အိမ်မှာ စိုက်ထားလိုက်ရုံနဲ့ ခြင်၊ ယင်၊ ပိုးဟပ် စတဲ့ အင်းဆက်တွေ လုံးဝ မလာတော့မယ့် အပင်..
မြန်မာပြည်မှာ အဖြစ်အများဆုံး ပြဿနာက ခြင်၊ ယင်၊ ပိုးဟပ်တွေ နေရာအနှံ့ သောင်းကျန်းတာကိုပါ။ ခြင်ကိုက်ခံပြီး ရောဂါရတာ၊ ယင်နားစာကြောက်ရတာ၊ ပိုးဟပ်တွေ အိမ်မှာနေရာအနှံ့ လျှောက်သွားနေတာ အကုန်လုံးက ဖြေရှင်းဖို့နည်းလမ်းရှိပါတယ်။ ဆေးတွေဖျန်းတာက လူကိုပါ ဒုက္ခရောက်စေသလို မလိုလားအပ်တဲ့ ဆိုးကျိုးတွေရစေပါတယ်။
ဒီဆေးတွေရဲ့ အဓိကက သူတို့ကြောက်တဲ့ အနံ့ကြောင့်ဖြစ်တဲ့အတွက် အနံ့ဖျန်းတုန်းခဏပဲ အကျိုးရှိပါတယ်။ ဒီလိုအနံမျိုးကို သဘာဝအတိုင်းပဲ ထုတ်လွှင့်ပြီး၊ အကျိုးကျေးဇူးတွေရစေမယ့် အပင်တစ်ပင်ကလည်း သဘာဝအတိုင်းရှိနေပါတယ်။
အဓိကကာကွယ်တာက ပင့်ကူတွေ လုံးဝမလာအောင်၊ အသီးမှာ ယင်နားတာမျိုးမဖြစ်အောင်၊ သဘာဝအတိုင်း လေကို လတ်ဆတ်အောင် ကူညီပေးပါတယ်။ သူ့ကိုတော့ ပူစီနံအပင်လေးတွေလို့ မြန်မာလိုခေါ်ပါတယ်။
ကျွန်တော်တို့ဆီမှာ ထမင်းထဲ အတို့အမြုပ်နဲ့ထည့်တောင် စားကြပေမဲ့ ခြင်၊ ယင်၊ ပိုးဟပ်တွေအတွက်တော့ သူ့အနံ့က တော်တော်လေးကို ဆိုးဝါးတဲ့ အရာပါပဲ။ တစ်ပင်ပဲ အိမ်မှာ စိုက်ထားလိုက်တာနဲ့ အနံ့ကြောင့် ပင့်ကူဟာ အိမ်မှာ လုံးဝမလာတော့သလို အသီးပေါ်ယင်နားတာတွေလည်း လုံးဝမရှိတေ့ာပါဘူး။
လူပြောများကြတဲ့ ငရုတ်ကောင်းပင်၊ နာနတ်ပင်၊ လိမ္မော်ပင်တို့ကို အိမ်မှာစိုက်တာကလည်း ထပ်တူညီတဲ့အကျိုးကို ရမှာဖြစ်ပေမဲ့ ပူစီနံအပင်လောက်တော့ နည်းလမ်းကျကျဖြစ်မှုမှာ မထိရောက်ဘူးလို့ သိရပါတယ်။
ငရုတ်ကောင်းပင်က အနံ့ကိုလည်း အင်းဆက်တွေက ကြောက်တဲ့အတွက် စိုက်လို့လည်းရပါတယ်။ လူတော်တော်များများက ဒီနည်းလမ်းကို မသိဘဲ ခြင်ဆေးထွန်းတာ၊ ဆေးဘူးဖျန်းတာတွေပဲ လုပ်နေတဲ့အတွက် ကိုယ့်ကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။
ပူစီနံကတော့ ထမင်းစားရင် အတို့အမြုပ်လေးပါ ထည့်စားလို့ရတဲ့အပြင် သွားကျန်းမာရေးကိုပါ အထောက်အကူပြုတဲ့အတွက် နည်းလမ်းတကျနဲ့ အိမ်မှာစိုက်ထားလိုက်တာက တကယ့်ကို အကျိုးပြုစရာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
ပူစီနံ စိုက်ပျိုးနည်း
ပူစီနံက အရမ်းပွားလွယ်တဲ့အတွက် ကိုယ့်အိမ်မှာ မြေကြီးကျယ်ကျယ်ဝန်းဝန်း မရှိရင် ပန်းအိုးအဝ ခပ်ကျယ်ကျယ် အိုးနဲ့ စိုက်ရင် တော်တော်လေးကို အဆင် ပြေပါတယ်။
စစချင်း ပူစီနံမျိုးကို ဘယ်လိုရှာကြမလဲ ပူစီနံ ပျိုးပင်လေးတွေ ရောင်းတာကို ဝယ်ပြီးစိုက်လို့ရသလို ဈေးထဲကနေ စားဖို့ဝယ်လာတဲ့ ပူစီနံ အရိုးခပ်ရင့်ရင့်လေးတွေကိုလဲ စိုက်လို့ရပါတယ်။ ဘယ်လိုမြေမျိုးမှာ စိုက်ကြမလဲ အရင်ဆုံး ပန်းအိုးထဲမှာ ရေစီးဆင်းလွယ်တဲ့ မြေဆွေးခပ်ပွပွကို ထည့်ပေးပါ ကျစ်နေတဲ့ မြေကြီးမျိုးကို မသုံးရပါဘူး။
ဘယ်လိုစိုက်မလဲ ပျိုးပင်ကို စိုက်မယ်ဆိုရင်တော့ ပျိုးအိုးလေးတွေထဲကနေ အပင်လေးတွေကို ထုတ်ယူပြီး တစ်ပင်နဲ့တစ်ပင် နှစ်လက်မလောက်စီ ခွာပြီး စိုက်ပေးပါ။ ပျိုးပင်လေးတွေ အားလုံးစိုက်ပြီးပြီ ဆိုတာနဲ့ မြေဆွေးကို ခပ်ဖွဖွလေး ထပ်ဖြူးပေးပြီး ရေကိုအိုးအောက်ချေအထိ စိုတယ်ဆိုရုံလေးဘဲ လောင်းပေးပါ။
ပျိုးပင်ဖြစ်တဲ့အတွက် အမြှစ်က နုပါတယ် ရေအများကြီး လောင်းတဲ့အခါ အမြှစ်တွေ ပုပ်သွားတတ်ပါတယ် ဒါကြောင့်မို့လို့ နေ့စဉ်ရေကို တစ်နေ့တစ်ခါ ပုံမှန်လောင်းပေးရင် လုံလောက်ပါတယ်။
ဈေးကဝယ်လာတဲ့ ပူစီနံ အရိုးခပ်ရင့်ရင့်လေးတွေကို စိုက်မယ်ဆိုရင်လဲ အထက်ပါနည်းအတိုင်းဘဲ မြေဆွေးထဲမှာ အခက်လေးတွေကို အရွက်ဆစ် လေးဆစ်လောက် မြုပ်အောင် မြှုပ်ပေးပြီး အပေါ်မှ မြေဆွေးအနည်းငယ် ထပ်ဖြူ းကာ ရေကိုအိုးအောက်ချေအထိ စိုတယ်ဆိုရုံလေးဘဲ လောင်းလောင်းပေးပါ။
ဘယ်လိုနေရာတွေမှာ စိုက်မလဲ ပူစီနံပင်ဟာ စိုက်လို့အရမ်းလွယ်ပါတယ် ဒါပေမဲ့ အေးတဲ့ဒေသတွေမှာဆို နေရောင် ရတဲ့နေရာမှာ စိုက်ဖို့လိုပါတယ် ပူတဲ့ ဒေသတွေမှာ ဆိုရင်တော့ အရိပ်အနည်းငယ်ရတဲ့ နေရာမှာ စိုက်သင့်ပါတယ်။ အပင်တွေ အမြှစ်တွယ်လာပြီး အရွက်နုတွေ တက်လာပြီဆိုရင်တော့ အရွက်နုတွေကို စားဖို့အတွက် ဖြတ်ဖြတ်ပေးပါ အရွက်နု ဖြတ်ချိန်ကစပြီး ရေကို ခပ်များများ လောင်းပေးဖို့ လိုလာပါပြီ။
အရွက်နုတွေကို ဖြတ်ဖြတ်ပေးလေလေ ကိုင်းတက်တွေ ပွားလာလေလေ အရွက်တွေကလဲ ပိုပြီး သန်မာလာလေလေပါဘဲ။ ပူစီနံပင်လေးတွေက ရာသီဥတု အရမ်းပူလာတဲ့ အချိန်ရယ် အရမ်းအေးလာတဲ့ အချိန်မျိုးတွေရယ်မှာ အပင်အရင်းက အရိုးရင့်တွေ ခြောက်လာတတ်သလို တစ်ချို့အပင်လေးတွေလဲ သေကုန်တတ်ပါတယ်။
အဲဒီလို ဖြစ်လာပြီဆိုရင် အကိုင်းခြောက်တွေရယ် အပင်သေလေးတွေရယ်ကို သတိထားပြီး ကပ်ကြေးနဲ့ ညှပ်ညှပ်ပေးပြီး ဖယ်ပေးရပါတယ်။ပူစီနံဆိုတဲ့ အပင်မျိုးဟာ တစ်ခါစိုက်ပြီးရင် အမြဲတမ်း ပွားနေတဲ့ အမျိုးဖြစ်လို့ အရိုးခြောက်တွေနဲ့ အပင်သေတွေကို ဖယ်ပြီးတာနဲ့ ကျန်နေတဲ့ အပင်လေးတွေကို တနှစ်တစ်ခါလောက် ငုံးချေး ကြက်ချေးနဲ့ နွားချေးလိုမျိုး မြေသြဇာ အခြောက်တွေကို တစ်ခါလောက် ကျွေးပေးရပါမယ်။
သဘာဝ မြေသြဇာ အခြောက်တွေကို ကျွေးပြီးတာနဲ့ ရေကိုနေ့စဉ် နိူင်နိူင်လောင်းပေးပါ အပင်ရင့်လာပြီဖြစ်လို့ ရေအရမ်းကြိုက်ပါတယ်။ တစ်ခါစိုက်ပြီးရင် မိမိပြုစုရင် ပြုစုသလို ရှင်သန်ကြီးထွားကာ အပင်ပွားနူံးကောင်းပြီး အရမ်းကို သန်လွန်းတဲ့ ပူစီနံပင်တွေကို ပိုက်ဆိုင်နိူင်ကြပါစေရှင်။Credit
zawgyi
အိမ္မွာ စိုက္ထားလိုက္႐ုံနဲ႔ ျခင္၊ ယင္၊ ပိုးဟပ္ စတဲ့ အင္းဆက္ေတြ လုံးဝ မလာေတာ့မယ့္ အပင္..
ျမန္မာျပည္မွာ အျဖစ္အမ်ားဆုံး ျပႆနာက ျခင္၊ ယင္၊ ပိုးဟပ္ေတြ ေနရာအႏွံ့ ေသာင္းက်န္းတာကိုပါ။ ျခင္ကိုက္ခံၿပီး ေရာဂါရတာ၊ ယင္နားစာေၾကာက္ရတာ၊ ပိုးဟပ္ေတြ အိမ္မွာေနရာအႏွံ့ ေလၽွာက္သြားေနတာ အကုန္လုံးက ေျဖရွင္းဖို႔နည္းလမ္းရွိပါတယ္။ ေဆးေတြဖ်န္းတာက လူကိုပါ ဒုကၡေရာက္ေစသလို မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြရေစပါတယ္။
ဒီေဆးေတြရဲ့ အဓိကက သူတို႔ေၾကာက္တဲ့ အနံ့ေၾကာင့္ျဖစ္တဲ့အတြက္ အနံ့ဖ်န္းတုန္းခဏပဲ အက်ိဳးရွိပါတယ္။ ဒီလိုအနံမ်ိဳးကို သဘာဝအတိုင္းပဲ ထုတ္လႊင့္ၿပီး၊ အက်ိဳးေက်းဇူးေတြရေစမယ့္ အပင္တစ္ပင္ကလည္း သဘာဝအတိုင္းရွိေနပါတယ္။
အဓိကကာကြယ္တာက ပင့္ကူေတြ လုံးဝမလာေအာင္၊ အသီးမွာ ယင္နားတာမ်ိဳးမျဖစ္ေအာင္၊ သဘာဝအတိုင္း ေလကို လတ္ဆတ္ေအာင္ ကူညီေပးပါတယ္။ သူ႔ကိုေတာ့ ပူစီနံအပင္ေလးေတြလို႔ ျမန္မာလိုေခၚပါတယ္။
ကၽြန္ေတာ္တို႔ဆီမွာ ထမင္းထဲ အတို႔အျမဳပ္နဲ႔ထည့္ေတာင္ စားၾကေပမဲ့ ျခင္၊ ယင္၊ ပိုးဟပ္ေတြအတြက္ေတာ့ သူ႔အနံ့က ေတာ္ေတာ္ေလးကို ဆိုးဝါးတဲ့ အရာပါပဲ။ တစ္ပင္ပဲ အိမ္မွာ စိုက္ထားလိုက္တာနဲ႔ အနံ့ေၾကာင့္ ပင့္ကူဟာ အိမ္မွာ လုံးဝမလာေတာ့သလို အသီးေပၚယင္နားတာေတြလည္း လုံးဝမရွိေတ့ာပါဘူး။
လူေျပာမ်ားၾကတဲ့ င႐ုတ္ေကာင္းပင္၊ နာနတ္ပင္၊ လိေမၼာ္ပင္တို႔ကို အိမ္မွာစိုက္တာကလည္း ထပ္တူညီတဲ့အက်ိဳးကို ရမွာျဖစ္ေပမဲ့ ပူစီနံအပင္ေလာက္ေတာ့ နည္းလမ္းက်က်ျဖစ္မႈမွာ မထိေရာက္ဘူးလို႔ သိရပါတယ္။
င႐ုတ္ေကာင္းပင္က အနံ့ကိုလည္း အင္းဆက္ေတြက ေၾကာက္တဲ့အတြက္ စိုက္လို႔လည္းရပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ဒီနည္းလမ္းကို မသိဘဲ ျခင္ေဆးထြန္းတာ၊ ေဆးဘူးဖ်န္းတာေတြပဲ လုပ္ေနတဲ့အတြက္ ကိုယ့္ကိုပါ ဆိုးက်ိဳးျဖစ္ေစပါတယ္။
ပူစီနံကေတာ့ ထမင္းစားရင္ အတို႔အျမဳပ္ေလးပါ ထည့္စားလို႔ရတဲ့အျပင္ သြားက်န္းမာေရးကိုပါ အေထာက္အကူျပဳတဲ့အတြက္ နည္းလမ္းတက်နဲ႔ အိမ္မွာစိုက္ထားလိုက္တာက တကယ့္ကို အက်ိဳးျပဳစရာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
ပူစီနံ စိုက္ပ်ိဳးနည္း
ပူစီနံက အရမ္းပြားလြယ္တဲ့အတြက္ ကိုယ့္အိမ္မွာ ေျမႀကီးက်ယ္က်ယ္ဝန္းဝန္း မရွိရင္ ပန္းအိုးအဝ ခပ္က်ယ္က်ယ္ အိုးနဲ႔ စိုက္ရင္ ေတာ္ေတာ္ေလးကို အဆင္ ေျပပါတယ္။
စစခ်င္း ပူစီနံမ်ိဳးကို ဘယ္လိုရွာၾကမလဲ ပူစီနံ ပ်ိဳးပင္ေလးေတြ ေရာင္းတာကို ဝယ္ၿပီးစိုက္လို႔ရသလို ေဈးထဲကေန စားဖို႔ဝယ္လာတဲ့ ပူစီနံ အရိုးခပ္ရင့္ရင့္ေလးေတြကိုလဲ စိုက္လို႔ရပါတယ္။ ဘယ္လိုေျမမ်ိဳးမွာ စိုက္ၾကမလဲ အရင္ဆုံး ပန္းအိုးထဲမွာ ေရစီးဆင္းလြယ္တဲ့ ေျမေဆြးခပ္ပြပြကို ထည့္ေပးပါ က်စ္ေနတဲ့ ေျမႀကီးမ်ိဳးကို မသုံးရပါဘူး။
ဘယ္လိုစိုက္မလဲ ပ်ိဳးပင္ကို စိုက္မယ္ဆိုရင္ေတာ့ ပ်ိဳးအိုးေလးေတြထဲကေန အပင္ေလးေတြကို ထုတ္ယူၿပီး တစ္ပင္နဲ႔တစ္ပင္ ႏွစ္လက္မေလာက္စီ ခြာၿပီး စိုက္ေပးပါ။ ပ်ိဳးပင္ေလးေတြ အားလုံးစိုက္ၿပီးၿပီ ဆိုတာနဲ႔ ေျမေဆြးကို ခပ္ဖြဖြေလး ထပ္ျဖဴးေပးၿပီး ေရကိုအိုးေအာက္ေခ်အထိ စိုတယ္ဆို႐ုံေလးဘဲ ေလာင္းေပးပါ။
ပ်ိဳးပင္ျဖစ္တဲ့အတြက္ အျမႇစ္က ႏုပါတယ္ ေရအမ်ားႀကီး ေလာင္းတဲ့အခါ အျမႇစ္ေတြ ပုပ္သြားတတ္ပါတယ္ ဒါေၾကာင့္မို႔လို႔ ေန႔စဥ္ေရကို တစ္ေန႔တစ္ခါ ပုံမွန္ေလာင္းေပးရင္ လုံေလာက္ပါတယ္။
ေဈးကဝယ္လာတဲ့ ပူစီနံ အရိုးခပ္ရင့္ရင့္ေလးေတြကို စိုက္မယ္ဆိုရင္လဲ အထက္ပါနည္းအတိုင္းဘဲ ေျမေဆြးထဲမွာ အခက္ေလးေတြကို အရြက္ဆစ္ ေလးဆစ္ေလာက္ ျမဳပ္ေအာင္ ျမႇုပ္ေပးၿပီး အေပၚမွ ေျမေဆြးအနည္းငယ္ ထပ္ျဖဴ းကာ ေရကိုအိုးေအာက္ေခ်အထိ စိုတယ္ဆို႐ုံေလးဘဲ ေလာင္းေလာင္းေပးပါ။
ဘယ္လိုေနရာေတြမွာ စိုက္မလဲ ပူစီနံပင္ဟာ စိုက္လို႔အရမ္းလြယ္ပါတယ္ ဒါေပမဲ့ ေအးတဲ့ေဒသေတြမွာဆို ေနေရာင္ ရတဲ့ေနရာမွာ စိုက္ဖို႔လိုပါတယ္ ပူတဲ့ ေဒသေတြမွာ ဆိုရင္ေတာ့ အရိပ္အနည္းငယ္ရတဲ့ ေနရာမွာ စိုက္သင့္ပါတယ္။ အပင္ေတြ အျမႇစ္တြယ္လာၿပီး အရြက္ႏုေတြ တက္လာၿပီဆိုရင္ေတာ့ အရြက္ႏုေတြကို စားဖို႔အတြက္ ျဖတ္ျဖတ္ေပးပါ အရြက္ႏု ျဖတ္ခ်ိန္ကစၿပီး ေရကို ခပ္မ်ားမ်ား ေလာင္းေပးဖို႔ လိုလာပါၿပီ။
အရြက္ႏုေတြကို ျဖတ္ျဖတ္ေပးေလေလ ကိုင္းတက္ေတြ ပြားလာေလေလ အရြက္ေတြကလဲ ပိုၿပီး သန္မာလာေလေလပါဘဲ။ ပူစီနံပင္ေလးေတြက ရာသီဥတု အရမ္းပူလာတဲ့ အခ်ိန္ရယ္ အရမ္းေအးလာတဲ့ အခ်ိန္မ်ိဳးေတြရယ္မွာ အပင္အရင္းက အရိုးရင့္ေတြ ေျခာက္လာတတ္သလို တစ္ခ်ိဳ႕အပင္ေလးေတြလဲ ေသကုန္တတ္ပါတယ္။
အဲဒီလို ျဖစ္လာၿပီဆိုရင္ အကိုင္းေျခာက္ေတြရယ္ အပင္ေသေလးေတြရယ္ကို သတိထားၿပီး ကပ္ေၾကးနဲ႔ ညႇပ္ညႇပ္ေပးၿပီး ဖယ္ေပးရပါတယ္။ပူစီနံဆိုတဲ့ အပင္မ်ိဳးဟာ တစ္ခါစိုက္ၿပီးရင္ အျမဲတမ္း ပြားေနတဲ့ အမ်ိဳးျဖစ္လို႔ အရိုးေျခာက္ေတြနဲ႔ အပင္ေသေတြကို ဖယ္ၿပီးတာနဲ႔ က်န္ေနတဲ့ အပင္ေလးေတြကို တႏွစ္တစ္ခါေလာက္ ငုံးေခ်း ၾကက္ေခ်းနဲ႔ ႏြားေခ်းလိုမ်ိဳး ေျမၾသဇာ အေျခာက္ေတြကို တစ္ခါေလာက္ ေကၽြးေပးရပါမယ္။
သဘာဝ ေျမၾသဇာ အေျခာက္ေတြကို ေကၽြးၿပီးတာနဲ႔ ေရကိုေန႔စဥ္ နိူင္နိူင္ေလာင္းေပးပါ အပင္ရင့္လာၿပီျဖစ္လို႔ ေရအရမ္းႀကိဳက္ပါတယ္။ တစ္ခါစိုက္ၿပီးရင္ မိမိျပဳစုရင္ ျပဳစုသလို ရွင္သန္ႀကီးထြားကာ အပင္ပြားႏူံးေကာင္းၿပီး အရမ္းကို သန္လြန္းတဲ့ ပူစီနံပင္ေတြကို ပိုက္ဆိုင္နိူင္ၾကပါေစရွင္။Credit