Cele News

ပြိုင်ဘက်တိုင်းအပေါ် လေးစားမှုအပြည့်ရှိပြီး မနာလိုမုန်းတီးစိတ်မရှိတဲ့ အောင်လအန်ဆန်းရဲ့ လေးစားဖွယ်စိတ်ဓာတ်

Unicode

ပရိသတ်တွေအားလုံးသိရှိပြီးသည့်အတိုင်း ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး အောင်လအန်ဆန်းသည် ၎င်း၏ပြိုင်ဘက်များကို ကြိုးဝိုင်းအတွင်းမှာသာ ရန်သူအဖြစ်သတ်မှတ်ထားပြီး ကြိုးဝိုင်းပြင်ပရောက်ချိန်မှာတော့ ညီအစ်ကိုရင်းများသဖွယ် လေးစားချစ်ခင်တဲ့ လူတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်ဘဲ အောင်လအန်ဆန်းရဲ့ ပြိုင်ဘက်ဟောင်းတွေဖြစ်ကြတဲ့ လူသန်ကြီး ဘ

ရန်ဒန်ဗီရာနှင့် ကျွဲနက်ကြီးဟု နာမည်ပြောင်တွင်နေသည့် အလိန်းဂလာနီတို့ဟာ အောင်လအန်ဆန်းနှင့် ရင်ဆိုင်ထိုးသတ်ခဲ့ပြီးသည့်နောက်ပိုင်း အောင်လနှင့်အတူ လေ့ကျင့်ခန်းများ လာရောက်ပြုလုပ်ခဲ့ကြပြီး ၎င်းတို့အကြားမှာ လေးစားချစ်ခင်မှု အပြည့်ရှိနေတာ ဖြစ်ပါတယ်။လွန်ခဲ့သည့်လတုန်းကလည်း အောင်လအန်ဆန်းရဲ့ ခါးသီးပြိုင်ဘက်ဟောင်းတစ်ဦးဟု

ရည်ညွှန်းရမည့် နယ်သာလန်သားကြီး ရိုင်နီယာ ဒီရိုက်ဒါသည် အမေရိကန်သို့ လေ့လာရေးခရီးထွက်ခဲ့ပြီး အောင်လအန်ဆန်းလေ့ကျင့်မှုများ ပြုလုပ်လေ့ရှိသည့် Sanford MMA သို့လာရောက်၍ အတူတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပါသည်။ယခုလို အတူတွဲလေ့ကျင့်ဖြစ်ခဲ့တာနှင့်ပတ်သတ်၍ ရိုင်နီယာ ဒီရိုက်ဒါက ယခုလိုဘဲ ထုတ်ဖော်ပြောကြားသွားခဲ့ပါသည်။ ရိုင်နီယာက – ” ကျွန်တော် Sanford MMA ကိုရောက်တော့ အဲ့ဒီမှာ နည်းပြချုပ် ဟင်နရီဟုဒ်နဲ့ အောင်လအန်ဆန်းတို့ကို ကျွန်တော့်ကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်

အောင်လနဲ့ အတူတွဲလေ့ကျင့်ဖြစ်ခဲ့ပါတယ်။”” အောင်လဟာ Stand Fight ပိုင်းမှာအတော်လေး ကောင်းမွန်တဲ့သူဖြစ်တာကြောင့် ကျွန်တော်သူ့ဆီက အများကြီး လေ့လာသင်ယူခဲ့ရပါတယ်။ သူဟာ အတော်လေး ဖော်ရွေပြီး ခင်မင်ဖို့ လူတစ်ဦးပါ။ ကျွန်တော်သူ့လို လူမျိုးနဲ့ အတူတွဲလေ့ကျင့်ခွင့်ရခဲ့တဲ့အတွက် အရမ်းဘဲ ဝမ်းသာဂုဏ်ယူမိပါတယ်။” ဆိုပြီး အောင်လကို ချီးကျူးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပရိသတ်တွေအများစု ထင်မှတ်နေကြတာတော့ အောင်လဟာ သူ့ရဲ့ခါးပတ်နှစ်ခုကို အပိုင်သိမ်းသွားတဲ့ ရိုင်နီယာအပေါ် မကျေမနပ်မှုများ ရှိနေလိမ့်မည်ဟု တွေးထင်ထားကြပေမယ့် တကယ့်အပြင်လက်တွေ့မှာတော့ အောင်လဟာ ရိုင်နီယာအပေါ် မနာလို မုန်းတီးမှုမရှိဘဲ လေးစားမှုအပြည့်ရှိကြောင်း တွေ့မြင်ခဲ့ရပါတယ်။အောင်လဟာ ရိုင်နီယာနဲ့တွေ့ဆုံခဲ့တာနှင့်ပတ်သတ်ပြီး – ” ကျွန်တော်တို့က ပရိသတ်တွေကို ဖျော်ဖြေနေရတဲ့ သူတွေပါ။ ကျွန်တော်တို့ ကြိုးဝိုင်းအတွင်းမှာသာ ရန်သူတွေဖြစ်ပေမယ့် အပြင်မှာတော့ ကျွန်တော်တို့က

ရင်ဘတ်ချင်းတူတဲ့ ညီအစ်ကိုတွေပါ။ ကျွန်တော် ဒီလိုပြောလို့ ကျွန်တော်တို့ကြားမှာ ပြိုင်ဆိုင်မှုမရှိတော့ဘူးလို့ ပြောလို့မရပါဘူး။ ကျွန်တော် တစ်ချိန်မှာ သူနဲ့ပြန်ပြီး ရင်ဆိုင်ချင်ပါသေးတယ်။” ဟု ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။ပရိသတ်‌ကြီးတို့ရော အောင်လအန်ဆန်းကို ရိုင်နီယာဒီရိုက်ဒါနှင့် မကျေပွဲထိုးသတ်စေချင်ကြပါသလား။ အကယ်၍ ၎င်းတို့နှစ်ဦး ကြိုးဝိုင်းအတွင်းမှာ ပြန်လည်တွေ့ဆုံမည်ဆိုပါက အောင်လတစ်ယောက် ၎င်းရဲ့ ရှုံးကြွေးကို ဆပ်နိုင်မလားဆိုတာ ကွန်းမန့်ဘောက်စ်မှာ လွတ်လပ်စာ ဝင်ရောက်ဆွေးနွေး သုံးသပ်ပေးကြပါဦးခင်ဗျာ။

Credit

>>>>><<<<<

Zawgyi








