တိုင္းရင္းသား႐ိုးရာ ေခါင္ရည္ ေဖာက္နည္း (သို႔) ေခါင္ရည္ ျပဳလုပ္နည္း
ေခါင္ရည္ျပဳလုပ္ရာတြင္ လိုအပ္ေသာပစၥည္းမ်ားကေတာ့_
၁။ ေကာက္ညႇင္းဆန္ (၁) ျပည္ ၂။ တေဆး (၂၅) က်ပ္သား ၃။ ထန္းလွ်က္ (သို႔) သၾကား (၁) ပိသာ ၄။ ေျမအိုး (၅) ဂါလံဆန္႔
၅။ ဝါးပိုက္ သင့္ေတာ္သေလာက္ (အိုးႏႈတ္ခမ္းထိေအာင္ ထည့္ရမည္ျဖစ္ေသာေၾကာင့္ အိုးႏွင့္တိုင္း၍ ျပဳလုပ္ပါ။)
ေခါင္ရည္ ျပဳလုပ္ပုံ အဆင့္ဆင့္_ ၁။ ေကာက္ညႇင္းဆန္ကို က်က္ေအာင္ခ်က္ပါ (အရည္ငဲ့ခ်က္ပါ)
၂။ က်က္ၿပီးသြားေသာ ေကာက္ညႇင္းဆန္အား ဖ်ာေပၚတြင္ျဖန္႔ၿပီး (၄) နာရီခန္႔ အေအးခံပါ။
၃။ တေဆးမ်ားကို ေထာင္းၿပီး အေအးခံထားေသာ ေကာက္ညႇင္းအေပၚ ျဖဴးပါ၊ နယ္ပါ။
၄။ ႏွယ္ၿပီးေသာ ေကာက္ညႇင္းမ်ားကို ေျမအိုးထဲသို႔ ထည့္ပါ။
၅။ ေလလုံေအာင္ ပိတ္ပါ။ (ဖက္႐ြက္၊ အင္ဖက္႐ြက္တို႔ျဖင့္ ပိတ္ပါ။ ဖက္႐ြက္ အိုးႏႈတ္ခမ္း အေပၚသို႔ တက္မလာေစရန္ႏွီး ဝါးျဖင့္ ေလးကြက္က်ား ယက္လုပ္ၿပီးျပန္ ပိတ္ရန္ လိုပါသည္။
၆။ ၂ ရက္ ေလာက္ၾကာလွ်င္ ဖုံးထားေသာ အဖုံးကိုဖြင့္ၿပီး၊ ထန္းလွ်က္ကို အလုံးလိုက္ ထည့္ပါ။ ၿပီးလွ်င္ ယခင္ ဖုံးသည့္ အတိုင္းျပန္ ဖုံးပါ။
၇။ ၄ ရက္၊ ၅ ရက္ၾကာလွ်င္ စတင္ အသုံးျပဳႏိုင္ပါၿပီ။ မွတ္ခ်က္။ ထိုသို႔ ထည့္ထားေသာ ေခါင္ရည္အား လႏွင့္ခ်ီ၍ လည္းေကာင္း၊ ႏွစ္ခ်ီ၍ လည္းေကာင္း ထားႏိုင္ပါသည္။
ထားသည့္ ႏွစ္ကာလ ၾကာေလေလ ပိုေကာင္းေလေလဟု ဆိုၾကပါသည္။ ႐ိုးရာေခါင္ရည္ _ ေခါင္ရည္သည္ အရက္ႏြယ္၀င္ တစ္မ်ိဳးၿပီးျဖစ္ၿပီး
ကေစာ္ေဖာက္ထားေသာ ႐ိုးရာတစ္မ်ိဳးလည္း ျဖစ္ပါတယ္_။ အေရာင္မွာျဖဴၿပီး_ ခပ္ေနာက္ေနာက္ ရွိကာ အရသာကေတာ့ ခ်ိဳပါတယ္။
ေခါင္ရည္ဆိုတာကေတာ့ ဘီယာလိုပဲ တစ္ခ်ိဳ႕ေဒသေတြမွာ ဓေလ့အရ ေသာက္သုံးၾကပါတယ္။
အထူးသျဖင့္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ကယားျပည္နယ္တို႔မွာ ႐ိုးရာဓေလ့ အေနနဲ႔ ေသာက္သုံးၾကပါတယ္။
ေခါင္ရည္ကို ခ်က္ၿပီးသား ေကာက္ညႇင္း ဒါမွမဟုတ္ ဆန္ကို တေဆးနဲ႔ ေရာၿပီ_း ေခါင္ရည္ တည္ယူၾကပါတယ္။
ေကာက္ညႇင္းနဲ႔ တည္ယူတဲ့ ေခါင္ရည္က ပိုၿပီး ေကာင္းတယ္လို႔ ဆိုပါတယ္။ တေဆးဆိုတာကေတာ့ ဂ်ဳံ၊ ဆန္၊ ေကာက္ညႇင္း၊ သၾကား၊ ထန္းလ်က္တို႔ကို ဓာတ္ျပဳေစတဲ့ အရာျဖစ္ပါတယ္။
မႈိတစ္မ်ိဳျဖစ္ၿပီးေတာ့ အင္ဇိုင္းလို႔ေခၚတဲ့ ပ႐ိုတင္းတစ္မ်ိဳး တေဆးမွာ ပါ၀င္ပါတယ္။ အဲ့ဒီ ပ႐ိုတင္းကေတာ့ ဓာတ္ေျပာင္းလဲမႈ ျမန္ေစဖို႔ ကူညီေပးတဲ့ အရာပါ_။
ေခါင္ရည္ တည္ရာမွာ အဓိက ပါ၀င္တာေတြကေတာ့ ေကာက္ညႇင္း (သို႔) ဆန္ ဖက္႐ြက္ သန္႔သန္႔ တည္မယ့္အိုး (သို႔) ဝါးက် တေဆးည္ေထာက္ တို႔ပဲ ျဖစ္ပါတယ္။
ေခါင္ရည္တည္ရာမွာ ပထမဦးဆုံး ေကာက္ညႇင္း သို႔မဟုတ္ ဆန္ကို ႏူးနပ္ေနေအာင္ ခ်က္ရပါတယ္။ က်က္တဲ့ အခါမွာ ေဆးထားတဲ့ ဖက္႐ြက္ အသန္႔ေတြေပၚမွာ ျဖန္႔ၿပီး အေအးခံပါ။
ေအးတဲ့ အခါ တေဆးနဲ႔ ေရာၿပီး အိုးထဲကို ထည့္ပါမယ္။ တစ္ခု သတိထားရမွာက အိုးေတြဟာ အသစ္ေတြ ျဖစ္ရပါမယ္။
အျခားအရာတစ္ခုခု ထည့္ထားတဲ့ အိုးေတြကို သုံးလို႔ မရပါဘူး။ ေခါင္ရည္တည္ၿပီးသားဆိုရင္ေတာ့ အိုးကို ထပ္ၿပီးသုံးလို႔ ရပါတယ္။
ေတာင္ေပၚေဒသေတြမွာေတာ့ အ၀က်ယ္တဲ့ ဝါးဘိုး ဝါးက်ည္ေထာက္ေတြကို အသုံးျပဳၾကပါတယ္။
ေခါင္ရည္တည္ထားတဲ့ အိုးကို အမႈိက္ေတြ မ၀င္ေစဖို႔ လုံေအာင္ ပိတ္ထားဖို႔ လိုပါတယ္။ ေခါင္ရည္အိုးကို ေနေရာင္ျခည္ထဲမွာ ထုတ္ထားပါ။
ေနေရာင္ဟာ ဓာတ္ေျပာင္းဖို႔ အတြက္ အဓိက အကူအညီ ေပးပါတယ္။ ရက္အနည္းငယ္ေလာက္ ထားၿပီးရင္ ဓာတ္ေျပာင္းလဲၿပီး ကေဇာ္ေပါက္လာပါၿပီ။
အိုးကို ဖြင့္ၾကည့္ရင္ အေပၚယံမွာ မႈိေတြကို ေတြ႕ရမွာ ျဖစ္ၿပီး ဆန္ေတြထဲကေန အရည္ေတြ စိမ့္ထြက္ေနတာ ေတြ႕ရပါလိမ့္မယ္။
ေနာက္ထပ္ ရက္အနည္းငယ္ ထပ္ၿပီး ထားလိုက္တဲ့ အခါ ဆန္ေတြ ေၾကသြားၿပီး_ အဖတ္ေတြ အနည္ထိုင္ကာ ၾကည္လင္တဲ့ အရည္ေတြကို ေတြ႕ရပါလိမ့္မယ္။ ဒါဆိုရင္ေတာ့ ခ်ိဳျမတဲ့ ေခါင္ရည္ ရပါၿပီ။
ေခါင္ရည္ကို ေတာင္ေပၚေဒသေတြမွာေတာ့ ပြဲလမ္းသဘင္ရွိတဲ့ အခါမ်ိဳးေတြမွာ ေသာက္ၾကေလ့ ရွိၿပီး အိုးထဲမွာ ရွိတဲ့ ေခါင္ရည္ကို သေဘၤာ႐ိုး ဒါမွမဟုတ္
ဝါးႁပြန္ေလးေတြနဲ႔ ဝိုင္းစုပ္ၿပီး ေသာက္ၾကပါတယ္။ ေခါင္ရည္ဟာ ၾကာၾကာထားေလ ေကာင္းေလပါပဲ_။ တစ္ခ်ိဳ႕ဆိုရင္ ၃ မွ ၆ ႏွစ္ အထိ ရွိၾကပါတယ္။
KoKoNgal PT / ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)
———————-
Zawgyi
တိုင်းရင်းသားရိုးရာ ခေါင်ရည် ဖောက်နည်း (သို့) ခေါင်ရည် ပြုလုပ်နည်း
ခေါင်ရည်ပြုလုပ်ရာတွင် လိုအပ်သောပစ္စည်းများကတော့..
၁။ ကောက်ညှင်းဆန် (၁) ပြည် ၂။ တဆေး (၂၅) ကျပ်သား ၃။ ထန်းလျှက် (သို့) သကြား (၁) ပိသာ ၄။ မြေအိုး (၅) ဂါလံဆန့်
၅။ ဝါးပိုက် သင့်တော်သလောက် (အိုးနှုတ်ခမ်းထိအောင် ထည့်ရမည်ဖြစ်သောကြောင့် အိုးနှင့်တိုင်း၍ ပြုလုပ်ပါ။)
ခေါင်ရည် ပြုလုပ်ပုံ အဆင့်ဆင့်.. ၁။ ကောက်ညှင်းဆန်ကို ကျက်အောင်ချက်ပါ (အရည်ငဲ့ချက်ပါ)
၂။ ကျက်ပြီးသွားသော ကောက်ညှင်းဆန်အား ဖျာပေါ်တွင်ဖြန့်ပြီး (၄) နာရီခန့် အအေးခံပါ_။
၃။ တဆေးများကို ထောင်းပြီး အအေးခံထားသော ကောက်ညှင်းအပေါ် ဖြူးပါ၊ နယ်ပါ။
၄။ နှယ်ပြီးသော ကောက်ညှင်းများကို မြေအိုးထဲသို့ ထည့်ပါ။
၅။ လေလုံအောင် ပိတ်ပါ။ (ဖက်ရွက်၊ အင်ဖက်ရွက်တို့ဖြင့် ပိတ်ပါ။ ဖက်ရွက် အိုးနှုတ်ခမ်း အပေါ်သို့ တက်မလာစေရန်နှီး ဝါးဖြင့် လေးကွက်ကျား ယက်လုပ်ပြီးပြန် ပိတ်ရန် လိုပါသည်။
၆။ ၂ ရက် လောက်ကြာလျှင် ဖုံးထားသော အဖုံးကိုဖွင့်ပြီး၊ ထန်းလျှက်ကို အလုံးလိုက် ထည့်ပါ။ ပြီးလျှင် ယခင် ဖုံးသည့် အတိုင်းပြန် ဖုံးပါ။
၇။ ၄ ရက်၊ ၅ ရက်ကြာလျှင် စတင် အသုံးပြုနိုင်ပါပြီ။ မှတ်ချက်_။ ထိုသို့ ထည့်ထားသော ခေါင်ရည်အား လနှင့်ချီ၍ လည်းကောင်း၊ နှစ်ချီ၍ လည်းကောင်း ထားနိုင်ပါသည်။
ထားသည့် နှစ်ကာလ ကြာလေလေ ပိုကောင်းလေလေဟု ဆိုကြပါသည်။ ရိုးရာ ခေါင်ရည် ခေါင်ရည်သည် အရက်နွယ်၀င် တစ်မျိုးပြီးဖြစ်ပြီး
ကစော်ဖောက်ထားသော ရိုးရာတစ်မျိုးလည်း ဖြစ်ပါတယ်။ အရောင်မှာဖြူပြီး ခပ်နောက်နောက် ရှိကာ အရသာကတော့ ချိုပါတယ်။
ခေါင်ရည်ဆိုတာကတော့ ဘီယာလိုပဲ တစ်ချို့ဒေသတွေမှာ ဓလေ့အရ သောက်သုံးကြပါတယ်။
အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ ရိုးရာဓလေ့ အနေနဲ့ သောက်သုံးကြပါတယ်။
ခေါင်ရည်ကို ချက်ပြီးသား ကောက်ညှင်း ဒါမှမဟုတ် ဆန်ကို တဆေးနဲ့ ရောပြီး ခေါင်ရည် တည်ယူကြပါတယ်။
ကောက်ညှင်းနဲ့ တည်ယူတဲ့ ခေါင်ရည်က ပိုပြီး ကောင်းတယ်လို့ ဆိုပါတယ်_။ တဆေးဆိုတာကတော့ ဂျုံ၊ ဆန်၊ ကောက်ညှင်း၊ သကြား၊ ထန်းလျက်တို့ကို ဓာတ်ပြုစေတဲ့ အရာဖြစ်ပါတယ်။
မှိုတစ်မျိုဖြစ်ပြီးတော့ အင်ဇိုင်းလို့ခေါ်တဲ့ ပရိုတင်းတစ်မျိုး တဆေးမှာ ပါ၀င်ပါတယ်။ အဲ့ဒီ ပရိုတင်းကတော့ ဓာတ်ပြောင်းလဲမှု မြန်စေဖို့ ကူညီပေးတဲ့ အရာပါ။
ခေါင်ရည် တည်ရာမှာ အဓိက ပါ၀င်တာတွေကတော့ ကောက်ညှင်း (သို့) ဆန် ဖက်ရွက် သန့်သန့် တည်မယ့်အိုး (သို့) ဝါးကျ တဆေးည်ထောက် တို့ပဲ ဖြစ်ပါတယ်။
ခေါင်ရည်တည်ရာမှာ ပထမဦးဆုံး ကောက်ညှင်း သို့မဟုတ် ဆန်ကို နူးနပ်နေအောင် ချက်ရပါတယ်။ ကျက်တဲ့ အခါမှာ ဆေးထားတဲ့ ဖက်ရွက် အသန့်တွေပေါ်မှာ ဖြန့်ပြီး အအေးခံပါ။
အေးတဲ့ အခါ တဆေးနဲ့ ရောပြီး အိုးထဲကို ထည့်ပါမယ်။ တစ်ခု သတိထားရမှာက အိုးတွေဟာ အသစ်တွေ ဖြစ်ရပါမယ်။
အခြားအရာတစ်ခုခု ထည့်ထားတဲ့ အိုးတွေကို သုံးလို့ မရပါဘူး။ ခေါင်ရည်တည်ပြီးသားဆိုရင်တော့ အိုးကို ထပ်ပြီးသုံးလို့ ရပါတယ်။
တောင်ပေါ်ဒေသတွေမှာတော့ အ၀ကျယ်တဲ့ ဝါးဘိုး ဝါးကျည်ထောက်တွေကို အသုံးပြုကြပါတယ်။
ခေါင်ရည်တည်ထားတဲ့ အိုးကို အမှိုက်တွေ မ၀င်စေဖို့ လုံအောင် ပိတ်ထားဖို့ လိုပါတယ်_။ ခေါင်ရည်အိုးကို နေရောင်ခြည်ထဲမှာ ထုတ်ထားပါ။
နေရောင်ဟာ ဓာတ်ပြောင်းဖို့_ အတွက် အဓိက အကူအညီ ပေးပါတယ်။ ရက်အနည်းငယ်လောက် ထားပြီးရင် ဓာတ်ပြောင်းလဲပြီး ကဇော်ပေါက်လာပါပြီ။
အိုးကို ဖွင့်ကြည့်ရင် အပေါ်ယံမှာ မှိုတွေကို တွေ့ရမှာ ဖြစ်ပြီး ဆန်တွေထဲကနေ အရည်တွေ စိမ့်ထွက်နေတာ တွေ့ရပါလိမ့်မယ်။
နောက်ထပ် ရက်အနည်းငယ် ထပ်ပြီး ထားလိုက်တဲ့ အခါ ဆန်တွေ ကြေသွားပြီး အဖတ်တွေ အနည်ထိုင်ကာ ကြည်လင်တဲ့ အရည်တွေကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ ချိုမြတဲ့ ခေါင်ရည် ရပါပြီ။
ခေါင်ရည်ကို တောင်ပေါ်ဒေသတွေမှာတော့_ပွဲလမ်းသဘင်ရှိတဲ့ အခါမျိုးတွေမှာ သောက်ကြလေ့ ရှိပြီး အိုးထဲမှာ ရှိတဲ့ ခေါင်ရည်ကို သင်္ဘောရိုး ဒါမှမဟုတ်
ဝါးပြွန်လေးတွေနဲ့ ဝိုင်းစုပ်ပြီး သောက်ကြပါတယ်။ ခေါင်ရည်ဟာ ကြာကြာထားလေ ကောင်းလေပါပဲ_။ တစ်ချို့ဆိုရင် ၃ မှ ၆ နှစ် အထိ ရှိကြပါတယ်။
KoKoNgal PT / နော်ဂဲလယ်ထူး (စာပေပရဟိတ)