International News

သက်တမ်းကြာမြင့်လှပြီဖြစ်တဲ့ Balete သစ်ပင်အောက်၌ တန်ဖိုးကြီးတဲ့ ခရမ်းရောင် သလင်းကျောက်ကိုတွေ့ရှိခဲ့ကြတဲ့ စုံတွဲ

သက်တမ်းကြာမြင့်လှပြီဖြစ်တဲ့ Balete သစ်ပင်အောက်၌ တန်ဖိုးကြီးတဲ့ ခရမ်းရောင် သလင်းကျောက်ကိုတွေ့ရှိခဲ့ကြတဲ့ စုံတွဲ

“ Universal stone ” လို့လူသိများတဲ့ ခရမ်းရောင် Amethyst ကျောက်ဟာစိတ်ဖိစီးမှုနှင့်စိုးရိမ်ပူပန်မှုများကိုသက်သာစေတဲ့အပြင်ခေါင်းကိုက်ခြင်းလက္ခဏာမျာ..း နှင့် ခန္ဓာကိုယ်နာကျင်ခြင်းတို့ကိုလည်း သက်သာစေတဲ့ ကျောက်တစ်မျိုးလို့ဆိုကြပါတယ်။

Jonathan G. De Gracia အမည်ရှိကျောက်မျက်ပိုင်းဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတစ်ဦးရဲ့အဆိုအရ Amethyst ကျောက်ဟာ ဘရာဇီး ၊ ဆိုက်ဘေးရီးယား၊ သီရိလင်္ကာ၊ ဥရုဂွေးနှင့် အရှေ့ဖျား နိုင်ငံအချို့မှာသာတွေ့ရတဲ့ အဆင့်မြင့်သလင်းကျောက်တစ်မျိုးဖြစ်ပါတယ်။

မြင်တွေ့ခဲ့သူ Garry Pagsuguiron အမည်ရှိ အမျိုးသားတစ်ဦးရဲ့ဇနီးဖြစ်သူပြောစကားအရ ဒီခရမ်းရောင်ကျောက်မျက်ရတနာကို သူ့ရဲ့အုပ်ထိန်းသူအဖြစ် သရုပ်ဆောင်တဲ့ဖားနှစ်ကောင်ရဲ့ဘေးအနီးအနားက သက်တမ်းကြာမြင့်လှပြီဖြစ်တဲ့ Balete သစ်ပင်အောက်မှာတွေ့ခဲ့ကြောင်း သိရပါတယ်။

၎င်းတို့စုံတွဲက အခြားကျောက်ခဲများနှင့်တွဲမည့်သလင်းကျောက်ကိုတူးဖော်ရန် အတူတကွပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး.. ၎င်းခရမ်းရောင် Amethyst ကျောက်မျက်ကိုမယူထုတ်နိုင်ခင်မှာ အများကြီးကြိုးစားခဲ့ရကြောင်းလည်း ဆိုထားခဲ့ပါတယ်။

ထို့နောက် ကျွမ်းကျင်သူ Jonathan G. De Gracia ကလည်းထိုတောက်ပတဲ့ခရမ်းရောင်ကျောက်ကိုစစ်ဆေးပြီးနောက်တန်ဖိုးမြင့်တဲ့ Amethyst ကျောက်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

သို့ပေမဲ့ အချို့သော netizen များက အထက်ပါကျောက်ရဲ့တန်ဖိုးက ယခင်ကလောက်ဈေးမမြင့်တော့ဘူးလို့တွေးထင်ခဲ့ကြပြီး Radyo Todo Aklan မှမျှဝေတဲ့ Facebook ပို့စ်မှာ ” Amethyst ကျောက်တွေက ဈေးမကြီးတော့ပါဘူး။

၎င်းရဲ့ဈေးနှုန်းက မူလနေရာနှင့် ကျောက်ရဲ့သန့်ရှင်းစင်ကြယ်မှုပေါ်သာ မူတည်တယ် ” လို့ Aseret Iguban အမည်ရှိ netizen တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “ Amethyst ကျောက်က ရှားပါးတာမဟုတ်ပါဘူး ၊

တစ်ကီလိုကို ပီဆို ၇၀၀ ခန့် ဘဲ Philiza Victoria ပန်းဥယျာဉ်မှာ အလှဆင်ခြင်း (သို့မဟုတ်) စားပွဲပေါ်မှာပြသထားတဲ့မျိုးကွဲများစွာကိုငါတွေ့ခဲ့တယ် ” လို့လည်း netizen တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

crd

>>>>><<<<<

Zawgyi










crd