ဗေဒင်

(၂)ပတ်အတွင်း ထူးထူးခြားခြားအကျိုးထူးပြီး ငွေဝင်စေတဲ့ နည်းလမ်း

(၂)ပတ်အတွင်း ထူးထူးခြားခြားအကျိုးထူးပြီး ငွေဝင်စေတဲ့ နည်းလမ်း

ထူးခြားငွေဝင်ဂမ္ဘီရအစီရင် ၂ပတ်အတွင်း အကျိုးထူးသည် အရင်နယ်လှည့်ဟောပြောစဉ်က ငွေဝင်ချင်ပါတယ်လို့ အကူအညီတောင်းခံလာတာနဲ ့ငွေဝင်စေတဲ့ယတြာအစီရင်များစွာထဲက အချိန်တိုအတွင်း ငွေဝင်စေတဲ့ အောက်ကဂမ္ဘီရငွေဝင်အစီရင်လေးနဲ့ကူညီစောင်မပေးခဲ့တာပါ

အခုလိုလူတိုင်းငွေကြေးကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရချိန်ဒီအစီရင်လေးကိုအမှတ်ရလို့အဆင်ပြေစေဖို့စေတနာနဲ့ဒါနပြုလိုက်ပါတယ်…

ဒီအစီရင်လေးက ထူးထူးခြားခြားကိုငွေဝင်စေတယ်ဗျဘယ်လိုနည်းလမ်းတွေနဲ့ဘယ်လောက်အတိုင်းအတာဝင်မယ်ဆိုတာသာ တစ်ဦးနဲ့တစ် ဦးကံဇာတာအနိမ့်အမြင့်အခြေအနေတွေမတူတဲ့အတွက်မပြောနိင်တာပါ လုပ်ကြည့်ပါ ။

ထူးခြားမှုနဲ့ပတ်သတ်ပြီးအပြည့်အဝတာဝန်ယူပါတယ်အစီရင်ပြုလုပ်နည်းလေးကရိုးရိုးရှင်းရှင်းလေးပါ..။ ငှက်ပျောရွက်ကို အနေတော်ညှပ်ယူရေဆေးသန့်စင်ပြီးအောက်မှာပုံပါအတိုင်းဆော့ပင်အပြာရောင်ဖြင့်ရေးဆွဲရပါ့မယ်ပြီးလျှင် လေးထောင့်ကွက်အလယ်မှာမတ်စေ့တင်ပြီးထိုမတ်စေ့ပေါ်ဖရောင်းတိုင်၁တိုင်စိုက်ထွန်းလှုပူဇော်ပါ

မိမိနေအိမ်ဘုရားမှာပဲထွန်းလှုပူဇော်ရပါ့မယ်နေ့ရက်အချိန်သတ်မှတ်ချက်မရှိလို့အဆင်ပြေသလိုထွန်းလှုပူဇော်နိင်ပါတယ်ထွန်းလှုပူဇော်ပြီးင်တော့ဥုံပထဗျာအာကာသေပဗ္ဗတေစေဝဥဒကေဝနေယံယံပတ္တံပဝါဒေမိသဗ္ဗလာဘသိဒ္ဓိဥပေတုံမေဂါထာကို(၂၇)ခေါက်ရွတ်ဖတ်ပူဇော်ပါ။

ငွေဝင်စေဖို့လာဘ်ရွှင်စေဖို့ဆုတောင်းဖို့လည်းမမေ့နဲ့ပေါ့ဗျာဒီအစီရင်ကိုနေ့စဉ်ပြုလုပ်ပေးပါအချိန်တို အတွင်း ထူးထူးခြားခြားငွေဝင်ပါလိမ့်မယ် ဆရာကိုမင်းနိုင်နှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာ များအား အစဉ်ရှိခိုးဦးခိုက်လျက်….

ဆရာဟိန်းB.A(P s y:)(ဗေဒင်နှင့်ဂမ္ဘီရယတြာအစီရင်ပညာ)09-259059505/09-777337919

Zawgyi







