတို႔လင္မယားမွာ ရွိၿပီးသားပါေလ..
ဟင္းအိုးမွဟင္းေတြကိုခတ္ၿပီး ထမင္းမ်ားနဲ႔ သူဖုံးဖိၿပီးထည့္ေနမိသည္။ဒါကို မိန္းမျဖစ္သူက ျမင္ေတာ့ “ရွင္ဘာလုပ္ေနတာလည္း ” “ကာင္းေလးအတြက္ ထမင္းထည့္ေပးေနတာေလ…”
“ေအာ္…ရွင္ကလည္း တုံးလိုက္တာ ေပးခ်င္ေနမွေတာ့ ဝွက္ၿပီးေပးစရာလား..ဒီအတိုင္းေပးလည္း ရလၽွက္သားနဲ႔ ဘာလဲရွင္ကကၽြန္မျမင္မွာ ေၾကာက္လို႔လား…ေၾကာက္စရာမဟုတ္တာ.. ရွင္ ကၽြန္မလည္း စာနာေထာက္ထားတတ္တဲ့ မိန္းမသားတေယာက္ပါ”
“ဟာ.. ဒီမိန္းမ ဘာေတြလာေျပာေနတာလည္း.. ဒီအတိုင္း ေျဗာင္ေပးေတာ့ သူ႔ကို အထင္ေသးရာေရာက္သြားမွာေပါ့ဟ”
“ၿပီးေတာ့လည္း သူရွက္သြားရင္ ေနာက္ဆို တို႔ဆိုင္ကို သူဘယ္လိုလုပ္ၿပီး လာရဲေတာ့မလည္း” မိန္းမျဖစ္သူက လင္ေယာက္်ားကို ၾကည့္ၿပီးပီတိျဖစ္မိသည္။
အမေလး ငါ့ေယာက္်ားက သနားတတ္႐ုံတစ္မ်ိဳးတည္းမဟုတ္ပဲ လူတစ္ေယာက္ကို အဖက္ဖက္က စာနာစိတ္ကလည္း ႀကီးမားပါေလရဲ့…ဒီလိုနဲ႔ပဲ ေကာင္းေလးဟာ သူတို႔ဆိုင္မွာလာၿပီး ေက်ာင္းၿပီးသည္အထိ ထမင္းလာစားခဲ့တယ္။
သူတို႔လင္မယားကလည္း တစ္ေန႔တစ္မ်ိဳး မရိုးေလေအာင္ ဟင္းအမ်ိဳးမ်ိဳးကို ထမင္းဖုံး၍ ေပးေလ့ ရွိခဲ့တယ္။ေက်ာင္းၿပီးသြားေတာ့ ေကာင္ေလးက သူတို႔ဆိုင္ကို၁ဝႏွစ္ၾကာမၽွေတာင္ တစ္ခါမွ ေရာက္မလာေတာ့ပါ။
တစ္ေန႔တာ့ ေျမပိုင္ရွင္က ေျမကို ေရာင္းလိုက္ၿပီးျဖစ္ေၾကာင္း ဒီေနရာက ေရြ႕ေျပာင္း ရေတာ့မည္ျဖစ္ေၾကာင္း လာေျပာေသာအခါ လင္မယားႏွစ္ေယာက္သား စိတ္ပ်က္လက္ပ်က္ျဖစ္ၿပီး အိမ္မွာထိုင္မိူင္ေနၾကစဥ္ သူတို႔ေနတဲ့ အိမ္နားသို႔ကားတစ္စီး ကလာ၍ထိုးရပ္လာသည္။
လူတစ္ေယာက္က ကားေပၚမွဆင္းၿပီး သူတို႔ရွိရာ ေလၽွာက္၍လာသည္…” ကၽြန္ေတာ္က ကုမၼဏီတစ္ခုရဲ့ မန္ေနဂ်ာတစ္ဦးပါခင္ဗ်… ကၽြန္ေတာ့္သူေဌးက အေဒၚတို႔ လင္မယားခ်က္တဲ့ဟင္းကို အရမ္းႀကိဳက္တဲ့ သူတစ္ေယာက္ပါ”
” အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔ကုမၼဏီအနီးမွာ ဆိုင္ဖြင့္ေပးဖို႔ ေတာင္းဆိုထားလို႔ပါ “လင္မယားႏွစ္ေယာက္ အံ့အားသင့္သြားသည္။ သူတို႔ဆိုင္ စုတ္စုတ္ေလးမွာဘယ္လိုသူေဌးကမ်ား လာၿပီးစားဖူးပါလိမ့္။
ၿပီးေတာ့လည္း သူတို႔မွာရွိတာက အိုးစုတ္ခြက္စုတ္ေတြမို႔ ကုမၼဏီႀကီးအနား ထမင္းဆိုင္သြားဖြင့္ရမွာ ဘယ္လိုမွ မျဖစ္နိုင္လို႔ သူတို႔ျငင္းဆိုခဲ့တယ္။
“အဲဒီအ တြက္မပူပါနဲ႔ဗ်ာ…ကၽြန္ေတာ့္သူေဌးက အစစအရာရာ ျပင္ဆင္ထားၿပီးသားပါ သြားၿပီးခ်က္ျပဳတ္႐ုံ သက္သက္ပါ”
အဲဒီသူေဌးက ဘာျဖစ္လို႔ သူတို႔အေပၚ ဒီေလာက္ေကာင္းေနရတာလည္း ဆိုတာ သူတို႔နားမလည္ခဲ့ ။ေနာက္ဆုံးေတာ့သူတို႔အေပၚ ေကာင္းတဲ့ သူေဌးႀကီးကတစ္ခ်ိန္က သူတို႔ဆီက ထမင္းတစ္ထုပ္ လုပ္ေကၽြးခဲ့ဖူးတဲ့ ေက်ာင္းသားေလးမွန္း သိရေတာ့သည္။
“ဦးနဲ႔အေဒၚသာ ကၽြန္ေတာ့္ကို မကူညီေပးခဲ့ရင္ ကၽြန္ေတာ္ဒီလိုဘဝမ်ိဳး ေရာက္လာမည္ မဟုတ္လို႔…အခုလို ျပန္လည္ေက်းဇူးဆပ္ခြင့္ရတာ ကၽြန္ေတာ္အရမ္းဝမ္းသာတယ္ဗ်ာ…လိုတာရွိရင္ေျပာပါဘာမွ အားမနာၾကပါနဲ႔” လင္မယားႏွစ္ေယာက္လုံး ဝမ္းသာပီတိ မ်က္ရည္က်မိခဲ့…။
ေစတနာထားတတ္႐ုံနဲ႔ မလုံေလာက္ဘူး… အဖက္ဖက္ကၾကည့္ၿပီး စာနာမူ႔လည္းထားတတ္ရမယ္…လို႔သင္ခန္းစာ ရမိပါတယ္…
ယခုလို IT ေခတ္မွာ မရွိသူကို ကူညီတတ္ၾကတဲ့ သူတစ္ခ်ိဳ႕ သတိထားသင့္တယ္… သူတစ္ပါးကို ကူညီရင္း သူ႔ရဲ့ဂုဏ္သိကၡာကိုလည္း ထည့္ေတြးတတ္ဖို႔ပါ…ကိုယ့္ရဲ့ေစတနာကို ပုံရိုက္ၿပီး တင္ျပေနစရာမလိုဘူး…လူတခ်ိဳ႕ရဲ့ ေစတနာေအာက္မွာ သူတစ္ပါးရဲ့ဂုဏ္သိကၡာေတြ နစ္ေပ်ာက္သြားတတ္လို႔ပါ…။
crd



